ဓာတ်ပုံဆရာတစ်ဦးရဲ့ အမှတ်တမဲ့ ရိုက်ချက်ကြောင့် ပေါင်မုန့်သည်ဘဝမှ မော်ဒယ်ဖြစ်လာခဲ့သူ

Unicode
ပေါင်မုန့်ရောင်းဖို့ ဓာတ်ပုံရိုက်ကွင်းတစ်ခုနားကို ဖြတ်လျှောက်လာရင်းက တဆင့် မော်ဒယ်ဘဝ ကို ရောက်လာသူပါ။
လမ်းမတွေပေါ် ပေါင်မုန့်လိုက်လံရောင်းချတဲ့ ကောင်မလေးတစ်ယောက်ဟာ ဓာတ်ပုံဆရာတစ်ဦးရဲ့ အမှတ်တမဲ့ ရိုက်ချက်ကြောင့် နာမည်ကျော်မော်ဒယ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
ဓာတ်ပုံဆရာက သူ့ရဲ့ ဓာတ်ပုံတွေကို ပြန်ပြီး Edit လုပ်တဲ့အချိန်မှာ ပေါင်မုန့်သည်လေးရဲ့ အလှကို သတိထားမိခဲ့တာ ဖြစ်ပါတယ်။ပေါင်မုန့်သည်လေးက နိုင်ဂျီရီးယား လမ်းမတွေပေါ်မှာ ပေါင်မုန့်လိုက်လံရောင်းချသူ ဖြစ်ပါတယ်။
ဓာတ်ပုံဆရာလည်းဖြစ်၊ သီချင်းရေးဆရာလည်းဖြစ်တဲ့ ဘယ်လိုက အဆိုတော်တစ်ယောက်နဲ့ ဓာတ်ပုံရိုက်ကွင်းမှာ ရိုက်နေကြတုန်း ကင်မရာရိုက်ချက်ထဲမှာ ပေါင်မုန့်သည်လေး ပါဝင်လာခဲ့တာပါ။
အဲဒီနောက် ပြန်လည်ပြု ပြင်ထားတဲ့ ပေါင်မုန့်သည်လေးရဲ့ ဓာတ်ပုံကို အင်စတာဂရမ်ပေါ်ကို ဘယ်လိုက တင်လိုက်ပါတယ်။ ဒီပေါင်မုန့်သည်လေးရဲ့
ပုံစံဟာ မော်ဒယ်တစ်ယောက် ဖြစ်ထိုက်တယ်လို့ မှတ်ချက်ပြုပြီး ဖြစ်လာဖို့လည်း သူတက်နိုင်သမျှ ကူညီသွားမယ်လို့ ဘယ်လိုက ရေးသားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ နိုင်ဂျီးရီးယားရဲ့ This Day Style မဂ္ဂဇင်းမှာ မျက်နှာဖုံးမှာ ပေါင်မုန့်သည်လေး အိုရီဆာဂူနာကို မော်ဒယ်အဖြစ် အသုံးပြုခဲ့ပါတယ်။
အခုတော့ အိုရီဆာဂူနာက ပေါင်မုန့်မရောင်းတော့ပါဘူး။ မော်ဒယ်အေဂျင်စီတစ်ခုနဲ့တောင် စာချုပ်ချုပ်ပြီး သွားပြီ ဖြစ်ပါတယ်။
Crd
Zawgyi
Crd
Crd
Crd