TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■နာမ်မည်ကြီးfrozenကားထဲမှအမှားအချို့

ပရိတ်ကြီးရောဂစ်တာတီးဖူးပါလား။တကယ်လို့မတီးဖူးရင်တော့နည်းနည်းလောက်ရှင်းပြချင်ပါတယ်။ဒီဟာလေးတွေကိုကြိုးညှိတဲ့ငုတ်လေးတွေလို့ခေါ်ပါတယ်။ဒီငူတ်လေးတွေကိုလှည့်ပြီးကြိုးအလျော့အတင်းပြုလုပ်ရတာပါ။ဒီနည်းနဲ့ပဲဂစ်တာတီးတဲ့သူတဲ့ကကြိုးညှိပြီးသံစဉ်တွေအမျိုးမျိုးတီးသွားတာပါ။ဒီတော့ဒီကြိုးညှိငုတ်အရေအတွက်နဲ့ကြိုးအရေအတွက်ကသက်ဆိုင်နေပါတယ်။ဂစ်တာမှာကြိုး၆ချောင်းရှိပြီးဂစ်တာနဲ့တူတဲ့ukulele(ယူခလေလေး)တူရိယာမှာတော့ကြိုးလေးချောင်းပါပါတယ်။ဖရိုဇန်ရဲ့ဒီဇာတ်ဝင်ခန်းကိုဆွဲတဲ့သူတွေကဘယ်တူရိယာကိုဆွဲချင်ခဲ့လဲတော့မသိပါဘူး။ဒါပေမယ့်တလွဲတွေတော့ဖြစ်သွားခဲ့ပါတယ်။သူတို့ကခရစ်စတိုကိုတူရိယာတစ်ခုတီးနေတဲ့ပုံစံပုံဖော်ထားပေမယ့်မပီပြင်ခဲ့ပါဘူး။အဲ့ဒီတူရိယာမှာကြိုးညှိငုတ်နဲ့ကြိုးတွေကိုတော့ချိတ်ထားသင့်ပါတယ်။ဒါပေမယ့်ငုတ်ကသုံးခုပဲပါပြီးကြိုးကလေးချောင်းဖြစ်နေတာပါ။ဒါပေမယ့်အဲ့ဒါဟာစတူဒီယိုထဲမှာအသံသွင်းထားတဲ့အတိုင်းပဲဂစ်တာသံတော့ထွက်ခဲ့ပါတယ်။

ဒီနာမည်ကြီးဖရိုဇန်ကားထဲမှာနောက်ထပ်အမှားတွေလည်းရှိနေပါတယ်။မျက်စိတစ်မှိတ်အတွင်းမှာအန်နာရဲ့အဝတ်အစားကပြောင်းသွားတာပါ။အန်နာကနှင်းလျှောကနေလျှောကျလာတော့သူ့ခေါင်းပေါ်မှာဦးထုပ်မပါပါဘူး။ဒါပေမယ့်ခဏနေတော့အန်နာကပန်းရောင်ဥ္းထုပ်လေးဆောင်းထားတာပါ။သူမပြုတ်ကျလာတုန်းကဒီဦးထုပ်ကကျွတ်ကျနေခဲ့တာလို့ယူဆရင်တောင်ပြန်သွားကောက်ဖို့အချိန်မရသေးပါဘူး။

နောက်တစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့ခရစ်စတိုကအန်နာကိုကျောက်ဆောင်ကြီးပေါ်ကနေအောက်ကိုခေါ်သွားဖို့အတွက်သူမရဲ့ခါးမှာကြိုးနဲ့ချည်ပေးထားတာပါ။နောက်တော့အယ်ဆာလွှတ်လိုက်တဲ့ရေခဲဘီလူးကြီးကသူတို့နှစ်ယောက်ကိုလာတားနေတာကြောင့်အန်နာကသူမရဲ့အိတ်ဆောင်ဓားနဲ့ကြိုးကိုဖြတ်ချလိုက်ပြီးချောက်ကမ်းပါးအခြေကနှင်းပုံထဲကိုကျသွားကြတာပါ။ပြီးတော့ဘာဆက်ဖြစ်တယ်ထင်ပါလဲ။ဟုတ်ပါတယ်။အန်နာကနှင်းတောထဲကနေပြန်ထလာတော့သူမခါးမှာကြိုးမရှိတော့ပါဘူး။

ဖရိုဇန်ကားထဲမှာပဲနောက်ထပ်အမှားတစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့သိပ်မသိသာပေမယ့်အရေးကြီးပါတယ်။အယ်ဆာကထောင်ထဲနေထွက်ပြေးပြီးနှင်းမုန်တိုင်းထဲကိုထွက်ပြေးသွားတဲ့အခန်းကိုမှတ်မိကြမှာပါ။အဲ့ဒီမှာဟန်းစ်နဲ့တွေ့ပြီးသူမညီမသေပြီဖြစ်ကြောင်း၊ဒီလိုထွက်ပြေးလာတာအချီးနှီးသာဖြစ်ကြောင်းပြောနေခဲ့တာပါ။အယ်ဆာငိုနေတုန်းမှာလူလိမ်မင်းသားကဓာရှည်တစ်ချောင်းကိုထုတ်ပြီးအယ်ဆာရဲ့နားကိုချဉ်းကပ်သွားတာပါ။ဒီမှာခဏကြည့်လိုက်ပါ။မင်းသားကဒီဓားရှည်ကိုဘယ်ကရလာတာလဲ။ဒီလက်နက်ကတော်တော်ကြီးတဲ့အပြင်ဓားအိမ်နဲ့အတူဆောင်ရတဲ့ဓားမျိုးပါ။ဒါပေမယ့်အစပိုင်းမှာဟန်းစ်ကသူနဲ့အတူဘာမှမသယ်လာပါဘူး။
Ref:youtube
Trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■နာမ္မည္ႀကီးfrozenကားထဲမွအမွားအခ်ိဳ႕
ပရိတ္ႀကီးေရာဂစ္တာတီးဖူးပါလား။တကယ္လို႔မတီးဖူးရင္ေတာ့နည္းနည္းေလာက္ရွင္းျပခ်င္ပါတယ္။ဒီဟာေလးေတြကိုႀကိဳးညႇိတဲ့ငုတ္ေလးေတြလို႔ေခၚပါတယ္။ဒီငူတ္ေလးေတြကိုလွည့္ၿပီးႀကိဳးအေလ်ာ့အတင္းျပဳလုပ္ရတာပါ။ဒီနည္းနဲ႔ပဲဂစ္တာတီးတဲ့သူတဲ့ကႀကိဳးညႇိၿပီးသံစဥ္ေတြအမ်ိဳးမ်ိဳးတီးသြားတာပါ။ဒီေတာ့ဒီႀကိဳးညႇိငုတ္အေရအတြက္နဲ႔ႀကိဳးအေရအတြက္ကသက္ဆိုင္ေနပါတယ္။ဂစ္တာမွာႀကိဳး၆ေခ်ာင္းရွိၿပီးဂစ္တာနဲ႔တူတဲ့ukulele(ယူခေလေလး)တူရိယာမွာေတာ့ႀကိဳးေလးေခ်ာင္းပါပါတယ္။ဖရိုဇန္ရဲ့ဒီဇာတ္ဝင္ခန္းကိုဆြဲတဲ့သူေတြကဘယ္တူရိယာကိုဆြဲခ်င္ခဲ့လဲေတာ့မသိပါဘူး။ဒါေပမယ့္တလြဲေတြေတာ့ျဖစ္သြားခဲ့ပါတယ္။သူတို႔ကခရစ္စတိုကိုတူရိယာတစ္ခုတီးေနတဲ့ပုံစံပုံေဖာ္ထားေပမယ့္မပီျပင္ခဲ့ပါဘူး။အဲ့ဒီတူရိယာမွာႀကိဳးညႇိငုတ္နဲ႔ႀကိဳးေတြကိုေတာ့ခ်ိတ္ထားသင့္ပါတယ္။ဒါေပမယ့္ငုတ္ကသုံးခုပဲပါၿပီးႀကိဳးကေလးေခ်ာင္းျဖစ္ေနတာပါ။ဒါေပမယ့္အဲ့ဒါဟာစတူဒီယိုထဲမွာအသံသြင္းထားတဲ့အတိုင္းပဲဂစ္တာသံေတာ့ထြက္ခဲ့ပါတယ္။
ဒီနာမည္ႀကီးဖရိုဇန္ကားထဲမွာေနာက္ထပ္အမွားေတြလည္းရွိေနပါတယ္။မ်က္စိတစ္မွိတ္အတြင္းမွာအန္နာရဲ့အဝတ္အစားကေျပာင္းသြားတာပါ။အန္နာကႏွင္းေလၽွာကေနေလၽွာက်လာေတာ့သူ႔ေခါင္းေပၚမွာဦးထုပ္မပါပါဘူး။ဒါေပမယ့္ခဏေနေတာ့အန္နာကပန္းေရာင္ၪ္းထုပ္ေလးေဆာင္းထားတာပါ။သူမျပဳတ္က်လာတုန္းကဒီဦးထုပ္ကကၽြတ္က်ေနခဲ့တာလို႔ယူဆရင္ေတာင္ျပန္သြားေကာက္ဖို႔အခ်ိန္မရေသးပါဘူး။
ေနာက္တစ္ခုရွိပါေသးတယ္။အဲ့ဒါကေတာ့ခရစ္စတိုကအန္နာကိုေက်ာက္ေဆာင္ႀကီးေပၚကေနေအာက္ကိုေခၚသြားဖို႔အတြက္သူမရဲ့ခါးမွာႀကိဳးနဲ႔ခ်ည္ေပးထားတာပါ။ေနာက္ေတာ့အယ္ဆာလႊတ္လိုက္တဲ့ေရခဲဘီလူးႀကီးကသူတို႔ႏွစ္ေယာက္ကိုလာတားေနတာေၾကာင့္အန္နာကသူမရဲ့အိတ္ေဆာင္ဓားနဲ႔ႀကိဳးကိုျဖတ္ခ်လိုက္ၿပီးေခ်ာက္ကမ္းပါးအေျခကႏွင္းပုံထဲကိုက်သြားၾကတာပါ။ၿပီးေတာ့ဘာဆက္ျဖစ္တယ္ထင္ပါလဲ။ဟုတ္ပါတယ္။အန္နာကႏွင္းေတာထဲကေနျပန္ထလာေတာ့သူမခါးမွာႀကိဳးမရွိေတာ့ပါဘူး။
ဖရိုဇန္ကားထဲမွာပဲေနာက္ထပ္အမွားတစ္ခုရွိပါေသးတယ္။အဲ့ဒါကေတာ့သိပ္မသိသာေပမယ့္အေရးႀကီးပါတယ္။အယ္ဆာကေထာင္ထဲေနထြက္ေျပးၿပီးႏွင္းမုန္တိုင္းထဲကိုထြက္ေျပးသြားတဲ့အခန္းကိုမွတ္မိၾကမွာပါ။အဲ့ဒီမွာဟန္းစ္နဲ႔ေတြ႕ၿပီးသူမညီမေသၿပီျဖစ္ေၾကာင္း၊ဒီလိုထြက္ေျပးလာတာအခ်ီးႏွီးသာျဖစ္ေၾကာင္းေျပာေနခဲ့တာပါ။အယ္ဆာငိုေနတုန္းမွာလူလိမ္မင္းသားကဓာရွည္တစ္ေခ်ာင္းကိုထုတ္ၿပီးအယ္ဆာရဲ့နားကိုခ်ဥ္းကပ္သြားတာပါ။ဒီမွာခဏၾကည့္လိုက္ပါ။မင္းသားကဒီဓားရွည္ကိုဘယ္ကရလာတာလဲ။ဒီလက္နက္ကေတာ္ေတာ္ႀကီးတဲ့အျပင္ဓားအိမ္နဲ႔အတူေဆာင္ရတဲ့ဓားမ်ိဳးပါ။ဒါေပမယ့္အစပိုင္းမွာဟန္းစ္ကသူနဲ႔အတူဘာမွမသယ္လာပါဘူး။
Ref:youtube
Trans:thegeektext