နဂါးနဲ့လင်းယုန် သမ္မတနှစ်ဦး ၇ လအတွင်း ပထမဆုံး ဆွေးနွေး

News

နဂါးနဲ့လင်းယုန် သမ္မတနှစ်ဦး ၇ လအတွင်း ပထမဆုံး ဆွေးနွေး

အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ ရှီ ကျင့်ဖျင်တို့ နှစ်ဝက်ကျော်အတွင်း ပထမဆုံး ဖုန်းပြောပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး သဘောတူမှုတချို့ ရခဲ့ကြပါတယ်။ကမ္ဘာ့စီးပွါးရေးအင်အားအကြီးဆုံး ခေါင်းဆောင်နှစ်ဦး ၇ လအတွင်း မနေ့က ပြန်ဆွေးနွေးကြရာမှာ နှစ်နိုင်ငံကြား ပြိုင်ဆိုင်မှုတွေ ထိပ်တိုက်မတွေ့ရေး၊မိနစ် ၉၀ ကြာ ပြောဆို သဘောတူခဲ့ကြပါတယ်။

နှစ်နိုင်ငံအကျိုးစီးပွားနဲ့ စံတန်ဖိုးတွေ ထပ်တူကျတာရော၊ ကွဲလွဲတာပါ အပါအဝင် မဟာဗျူဟာကိစ္စရပ်ကြီးတွေကို သမ္မတဘိုင်ဒန်နဲ့ တရုတ်သမ္မတရှီတို့ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတအိမ်ဖြူတော်က ကြေငြာချက်ထုတ်ခဲ့ပါတယ်။

စီးပွါးရေး၊ ဥတုရာသီပြောင်းလဲဖောက်ပြန်မှုနဲ့ ကိုဗစ်ကပ်ရောဂါဆိုင်ရာ ကိစ္စရပ်တွေကိုလည်း အာရုံစိုက်ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန် အဆင့်မြင့်အရာရှိတယောက်က သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်အပြင် အင်ဒိုပစိဖိတ်ဒေသနဲ့ ကမ္ဘာတဝန်း ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ သာယာဝပြောရေးအတွက် နှစ်နိုင်ငံကြားအပြိုင်အဆိုင်တွေ ပဋိပက္ခဘက်မရောက်အောင် သမ္မတဘိုင်ဒန် အဓိကဆွေးနွေးခဲ့တယ်လို့လည်း အိမ်ဖြူတော်ကဆိုပါတယ်။
တရုတ်အစိုးရပိုင် သတင်းမီဒီယာတွေမှာတော့ အမေရိကန်ရဲ့တရုတ်ဆိုင်ရာမူဝါဒတွေကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ရပြီး ပြန်ကောင်းအောင် ကြိုးပမ်းသွားမယ်လို့ တရုတ်သမ္မတက ပြောခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

နှစ်ဘက်ဆက်ဆံရေးတွေ ပြန်တိုးတက်အောင် လုပ်ငန်းအဖွဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေ တိုးလုပ်သွားဖို့ နှစ်ဘက်သဘောတူခဲ့တယ်လို့လည်း တရုတ်သတင်းမှာ ဖော်ပြပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလတုန်းက သမ္မတဘိုင်ဒန်နဲ့ တရုတ်သမ္မတရှီတို့ နောက်ဆုံး ဖုန်းပြောခဲ့ပြီးနောက် လူ့အခွင့်အရေးကိစ္စအပါအဝင် Covid-19 ရောဂါပိုးဇစ်မြစ်ကိစ္စ ပွင့်လင်းမြင်သာမှုရှိရေး ကိစ္စရပ်တွေကြောင့် နှစ်နိုင်ငံဆက်ဆံရေး သိသိသာသာ တိုးတက်မလာခဲ့ပါဘူး။
အဲဒီကာလအတွင်း တရုတ်နဲ့အမေရိကန်ကြား ဆက်တိုက်လို ထိပ်တိုက်တွေ့ခဲ့သလို တခါတလေ လူသိရှင်ကြား ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခဲ့ရုံမက အပြန်အလှန် ဒဏ်ခတ်ပိတ်ဆို့မှုတွေလည်း ချမှတ်ခဲ့ကြတာဖြစ်ပါတယ်။

VOA
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

နဂါးနဲ႔လင္းယုန္ သမၼတႏွစ္ဦး ၇ လအတြင္း ပထမဆုံး ေဆြးေႏြး

အေမရိကန္သမၼတ Joe Biden နဲ႔ တ႐ုတ္သမၼတ ရွီ က်င့္ဖ်င္တို႔ ႏွစ္ဝက္ေက်ာ္အတြင္း ပထမဆုံး ဖုန္းေျပာၿပီး က်ယ္က်ယ္ျပန႔္ျပန႔္ ေဆြးေႏြး သေဘာတူမႈတခ်ိဳ႕ ရခဲ့ၾကပါတယ္။ကမၻာ့စီးပြါးေရးအင္အားအႀကီးဆုံး ေခါင္းေဆာင္ႏွစ္ဦး ၇ လအတြင္း မေန႔က ျပန္ေဆြးေႏြးၾကရာမွာ ႏွစ္နိုင္ငံၾကား ၿပိဳင္ဆိုင္မႈေတြ ထိပ္တိုက္မေတြ႕ေရး၊မိနစ္ ၉၀ ၾကာ ေျပာဆို သေဘာတူခဲ့ၾကပါတယ္။

ႏွစ္နိုင္ငံအက်ိဳးစီးပြားနဲ႔ စံတန္ဖိုးေတြ ထပ္တူက်တာေရာ၊ ကြဲလြဲတာပါ အပါအဝင္ မဟာဗ်ဴဟာကိစၥရပ္ႀကီးေတြကို သမၼတဘိုင္ဒန္နဲ႔ တ႐ုတ္သမၼတရွီတို႔ က်ယ္က်ယ္ျပန႔္ျပန႔္ေဆြးေႏြးခဲ့ၾကတယ္လို႔ သမၼတအိမ္ျဖဴေတာ္က ေၾကျငာခ်က္ထုတ္ခဲ့ပါတယ္။

စီးပြါးေရး၊ ဥတုရာသီေျပာင္းလဲေဖာက္ျပန္မႈနဲ႔ ကိုဗစ္ကပ္ေရာဂါဆိုင္ရာ ကိစၥရပ္ေတြကိုလည္း အာ႐ုံစိုက္ေဆြးေႏြးခဲ့ၾကတယ္လို႔ အေမရိကန္ အဆင့္ျမင့္အရာရွိတေယာက္က သတင္းေထာက္ေတြကို ေျပာပါတယ္။

အေမရိကန္အျပင္ အင္ဒိုပစိဖိတ္ေဒသနဲ႔ ကမၻာတဝန္း ၿငိမ္းခ်မ္းတည္ၿငိမ္ေရးနဲ႔ သာယာဝေျပာေရးအတြက္ ႏွစ္နိုင္ငံၾကားအၿပိဳင္အဆိုင္ေတြ ပဋိပကၡဘက္မေရာက္ေအာင္ သမၼတဘိုင္ဒန္ အဓိကေဆြးေႏြးခဲ့တယ္လို႔လည္း အိမ္ျဖဴေတာ္ကဆိုပါတယ္။
တ႐ုတ္အစိုးရပိုင္ သတင္းမီဒီယာေတြမွာေတာ့ အေမရိကန္ရဲ့တ႐ုတ္ဆိုင္ရာမူဝါဒေတြေၾကာင့္ ႏွစ္နိုင္ငံဆက္ဆံေရး ျပင္းျပင္းထန္ထန္ ထိခိုက္ခဲ့ရၿပီး ျပန္ေကာင္းေအာင္ ႀကိဳးပမ္းသြားမယ္လို႔ တ႐ုတ္သမၼတက ေျပာခဲ့ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

ႏွစ္ဘက္ဆက္ဆံေရးေတြ ျပန္တိုးတက္ေအာင္ လုပ္ငန္းအဖြဲ႕ ခ်ိတ္ဆက္ေဆာင္ရြက္မႈေတြ တိုးလုပ္သြားဖို႔ ႏွစ္ဘက္သေဘာတူခဲ့တယ္လို႔လည္း တ႐ုတ္သတင္းမွာ ေဖာ္ျပပါတယ္။

ဒီႏွစ္ ေဖေဖာ္ဝါရီလတုန္းက သမၼတဘိုင္ဒန္နဲ႔ တ႐ုတ္သမၼတရွီတို႔ ေနာက္ဆုံး ဖုန္းေျပာခဲ့ၿပီးေနာက္ လူ႔အခြင့္အေရးကိစၥအပါအဝင္ Covid-19 ေရာဂါပိုးဇစ္ျမစ္ကိစၥ ပြင့္လင္းျမင္သာမႈရွိေရး ကိစၥရပ္ေတြေၾကာင့္ ႏွစ္နိုင္ငံဆက္ဆံေရး သိသိသာသာ တိုးတက္မလာခဲ့ပါဘူး။
အဲဒီကာလအတြင္း တ႐ုတ္နဲ႔အေမရိကန္ၾကား ဆက္တိုက္လို ထိပ္တိုက္ေတြ႕ခဲ့သလို တခါတေလ လူသိရွင္ၾကား ျပင္းျပင္းထန္ထန္ ေဝဖန္တိုက္ခိုက္ခဲ့႐ုံမက အျပန္အလွန္ ဒဏ္ခတ္ပိတ္ဆို႔မႈေတြလည္း ခ်မွတ္ခဲ့ၾကတာျဖစ္ပါတယ္။

VOA
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။