မြောက်ကိုရီးယားက အဏုမြူဓာတ်ပေါင်းဖို ပြန်လည်လည်ပတ်နေပုံရှိဟု IAEA ပြော

Militarily News

မြောက်ကိုရီးယားက အဏုမြူဓာတ်ပေါင်းဖို ပြန်လည်လည်ပတ်နေပုံရှိဟု IAEA ပြော

နျူကလီးယား လက်နက်နိုင်ငံ မြောက်ကိုရီးယားဟာ ‘အလွန်ကို ပြဿနာများ’ တဲ့ လုပ်ဆောင်ချက်အဖြစ် ၎င်းရဲ့ ပ လူ တို နီယံ ထုတ်လုပ်ရေး အဏုမြူဓာတ်ပေါင်းဖိုကို ပြန်လည်စတင်လည်ပတ်နေပုံရှိနေတယ်လို့ ကုလသမဂ္ဂ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ IAEA က ပြောပါတယ်။

ဒီအတွက် မြောက်ကိုရီးယားနိုင်ငံဟာ ၎င်းရဲ့ တား မြစ် ခံထားရတဲ့ စီမံကိန်းကို ရှေ့ဆက်တိုးချဲ့လျက် ရှိနေတယ်ဆိုတဲ့ ဖြစ်နိုင်တဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ အဓိက နျူကလီးယား စက်ရုံ ယောင်ဗြွန်းက ၅ မီဂါဝပ်ဓာတ်ပေါင်းဖိုကို ခုလို ပြန်လည်လည်ပတ်ပုံရတာဟာ အမေရိကန်နဲ့ နျူကလီးယား ဆွေးနွေးပွဲတွေ တန့်ရပ်နေတဲ့အချိန်မှာပဲ ဖြစ်ပေါ်လာခဲ့တာပါ။

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ ဒုတိယမြောက် ထိပ်သီးဆွေးနွေးပွဲတုန်နးက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံးအွန်က အခြား လုပ်ငန်းစက်ရုံတွေ မပါဘဲ ယောင်ဗြွန်းစက်ရုံကိုပဲ ဖျက်သိမ်းရေးကို ကမ်းလှမ်းခဲ့ပြီး အပြန်အလှန်အနေနဲ့ ဒဏ် ခတ်ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးရေး တောင်းဆိုခဲ့ပေမယ့် ကမ်းလှမ်းချက်က ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ကင်ဂျုံးအွန် လက်ထက်မှာ တစ်ဟုန်ထိုး ရှေ့တိုးလုပ်ဆောင်ခဲ့တာကို မြင်ရတဲ့ နျူကလီးယားလက်နက်နဲ့ ပဲ့ထိန်း ဒုံး ကျည် စီမံကိန်းတွေကြောင့် နိုင်ငံတကာ ဒဏ် ခတ် ပိတ်ဆို့မှုများစွာကို ရင်ဆိုင်ခါးစည်းခံနေရတာပါ။

“ဇူလိုင်လအစောပိုင်းကစပြီး ရေအေးစွန့်ထုတ်မှုတွေ အပါအဝင် ဒီ ဓာတ်ပေါင်းဖို လည်ပတ်နေတဲ့ အရိပ်အယောင်တွေ မြင်တွေ့ရပါတယ်”လို့ IAEA က နှစ်ပတ်လည်အစီရင်ခံစာမှာ ဆိုပါတယ်။

ယောင်ဗြွန်း ဓာတ်ပေါင်းဖိုဟာ ၂၀၁၈ ဒီဇင်ဘာကစပြီး ပြီးခဲ့တဲ့ ဇူလိုင်လမတိုင်ခင်အထိ သက်ဝင်လှုပ်ရှားမှု မရှိခဲ့တာ ဖြစ်တယ်လို့ အဲဒီ အစီရင်ခံစာ ဖြည့်စွက်ဖော်ပြထားပါတယ်။

IAEA စုံစမ်းရေးမှူးတွေဟာ ၂၀၀၉ ခုနှစ်မှာ မြောက်ကိုရီးယားနိုင်ငံတွင်းက နှင်ထုတ်ခံခဲ့ရတာဖြစ်ပြီး အဲဒီအချိန်ကစလို့ ပြင်ပကနေပဲ ထောက်လှမ်းစောင့်ကြည့်နေရတော့တာပါ။

အခု ဓာတ်ပေါင်းဖိုမှာ အရင်က စွန့်ပစ်ထားခဲ့တဲ သုံးပြီးသား လောင်စာတွေကနေ ပလူ တို နီယံကို သီးသန့်ခွဲထုတ်ဖို့ အနီးနားရှိ ရေဒီယို ဓာတ် ဓာတု ဗေဒဓာတ်ခွဲခန်းတစ်ခုကို အသုံးပြုနေလျက်ရှိနေတဲ့ အရိပ်အယောင်တွေကိုလည်း မကြာသေးခင်က မြင်တွေ့ခဲ့ရပါတယ်။

ဓာတ်ပေါင်းဖိုနဲ့ ဓာတ်ခွဲခန်း လုပ်ငန်းလည်ပတ်နေတဲ့ လက္ခဏာတွေဟာ ‘အတော်လေး ပြဿ နာကြီး’တယ်လို့ IAEA က ဆိုပြီး ဒီ လုပ်ဆောင်ချက်တွေဟာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ‘ပြောင်ပြောင်တင်းတင်း ချိုး ဖောက် တာပဲ’ ဖြစ်တယ်လို့ ဖြည့်စွက် ပြောခဲ့ပါတယ်။

အခု IAEA ရဲ့ အစီရင်ခံစာကို အာရုံစိုက်ထားပြီး အမေရိကန်အနေနဲ့ အခြား မိတ်ဖက်နိုင်ငံတွေနဲ့ အနီးကပ်ပူးပေါင်းညှိနှိုင်းနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi
ေျမာက္ကိုရီးယားက အဏုျမဴဓာတ္ေပါင္းဖို ျပန္လည္လည္ပတ္ေနပုံရွိဟု IAEA ေျပာ

န်ဴကလီးယား လက္နက္နိုင္ငံ ေျမာက္ကိုရီးယားဟာ ‘အလြန္ကို ျပႆနာမ်ား’ တဲ့ လုပ္ေဆာင္ခ်က္အျဖစ္ ၎ရဲ့ ပ လူ တို နီယံ ထုတ္လုပ္ေရး အဏုျမဴဓာတ္ေပါင္းဖိုကို ျပန္လည္စတင္လည္ပတ္ေနပုံရွိေနတယ္လို႔ ကုလသမဂၢ နိုင္ငံတကာ အဏုျမဴစြမ္းအင္ ေအဂ်င္စီ IAEA က ေျပာပါတယ္။

ဒီအတြက္ ေျမာက္ကိုရီးယားနိုင္ငံဟာ ၎ရဲ့ တား ျမစ္ ခံထားရတဲ့ စီမံကိန္းကို ေရွ႕ဆက္တိုးခ်ဲ႕လ်က္ ရွိေနတယ္ဆိုတဲ့ ျဖစ္နိုင္တဲ့ လကၡဏာတစ္ရပ္ပဲ ျဖစ္ပါတယ္။

ေျမာက္ကိုရီးယားရဲ့ အဓိက န်ဴကလီးယား စက္႐ုံ ေယာင္ႁဗြန္းက ၅ မီဂါဝပ္ဓာတ္ေပါင္းဖိုကို ခုလို ျပန္လည္လည္ပတ္ပုံရတာဟာ အေမရိကန္နဲ႔ န်ဴကလီးယား ေဆြးေႏြးပြဲေတြ တန႔္ရပ္ေနတဲ့အခ်ိန္မွာပဲ ျဖစ္ေပၚလာခဲ့တာပါ။

အေမရိကန္ သမၼတေဟာင္း ေဒၚနယ္ထရမ့္နဲ႔ ဒုတိယေျမာက္ ထိပ္သီးေဆြးေႏြးပြဲတုန္နးက ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံးအြန္က အျခား လုပ္ငန္းစက္႐ုံေတြ မပါဘဲ ေယာင္ႁဗြန္းစက္႐ုံကိုပဲ ဖ်က္သိမ္းေရးကို ကမ္းလွမ္းခဲ့ၿပီး အျပန္အလွန္အေနနဲ႔ ဒဏ္ ခတ္ပိတ္ဆို႔မႈေတြ ေျဖေလၽွာ့ေပးေရး ေတာင္းဆိုခဲ့ေပမယ့္ ကမ္းလွမ္းခ်က္က ပယ္ခ်ခံခဲ့ရတာ ျဖစ္ပါတယ္။

ေျမာက္ကိုရီးယားနိုင္ငံဟာ ကင္ဂ်ဳံးအြန္ လက္ထက္မွာ တစ္ဟုန္ထိုး ေရွ႕တိုးလုပ္ေဆာင္ခဲ့တာကို ျမင္ရတဲ့ န်ဴကလီးယားလက္နက္နဲ႔ ပဲ့ထိန္း ဒုံး က်ည္ စီမံကိန္းေတြေၾကာင့္ နိုင္ငံတကာ ဒဏ္ ခတ္ ပိတ္ဆို႔မႈမ်ားစြာကို ရင္ဆိုင္ခါးစည္းခံေနရတာပါ။

“ဇူလိုင္လအေစာပိုင္းကစၿပီး ေရေအးစြန႔္ထုတ္မႈေတြ အပါအဝင္ ဒီ ဓာတ္ေပါင္းဖို လည္ပတ္ေနတဲ့ အရိပ္အေယာင္ေတြ ျမင္ေတြ႕ရပါတယ္”လို႔ IAEA က ႏွစ္ပတ္လည္အစီရင္ခံစာမွာ ဆိုပါတယ္။

ေယာင္ႁဗြန္း ဓာတ္ေပါင္းဖိုဟာ ၂၀၁၈ ဒီဇင္ဘာကစၿပီး ၿပီးခဲ့တဲ့ ဇူလိုင္လမတိုင္ခင္အထိ သက္ဝင္လႈပ္ရွားမႈ မရွိခဲ့တာ ျဖစ္တယ္လို႔ အဲဒီ အစီရင္ခံစာ ျဖည့္စြက္ေဖာ္ျပထားပါတယ္။

IAEA စုံစမ္းေရးမႉးေတြဟာ ၂၀၀၉ ခုႏွစ္မွာ ေျမာက္ကိုရီးယားနိုင္ငံတြင္းက ႏွင္ထုတ္ခံခဲ့ရတာျဖစ္ၿပီး အဲဒီအခ်ိန္ကစလို႔ ျပင္ပကေနပဲ ေထာက္လွမ္းေစာင့္ၾကည့္ေနရေတာ့တာပါ။

အခု ဓာတ္ေပါင္းဖိုမွာ အရင္က စြန႔္ပစ္ထားခဲ့တဲ သုံးၿပီးသား ေလာင္စာေတြကေန ပလူ တို နီယံကို သီးသန႔္ခြဲထုတ္ဖို႔ အနီးနားရွိ ေရဒီယို ဓာတ္ ဓာတု ေဗဒဓာတ္ခြဲခန္းတစ္ခုကို အသုံးျပဳေနလ်က္ရွိေနတဲ့ အရိပ္အေယာင္ေတြကိုလည္း မၾကာေသးခင္က ျမင္ေတြ႕ခဲ့ရပါတယ္။

ဓာတ္ေပါင္းဖိုနဲ႔ ဓာတ္ခြဲခန္း လုပ္ငန္းလည္ပတ္ေနတဲ့ လကၡဏာေတြဟာ ‘အေတာ္ေလး ျပႆ နာႀကီး’တယ္လို႔ IAEA က ဆိုၿပီး ဒီ လုပ္ေဆာင္ခ်က္ေတြဟာ ကုလသမဂၢ ဆုံးျဖတ္ခ်က္ကို ‘ေျပာင္ေျပာင္တင္းတင္း ခ်ိဳး ေဖာက္ တာပဲ’ ျဖစ္တယ္လို႔ ျဖည့္စြက္ ေျပာခဲ့ပါတယ္။

အခု IAEA ရဲ့ အစီရင္ခံစာကို အာ႐ုံစိုက္ထားၿပီး အေမရိကန္အေနနဲ႔ အျခား မိတ္ဖက္နိုင္ငံေတြနဲ႔ အနီးကပ္ပူးေပါင္းညႇိႏွိုင္းေနေၾကာင္း နိုင္ငံျခားေရးဝန္ႀကီးဌာန အႀကီးတန္တာဝန္ရွိသူတစ္ဦးက ေျပာခဲ့ပါတယ္။

မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။