■နာမ်မည်ကြီးရုပ်ရှင်တွေ၊ဝတ္ထုတွေထဲမှာတောင်ပါဝင်ခဲ့တဲ့ ရော်အေးမားတောင်

Article Knowledge Travel World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■နာမ်မည်ကြီးရုပ်ရှင်တွေ၊ဝတ္ထုတွေထဲမှာတောင်ပါဝင်ခဲ့တဲ့ ရော်အေးမားတောင်

ပရိတ်သတ်ကြီးက ဒီနေရာအကြောင်းကို တိုတိုနဲ့ လိုရင်းပြောပြပါဆိုရင်တော့ Journey to the Mysterious Island ဇာတ်ကားထဲကလို သီးသန့်ကမ္ဘာ တစ်ခုလို့ပဲပြောရမှာပါ။ သူ့မှာ အဲ့လိုခေါ်ရလောက်အောင်ပဲ ထူးထူးဆနိးဆန်းဖြစ်တည်နေလို့ပါ။

ထုထည်ကြီးမားလွန်းတဲ့ အပြားပုံ သဏ္ဌာန်တောင်ကြီးရဲ့ဘေးမှာထူးခြားတဲ့ အပင်နဲ့သတ္တဝါမျိုးစိတ်တွေပါဝင်တဲ့ ဂေဟစနစ်ကြီးလည်းရှိတဲ့အပြင် ကမ္ဘာအမြင့်ဆုံးရေတံခွန်ထဲတစ်ခုအပါအဝင်ဖြစ်နေပါသေးတယ်။

ဒါ့အပြင်ဒီ တောင်ကြီးတည်ရှိနေတာဟာ နှစ်ပေါင်း ၂ ဘီလီယံလောက်တောင်ချီနေပါပြီ။ လှပလွန်းတဲ့ ရော်အေးမားတောင် ရဲ့အလှဟာ ရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာတောင် ပါဝင်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ်ကထွက်ခဲ့တဲ့ up ဆိုတဲ့ ဇာတ်လမ်းနဲ့ ၁၉၁၂ ခုနှစ်က ခေါ်နန်ဒေါစ်ရဲ့ ဝတ္ထုဖြစ်တဲ့ the lost world တို့ဟာ ဒီနေရာအကြောင်းပါဝင်ပြိး နာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းတွေပါ။

သတ္တိရှိ စွန့်စားလိုသူတွေ အတွက်တော့ ထူးထူးဆန်းဆန်းနဲ့ သွားချင်စရာနေရာလေးတစ်ခုပါ။ ပရိတ်သတ်ကြီးရော ဒီနေရာလေးကို အလည်တစ်ခေါက်လောက်ရောက်အောင် သွားရဲကြလားရှင့်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext