TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■နတ်တွေပြုလုပ်ထားသည်ဆိုသော ဒဏ္ဍာရီဓား
ဒီဒဏ္ဍာရီဓား မူလစတင်ခဲ့တာကတော့ ခဲတစ်ဇစ်မြစ်မှဖြစ်ပြီး ယုံကြည်ကြတာကတော့ နတ်တွေက ဓားကို သူတို့ဘာသာပြုလုပ်ခဲ့ကြတာပါ။အလွန်များပြားတဲ့ မှော်စွမ်းအားတွေ ပိုင်ဆိုင်ပြီး ဒဏ္ဍာရီထဲမှာတော့ မည်မျှ အခိုင်အခန့်ပြုထားသည့်ဒိုင်းကိုမဆို ကွဲအက်ဖြတ်တောက်နိုင်တယ်လို့ ဆိုကြပါတယ်။ဓါးဟာ လေကို လိုရာကိုညွှန်ေစနိုင်ပြီး မိုးကြိုးတွေကိုလည်း ပြောင်းလဲနိုင်တာပါ။
ဒါးဟာ လူ့စိတ်ကို ထိန်းချုပ်နိုင်ပြီး လည်ချောင်းပေါ်ကို ဓားသွားတင်ထားရင် အမှန်ကိုပြောစေနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ လည်း မည်သူ့လည်ပင်းပေါ်ကိုမဆို ဓားသွားတင်ထားရင် သူတို့ဟာ အသက်ပျောက်မှာကြောက်တဲ့အတွက် အမှန်တိုင်းပြောကြမှာပါပဲ။ ဆက်ရရင် ဓားနဲ့ခုတ်မိလို့ ဒဏ်ရာအနာတရဖြစ်ရင် ကုသလို့မရသလို ပုံမှန်သဘာဝလောက ကအရာတွေနဲ့လည်း ပြန်လည် ကုသမှု ပြုလုပ်လို့မရနိုင်ပါဘူး။
ဒဏ္ဍာရီတွေ အဆိုအရ ဓားကို ထိန်းချုပ်ထားတာဟာ နတ်ဘုရားမန်နာနာမက်ကရီယာ ဖြစ်ပြီး သူဟာ ရက်စက်တဲ့ ကောက်ရိတ်သိမ်းသူတွေကဲ့သို့ ဝိဉာဉ်တွေကို နောင်တမလွန်ဘဝကို ယူဆောင်ပါတယ်။။ မန်နာနာဟာ ဓားကို သူမထိန်းသိမ်းမွေးမြူခဲ့တဲ့သား လု ကို ပေးပြီးတော့ လုက နောင်မှာ ဒဏ္ဍာရီမှာကျော်ကြားတဲ့တစ်ယောက်ဖြစ်တဲ့ ကွန်းကို ပေးခဲ့တာပါ။
ကွန်းဟာ ရာချီတဲ့ တိုက်ပွဲတွေမှာ ဒီဓားကို အသုံးပြုခဲ့ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext