■နာဆာအထူးပြုတွေတီထွင်ထားတဲ့ အာကာသယာဥ်မှပျော်မကျနိုင်သော အထူးသတ္တုအကာများ
Article Knowledge World
TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■နာဆာအထူးပြုတွေတီထွင်ထားတဲ့ အာကာသယာဥ်မှပျော်မကျနိုင်သော အထူးသတ္တုအကာများ
ပရိသတ်ကြီးတော့တွေးဖူးမယ်မထင်ပါဘူး။ ဒါပေမယ့် အပူခံကာကွယ်ခြင်းဟာ အာကာသယာဥ်တွေအတွက် အလွန်အရေးကြီးပါတယ်။ ဘာလို့အရေးကြီးတာလဲ။ ပျမ်းမျှအာကာသယာဥ်တစ်စီးဟာ ကမ္ဘာမြေပေါ်ဆင်းရင် တစ်နာရီကို ၂၈,၀၀၀ ကီလိုမီတာ နှုန်းဖြင့် ဝင်လာပါတယ်။
ဒါဟာကိုယ်ထည်ပိုင်း ပွတ်တိုက်ခြင်းနှင့် အပူချိန် အမြင့်ဆုံးဖြစ်ပေါ်စေပါတယ်။ ဒီအပူချိန်မျိုးမှာဆိုရင် အာကာသယာဥ်ဟာ၁၅၀၀ ဒီဂရီဆဲလ်စီးယပ်စ် အထိ ပူလာပီး။ ဒီအပူချိန်မျိုးနဲ့ဆိုရင် စတီးလ်တောင် ပျော်ပါတယ်။ ဒါကြောင့် နာဆာအထူးပြုတွေက ပျော်မကျနိုင်တဲ့ အထူးသတ္တုကို တီထွင်ရပါတယ်။
ဒီသတ္တုဟာ အပူချိန်မြင့်ရင် ပျော်ကျနိုင်တာကိုပဲ ကာကွယ်ပေးတာမဟုတ်ပါဘူး။ အာကာကယာဥ်အတွင်းနှင့်အပြင်က အပူချိန်ကိုလည်း ထိန်းညှိပေးပါသေးတယ်။ ဒီအကာဟာ အလွန်အရေးပါပါတယ်။ သမိုင်းအထောက်အထားတွေအရ အပူချိန်ကို မကာကွယ်ပေးနိုင်ရင်ဝမ်းနည်းစရာကောင်းတဲ့အဖြစ်အပျက်တွေဖြစ်လာနိုင်ပါတယ်။
ဥပမာအားဖြင့် ၂၀၀၃ ခုနှစ်တုန်းက ကိုလမ်ဘီယာအာကာသယာဥ်ဟာ ကမ္ဘာပတ်လမ်းမှာ ပေါက်ကွဲပြီး အာကာသယာဥ်မှူး ၇ ယောက် သေ*ဆုံးသွားခဲ့တာပါ။ ဒါတွေအားလုံးဟာ အရည်အသွေးမကောင်းတဲ့ အပူဒဏ်ကာကွယ်ခြင်းဟာ ပျက်စီးသွားလို့ဖြစ်ပါတယ်။
ရလဒ်အနေနဲ့ ဓာတ်ဆီတွေ မီးလောင်သွားပြီး အပူချိန်လွန်ကဲကာ မီးလောင်ပေါက်ကွဲသွားပါတော့တယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext