နိုင်ငံတကာကသူတို့ရဲ့လက်နက်တွေမဝယ်ယူရဲအောင်အမေရီကန်ဘက်ကဖိအားပေးမှုတွေလုပ်နေတယ်လို့ရုရှားပြော

Militarily News

အမေရီကန်ပြည်ထောင်စုရဲ့ ဖိအားပေးမှုများ တိုးမြှင့်လာနေသည့်တိုင်အောင် ရုရှားနဲ့အိန္ဒိယနိုင်ငံကြားက စစ်ရေးပူးပေါင်းဆောင်ရွတ်မှုမှာ ပိုမိုအားကောင်းလာနေတယ်လို့ ရုရှားသံအမတ်နီကိုလိုင်ကူဒက်ရှ်က ပြောဆိုလိုက်ပါတယ်။

အဆိုပါမှတ်ချက်ဟာ ရုရှားဆီကနေ ဒေါ်လာ၂.၅ဘီလီယံတန်ဘိုးရှိ အက်စ်၄၀၀လေကြောင်းရန် ကာကွယ်ရေးလက်နက်များကို ဝယ်ယူခဲ့ခြင်းကြောင့် တူရကီအပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ပြီးနောက်ပိုင်း ထွတ်ပေါ်လာခဲ့ခြင်းလည်းဖြစ်ပါတယ်။ အမေရီကန်ဟာ သမ္မတထရန့်လက်ထက်မှာ ကျင့်သုံးခဲ့တဲ့ CAATSAဥပဒေကိုလက်ကိုင်ကျင့်သုံးပြီး အိန္ဒိယအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဆောင်လာနိုင်တယ်လို့ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ ၂၀၁၈ခုနှစ်က ရုရှားသမ္မတပူတင် ရဲ့ အိန္ဒိယကို လာရောက်ခဲ့တဲ့ခရီးစဉ်အတွင်းမှာ ဒေါ်လာ၅.၄ဘီလီယံတန်ဘိုးရှိ အက်စ်၄၀၀တွေ ဝယ်ယူဘို့အတွက် သဘောတူညီထားတာဖြစ်ပါတယ်။ အမေရီကန်ဘက်က ပိတ်ဆို့ကန့်သတ်မှုတွေလုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး ရုရှားဘက်က သဘောထားကို ပြောကြားရာမှာတော့ ရုရှားအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သဘောတူညီမှုနဲ့ လုပ်ဆောင်တာမျိုးမဟုတ်တဲ့ ဘယ်လိုပိတ်ဆို့မှုကိုမဆို အသိအမှတ်မပြုဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

ဆက်လက်ပြီး ရုရှားသံအမတ်ကြီးက ရုရှားဆီက လက်နက်ဝယ်ယူတဲ့နိုင်ငံတွေကို အမေရီကန်က CAATSAဥပဒေ ကျင့်သုံးပြီး ပိတ်ဆို့ကန့်သတ်မှုတွေ လုပ်ဆောင်နေတာဟာ နိုင်ငံတကာလက်နက်ဈေးကွပ်ရဲ့ ဟန်ချက်ညီမှုကို ခြိမ်းခြောက်တာဖြစ်တယ်လို့ တရားမျှတမှုကို ထိခိုက်စေတယ်လို့ အတည်ပြြပြောဆိုပါတယ်။ ရုရှားဘက်ကတော့ အိန္ဒိယက ဝယ်ယူထားတဲ့ အက်စ်၄၀၀ယူနစ်တွေကို ၂၀၂၁မှာ အပြီးသတ်ပို့ဆောင်မှာ ဖြစ်တယ်လို့ The Defensterရဲ့ သတင်းရေးသားချက်တွေအရ သိရှိရပါတယ်။

  • Credit – မောင်ဉာဏ်မင်း (ဆားလင်းကြီး)
  • Credit – စစ်သမိုင်းများနှင့် စစ်လက်နက်များ

Leave a Reply