နယူးယောက်မြို့က တိရစ္ဆန်ရုံတရုံမှာ သမိုင်းဝင် ဆင်ထီးအမွှာပူးလေး မွေးဖွား

နယူးယောက်မြို့က တိရစ္ဆန်ရုံတရုံမှာ သမိုင်းဝင် ဆင်ထီးအမွှာပူးလေး မွေးဖွား

အမေရိကန်နိုင်ငံ နယူးယောက် တိရစ္ဆန်ရုံတရုံမှာ ဆင်အမွှာပူးမွေးခဲ့တယ်။ ကျန်ခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့က အာရှဆင်မ မလီ (Mali) နဲ့ ဆင်ထီး Doc တို့က ဆင်အမွှာပူးမွေးဖွားခဲ့လို့ တိရိစ္ဆန်ရုံဝန်ထမ်းအားလုံး အံဩဝမ်းသာနေကြတယ်။

ဆင်မွေးဖွားမှု ၁ ရာခိုင်နူန်းအောက်ပဲ အမွှာပူးဖြစ်နိုင်ပြီး အမွှာများဟာ အများအားဖြင့် အသက်မရှင်ကြပါ။ ပေါင် ၂၂၀ ရှိတဲ့ ဆင်ထီးလေးမွေးပြီး ဆယ်နာရီအကြာမှာ ဆင်မ မလီက ၂၃၇ ပေါင်ရှိတဲ့ နောက်ဆင်ထီးလေးတကောင် ထပ်မွေးပါတယ်။ ဒါပေမယ့်ဒုတိယဆင်ထီးလေးဟာ ပထမဆင်ထီးလေးလောက် မသန်စွမ်းဘူး။ ဒါကြောင့်တိရစ္ဆန်ရုံဝန်ထမ်းများနဲ့ တိရစ္ဆန်ဆရာဝန်တို့ဟာ ဆင်ထီးအမွှာလေးကျမ်းမာစေဖို့ ဂရုစိုက်နေကြတယ်။

အမေရိကန်နိုင်ငံ တိရိစ္ဆန်ရုံများမှာ ကျမ်းမာသန်စွမ်းတဲ့ ဆင်အမွှာနဲ့ပတ်သက်ပြီး မှတ်တမ်းမရှိခဲ့ဘူးလို့ ကျွမ်းကျင်သူများပြောတယ်။ အခုဆင်ထီးအမွှာလေးမွေးဖွားမှုဟာ သမိုင်းဝင်မွေးဖွားမှုဖြစ်တယ်လို့ Rosamond Gifford တိရစ္ဆန်ရုံကပြောတယ်။ ဒါကြောင့် ဆင်ဆရာဝန်များနဲ့ တိရိစ္ဆန်စောင့်ရှောက်ရေးအထူးကျွမ်းကျင်းသူများဟာ ဆင်မ မလီနဲ့ သူ့သားအမွှာဆင်နှစ်ကောင် ကျမ်းမာဖို့ အစွမ်းကုန်ဆောင်ရွက်နေကြပါတယ်။

မျိုးတုံးပျောက်ကွယ်ဖို့ အန္တရယ်ရှိတဲ့ ဆင်အမွှာလေးနှစ်ကောင် ကျမ်းမာသန်စွမ်းစေဖို့ အစွန်းကုန်ဂရုစိုက်နေကြပါတယ်။ ကမ္ဘာ့သားရိုင်းတိရိစ္ဆန်များ ထိမ်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (WWF) က တောင်အာရှနဲ့ အရှေ့တောင်အာရှဆင်များဟာ မျိုးတုံးပျောက်ကွယ်မယ့်အန္တရယ် ရင်ဆိုင်နေရတာကို သတိပေးထားတယ်။

လူသားများ အခြေချနေရာတိုးချဲ့ခြင်း လူနဲ့ဆင်ပဋိပက္ခဖြစ်ခြင်းများကြောင့် အရှေ့တောင်အာရှဒေသမှာ ဆင်အကောင်ကျဆင်းမှု အလွန်အမင်းဖြစ်နေတယ်လို့ (WWF) ကသတိပေးထားပါတယ်။

အရွယ်ရောက်ဆင်တကောင်ဟာအမြင့် ၆ ပေ မှ ၁၁ ပေရှိပြီး အလေးချိန် ပေါင်တသောင်းတထောင်ကျော်ရှိတယ်။ ဒါကြောင့် အရွယ်ရောက်ဆင်တကောင် သဘာဝအတိုင်း လွတ်လွတ်လပ်လပ် အစာရှာအသက်ရှင်ရပ်တည်နိုင်ရန် လုံလောက်တဲ့ ဆင်စားကျက်မြေလိုအပ်တယ်။

ဆင်မ မလီအရင်မွေးခဲ့တဲ့ ဆင်သားပေါက်နှစ်ကောင်ဟာ ဆင်ဗိုင်းရပ်စ်ကြောင့် ဖြစ်လေ့ရှိတဲ့ရေယုန်ရောဂါတမျိုးကြောင့် သေဆုံးခဲ့ရဖူးတယ်။ ဒါကြောင့်ဆင်မ မလီရဲ့အချင်းကို သက်ဆိုင်ရာဋ္ဌာနကိုပို့ပြီး ရေယုန်ဖြစ်စေနိုင်တဲ့ဗိုင်းရပ်စ်ကိုတားဆီးထိမ်းချုပ်နိုင်တဲ့ ဆေးဝါးရရှိဖို့ ကြိုးပန်းဆောင်ရွက်နေတယ်။ ဆင်ထီးအမွှာတစုံ ရေယုန်ရောဂါမဖြစ်စေဖို့ အထူးစောင့်ရှောက်နိုင်ရန် တိရိစ္ဆန်ရုံက ပြင်ဆင်ထားပါတယ်။ (Lwin Oo)

Crd