TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■နန်းတော်အောက်မှာတောင်စာကြည့်တိုက်လုပ်၍ဖွက်ထားခဲ့တယ်ဆိုသော စာအုပ်၊စာလိပ်များ

ဘိုင်ဇန်တင်းရဲ့ မင်းသမီး ဆိုဖီယာပလိုင်ရိုလဂျီနာ က ရုရှားတော်ဝင်မင်းသားအိုင်ဗန်နှင့် ၁၄၇၂ ခုနှစ်က လက်ထပ်ထိမ်းမြားသွားတဲ့အခါမှာ သူမက သူနဲ့အတူ သေတ္တာကြီးတစ်လုံးကို သယ်ဆောင်သွားခဲ့ပါတယ်။
ထိုသေတ္တာကြီးက စိန်တွေ ရွှေတွေ ပုလဲတွေမဟုတ်ပါဘူး။

များပြားလှတဲ့ ရှေးဟောင်းစာအုပ်တွေနှင့်စာလိပ်တွေပဲ ဖြစ်ပါတယ်။
စာအုပ်စာလိပ်တွေဟာဆိုရင် ရှေးဟောင်း ဂရိ, အီဂျစ်နှင့်တရုတ်စာလုံးတွေတောင် ပါပါသေးတယ်လို့ ဆိုကြပါတယ်။
ဒီစုဆောင်းမှုကြီးဟာဆိုရင် အိုင်ဗန်ရဲ့မြေးတော်ဖြစ်တဲ့ “ဆိုးရွားတဲ့အိုင်ဗန်” လို့အမည်တွင်တဲ့ သူဆီလက်ဆင့်ကမ်းခဲ့ပါတယ်။

သူဟာ ဒီစာအုပ်တွေ စာလိပ်တွေ အခိုးခံရမှာကို အလွန်ကြောက်ရွံံ့နေခဲ့တာပါ။
အဲ့ဒါကြောင့် သူဟာ တန်ဖိုးမဖြတ်နိုင်တဲ့ စာအုပ်တွေကို ကရင်မလင်နန်းတော်အောက်မှာစာကြည့်တိုက်လုပ်ကာ ဝှက်ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။
သူက အီတလီရဲ့ အတော်ဆုံး ဗိသုကာပညာရှင်ကိုငှားခဲ့ပြီး အင်မတန်ကြီးမားတဲါ မြေအောက်စာကြည့်တိုက်ကို ဆောက်လုပ်စေခဲ့ပါတယ်။

ရာစုနှစ်တစ်စုအတွင်းမှာတော့ အိုင်ဗန်မှာ ၁၅၈၄ ခုနှစ်မှာ သေဆုံးခဲ့ပြီးနောက်ရှာဖွေသူအများရှိခဲ့ပါတယ် နပိုလီယန်ဘိုနာပါ့တ်ကတောင် သူ့ရဲ့ မောစကိုမှာရှိနေတဲ့ကာလ – ၁၈၁၃ ခုနှစ်မှာ စာကြည့်တိုက်ကို ရှာဖွေခဲ့ပါတယ်။
ထို့အတူ မရေမတွက်နိုင်တဲ့လူအများကလည်း ယနေ့အထိ ရှာဖွေနေတုန်းပါပဲ။

၁၅ ရာစုနှင့် ၁၆ ရာစုအတွင်းမှာရှိတဲ့ မှတ်တမ်းတွေအရ ဒီစာအုပ်တွေဟာ တကယ်ရှိတဲ့လို့ ယုံကြည်ကြပါတယ်။
ဒါပေမယ့် ယခုလက်ရှိတည်နေရာကတော့ ရုရှားအစိုးရက ပြည်သူတွေထက်ပိုသိမယ်လို့ တစ်ချို့က ယုံကြည်ကြပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■နန္းေတာ္ေအာက္မွာေတာင္စာၾကည့္တိုက္လုပ္၍ဖြက္ထားခဲ့တယ္ဆိုေသာ စာအုပ္၊စာလိပ္မ်ား
ဘိုင္ဇန္တင္းရဲ့ မင္းသမီး ဆိုဖီယာပလိုင္ရိုလဂ်ီနာ က ႐ုရွားေတာ္ဝင္မင္းသားအိုင္ဗန္ႏွင့္ ၁၄၇၂ ခုႏွစ္က လက္ထပ္ထိမ္းျမားသြားတဲ့အခါမွာ သူမက သူနဲ႔အတူ ေသတၱာႀကီးတစ္လုံးကို သယ္ေဆာင္သြားခဲ့ပါတယ္။
ထိုေသတၱာႀကီးက စိန္ေတြ ေရႊေတြ ပုလဲေတြမဟုတ္ပါဘူး။
မ်ားျပားလွတဲ့ ေရွးေဟာင္းစာအုပ္ေတြႏွင့္စာလိပ္ေတြပဲ ျဖစ္ပါတယ္။
စာအုပ္စာလိပ္ေတြဟာဆိုရင္ ေရွးေဟာင္း ဂရိ, အီဂ်စ္ႏွင့္တ႐ုတ္စာလုံးေတြေတာင္ ပါပါေသးတယ္လို႔ ဆိုၾကပါတယ္။
ဒီစုေဆာင္းမႈႀကီးဟာဆိုရင္ အိုင္ဗန္ရဲ့ေျမးေတာ္ျဖစ္တဲ့ “ဆိုးရြားတဲ့အိုင္ဗန္” လို႔အမည္တြင္တဲ့ သူဆီလက္ဆင့္ကမ္းခဲ့ပါတယ္။
သူဟာ ဒီစာအုပ္ေတြ စာလိပ္ေတြ အခိုးခံရမွာကို အလြန္ေၾကာက္ရြံံ့ေနခဲ့တာပါ။
အဲ့ဒါေၾကာင့္ သူဟာ တန္ဖိုးမျဖတ္နိုင္တဲ့ စာအုပ္ေတြကို ကရင္မလင္နန္းေတာ္ေအာက္မွာစာၾကည့္တိုက္လုပ္ကာ ဝွက္ထားဖို႔ဆုံးျဖတ္ခဲ့ပါတယ္။
သူက အီတလီရဲ့ အေတာ္ဆုံး ဗိသုကာပညာရွင္ကိုငွားခဲ့ၿပီး အင္မတန္ႀကီးမားတဲါ ေျမေအာက္စာၾကည့္တိုက္ကို ေဆာက္လုပ္ေစခဲ့ပါတယ္။
ရာစုႏွစ္တစ္စုအတြင္းမွာေတာ့ အိုင္ဗန္မွာ ၁၅၈၄ ခုႏွစ္မွာ ေသဆုံးခဲ့ၿပီးေနာက္ရွာေဖြသူအမ်ားရွိခဲ့ပါတယ္ နပိုလီယန္ဘိုနာပါ့တ္ကေတာင္ သူ႔ရဲ့ ေမာစကိုမွာရွိေနတဲ့ကာလ – ၁၈၁၃ ခုႏွစ္မွာ စာၾကည့္တိုက္ကို ရွာေဖြခဲ့ပါတယ္။
ထို႔အတူ မေရမတြက္နိုင္တဲ့လူအမ်ားကလည္း ယေန႔အထိ ရွာေဖြေနတုန္းပါပဲ။
၁၅ ရာစုႏွင့္ ၁၆ ရာစုအတြင္းမွာရွိတဲ့ မွတ္တမ္းေတြအရ ဒီစာအုပ္ေတြဟာ တကယ္ရွိတဲ့လို႔ ယုံၾကည္ၾကပါတယ္။
ဒါေပမယ့္ ယခုလက္ရွိတည္ေနရာကေတာ့ ႐ုရွားအစိုးရက ျပည္သူေတြထက္ပိုသိမယ္လို႔ တစ္ခ်ိဳ႕က ယုံၾကည္ၾကပါတယ္။
Ref:youtube
Trans:thegeektext