နာမည်ကျော် ကမ္ဘာ့ သမိုင်းဝင် ရှေးဟောင်းဓားများ

နာမည်ကျော် ကမ္ဘာ့ သမိုင်းဝင် ရှေးဟောင်းဓားများ


ကမ္ဘာ့နာမည်ကျော် သမိုင်းဝင်ရှေးဟောင်းဓားများ

Tomoyuki Yamashita ဆိုတာ ဂျပန်က ဗိုလ်ကြီးဖြစ်ပြီး ဒုတိယ ကမ္ဘာစ.စ်မှာ တိုက်ရည်ခိုက်ရည် ရဲစွမ်းသတ္တိကြောင့် နာမည်ကြီးသူ ဖြစ်ပါတယ်။

သူဟာ မလေးနဲ့ စင်္ကာပူက ဗြိတိသျှ ကိုလိုနီတွေကို ပတ်ပြီး တိုက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဓားရှည်ကတော့ နာမည်ကြီးပြီး လူစားတဲ့ ဓား ဖြစ်ပါတယ်။

San Martin ဟာ တောင်အမေရိကား စ.စ်ဗိုလ်ချုပ်ကြီးဖြစ်ပြီး ကာကွယ်ရေးမှာ အဆင့်တစ်ရထားတဲ့ တပ်ကို ဦးဆောင်သူ ဖြစ်ပါတယ်။

သူဟာ 1778 ခုနှစ်ကနေ 1850 ခုနှစ်အထိ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ သူသုံးခဲ့တဲ့ ဓားရှည်ကို ပြတိုက်မှာ ပြသထားတာ ဖြစ်ပါတယ်။

ဒါကတော့ ဓားရော ဟုတ်ရဲ့လားလို့ မေးစရာရှိပါတယ်။ တကယ် ဓားစစ်စစ် ဖြစ်ပြီးတော့ 4 ရာစု​လောက်က ကိုရီးယား သုံးပိုင်း ကွဲချိန်မှာ Goguryeo ဘုရင် ကိုင်ခဲ့တဲ့ဓား ဖြစ်ပါတယ်။

အဲ့အချိန်က ကိုလိုနီ လာလုပ်တဲ့ တရု.တ်တွေကို တိုက်ခိုက်ခဲ့တဲ့ ဘုရင် ဖြစ်ပါတယ်။

William Wallac က စကော့တလန်က တော်လှန်ရေး ခေါင်းဆောင်ကြီး ဖြစ်ပြီးတော့ သူဟာ 14 ရာစုက အင်္ဂလိပ်ကို တိုက်ခိုက် မောင်းထုတ်ပြီး စကော့ကို လွတ်လပ်ရေး ယူပေးခဲ့သူ ဖြစ်ပါတယ်။

သူရဲ့ ဓားက နှစ်ဖက်သွား ဖြစ်ပြီးတော့ ရှည်လျားလှပတာ ဖြစ်ပါတယ်။ 6 ပေါင် လေးပြီး 4 ပေနဲ့ 4 လက်မ ရှိတယ် ဆိုထဲက သူ့ရဲ့ အရပ်အမောင်းနဲ့ ခွန်အားကို တွက်ဆကြည့်နိုင်ပါတယ်။

Tizona ဓားကတော့ တကယ့်ကို လှပတဲ့ ဓားဖြစ်ပြီးတော့ 1040 ခုနှစ်က ဖြစ်ပါတယ်။

ပင်နီဆူလာတိုက်ပွဲမှာ Alfonso VI သုံးခဲ့တဲ့ ဓားဖြစ်ပြီးတော့ ရန်သူတပ်ကို ခေါင်းဖြ.တ်တဲ့ဓား ဖြစ်ပါတယ်။

1799 ခုနှစ်က စစ်ဗိုလ်ချုပ်ကြီး နပိုလီယံ ကိုင်ခဲ့တဲ့ ဂုဏ်ထူးဆောင်ဓား ဖြစ်ပြီးတော့ တကယ့်ကို လှပခန့်ညားတဲ့ ဓား ဖြစ်ပါတယ်။

ဒီဓားဟာ စ.စ်အတွက် ထုတ်ပေမယ့် အနုပညာလက်ရာလည်း မြောက်တဲ့ ဓား ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြတိုက်မှာ ထိန်းသိမ်းထားပြီး 2007 ခုနှစ်က ဒေါ်လာ 6.4 သန်း ပေါက်ခဲ့တာ ဖြစ်ပါတယ်။

Zulfiqar Scimitar ဆိုတဲ့ ဓားကတော့ အရှေ့အလယ်ပိုင်း ဒေသက နာမည်ကျော်ဓား ဖြစ်ပြီး အာရပ်ဓားကောက် ဖြစ်ပါတယ်။

ဒီဓားဟာ တိုက်ပွဲပေါင်း များစွာကို တိုက်ခဲ့တာဖြစ်ပြီး အင်အားကြီးခြင်းနဲ့ စွမ်းအားရှိခြင်း သင်္ကေတ ဖြစ်ပါတယ်။

656 ခုနှစ်ကနေ 661 အထိ စ.စ်အတွင်း ကျင်လည်ပြီး နောက်ပိုင်းမှာ ထိန်းသိမ်းထားခဲ့ပါတယ်။

Honjo Masamune ဆိုတဲ့ ဂျပန်ဓားရှည်ဖြစ်ပြီးတော့ 1288 ခုနှစ်ကနေ 1328 ခုနှစ်အထိ သမိုင်းဝင်တိုက်ပွဲတွေ ဝင်ခဲ့တဲ့ ဓား ဖြစ်ပါတယ်။

ဒီဓားကို ပထမပိုင်ရှင်က ဆာမူရိုင်းတွေ ဖြစ်ပြီး စစ်ပွဲရဲ့ အောင်မြင်ခြင်း အထိမ်းအမှတ်လို့ သတ်မှတ်ပါတယ်။

Joyeuse ဆိုတဲ့ ဓားကတော့ ဖရန့်ဘုရင်လက်ထက်မှာ ကြောက်မက်ဖွယ် တိုက်ပွဲဝင်ဓား ဖြစ်လာပါတယ်။

786 ခုနှစ်မှာ စတင်ပြီး ကိုင်ခဲ့ပြီးတော့ 800 ပြည့်နှစ်မှာ ရောမ အင်ပါယာကြီးကို ဒီဓားနဲ့ တည်ထောင်ခဲ့ပါတယ်။

အဆိုပါ ဘုရင်ဟာ ပြင်သစ် ဂျာမာန် အီတလီနွယ်ဖွား ဖြစ်ပြီး ဉာဏ်ပညာရော ခွန်အားရော ကြီးမားပါတယ်။

Credit to original uploader

Unicode























Credit to original uploader

Crd