ဒ႐ုန္းျဖင့္ တိုက္ခိုက္ခံရၿပီးေနာက္ ႐ုရွားေရတပ္ဂုဏ္ျပဳပြဲကို ခ႐ိုင္မိးယားတြင္ ဖ်က္သိမ္း…

Militarily News World

ဒ႐ုန္းျဖင့္ တိုက္ခိုက္ခံရၿပီးေနာက္ ႐ုရွားေရတပ္ဂုဏ္ျပဳပြဲကို ခ႐ိုင္မိးယားတြင္ ဖ်က္သိမ္း…

႐ုရွားထိန္းခ်ဳပ္ထားတဲ့ ခ႐ိုင္မီးယားကြၽန္းဆြယ္မွာေတာ့ ႐ုရွားေရတပ္ ဂုဏ္ျပဳပြဲ ျပဳလုပ္ရန္ မူလက စီစဥ္ထားေသာ္လည္း ေရတပ္ဌာန႐ုံးခ်ဴပ္ တည္ရွိ ရာေနရာျဖစ္တဲ့ Sevastopol မွာ ဒ႐ုန္းျဖင့္ တိုက္ခိုက္မႈ ျဖစ္ပြားၿပီးေနာက္ ဂုဏ္ ျပဳပြဲ က်င္းပမည့္ အစီအစဥ္ကို ဖ်က္သိမ္းလိုက္ပါတယ္။

ေဒသဆိုင္ရာ အႀကီးအကဲျဖစ္တဲ့ မီခဲလ္းရတ္ဗိုစ္ေဟဟပ္၏ ဇူလိုင္က ၃၁ ရက္ေန႔တြင္ ေျပာၾကားခ်က္အရ ထိုတိုက္ခိုက္မႈေၾကာင့္ ဌာန႐ုံးခ်ဳပ္က ဝန္ထမ္း ၆ ဦး ဒဏ္ရာ ရရွိခဲ့ေၾကာင္း ေျပာပါတယ္။ သူကေတာ့ ပြဲကို လုံၿခဳံ ေရးေၾကာင့္ ဖ်က္သိမ္းလိုက္ေၾကာင္း ေျပာပါတယ္။

႐ုရွားဖယ္ဒရယ္လုံၿခဳံေရး႐ုံးကေတာ့ ထိုျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး စစ္ေဆးမႉ စတင္ေနၿပီျဖစ္ေၾကာင္း ဆိုပါတယ္။ မီခဲလ္းရတ္ဗိုစ္ေဟဟပ္၏ ေျပာၾကား ခ်က္အရ ထိုဒ႐ုန္းဟာ ယူကရိန္းစစ္တပ္၏ ဒ႐ုန္းျဖစ္ႏိုင္ေၾကာင္း ေျပာပါတယ္။ ႐ုရွားေရတပ္ျဖစ္တဲ့ Black Sea Fleet ကေတာ့ တိုက္ခိုက္မႈကို ေပါက္ကြဲမႈ အားနည္းေသာ ဗုံးတပ္ဆင္ထားေသာ ဒ႐ုန္းျဖင့္ တိုက္ခိုက္ျခင္းျဖစ္ေၾကာင္း ဆိုပါတယ္။

Sevastopol ဟာ ခ႐ိုင္မီးယားတြင္ အႀကီးဆုံး ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ေရ ေၾကာင္း ကုန္သြယ္မႈအတြက္ အေရးႀကီးေသာ ၿမိဳ႕ျဖစ္ၿပီး Black Sea Fleet ၏ ဌာနခ်ဳပ္တည္ရာေနရာလည္း ျဖစ္ပါတယ္။ Sevastopol ဟာ ၂၀၁၄ ခုႏွစ္တြင္ ႐ုရွားက သိမ္းပိုက္ထားေသာ္လည္း ႏိုင္ငံတကာကေတာ့ ယူကရိန္းပိုင္အျဖစ္ သာ အသိအမွတ္ျပဳေနဆဲ ျဖစ္ပါတယ္။
Crd..Naing

Unicode

ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ရုရှားရေတပ်ဂုဏ်ပြုပွဲကို ခရိုင်မိးယားတွင် ဖျက်သိမ်း…

ရုရှားထိန်းချုပ်ထားတဲ့ ခရိုင်မီးယားကျွန်းဆွယ်မှာတော့ ရုရှားရေတပ် ဂုဏ်ပြုပွဲ ပြုလုပ်ရန် မူလက စီစဉ်ထားသော်လည်း ရေတပ်ဌာနရုံးချူပ် တည်ရှိ ရာနေရာဖြစ်တဲ့ Sevastopol မှာ ဒရုန်းဖြင့် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဂုဏ် ပြုပွဲ ကျင်းပမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။

ဒေသဆိုင်ရာ အကြီးအကဲဖြစ်တဲ့ မီခဲလ်းရတ်ဗိုစ်ဟေဟပ်၏ ဇူလိုင်က ၃၁ ရက်နေ့တွင် ပြောကြားချက်အရ ထိုတိုက်ခိုက်မှုကြောင့် ဌာနရုံးချုပ်က ဝန်ထမ်း ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြောပါတယ်။ သူကတော့ ပွဲကို လုံခြုံ ရေးကြောင့် ဖျက်သိမ်းလိုက်ကြောင်း ပြောပါတယ်။

ရုရှားဖယ်ဒရယ်လုံခြုံရေးရုံးကတော့ ထိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ဆေးမှူ စတင်နေပြီဖြစ်ကြောင်း ဆိုပါတယ်။ မီခဲလ်းရတ်ဗိုစ်ဟေဟပ်၏ ပြောကြား ချက်အရ ထိုဒရုန်းဟာ ယူကရိန်းစစ်တပ်၏ ဒရုန်းဖြစ်နိုင်ကြောင်း ပြောပါတယ်။ ရုရှားရေတပ်ဖြစ်တဲ့ Black Sea Fleet ကတော့ တိုက်ခိုက်မှုကို ပေါက်ကွဲမှု အားနည်းသော ဗုံးတပ်ဆင်ထားသော ဒရုန်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဆိုပါတယ်။

Sevastopol ဟာ ခရိုင်မီးယားတွင် အကြီးဆုံး မြို့တစ်မြို့ဖြစ်ပြီး ရေ ကြောင်း ကုန်သွယ်မှုအတွက် အရေးကြီးသော မြို့ဖြစ်ပြီး Black Sea Fleet ၏ ဌာနချုပ်တည်ရာနေရာလည်း ဖြစ်ပါတယ်။ Sevastopol ဟာ ၂၀၁၄ ခုနှစ်တွင် ရုရှားက သိမ်းပိုက်ထားသော်လည်း နိုင်ငံတကာကတော့ ယူကရိန်းပိုင်အဖြစ် သာ အသိအမှတ်ပြုနေဆဲ ဖြစ်ပါတယ်။
Crd..Naing

 

Crd