ဒေါ်လာ ၂၄ သန်းတန် ရေခဲသေတ္တာ
ဒီရေခဲသေတ္တာက ဘာကြောင့် ဈေးကြီးရတာလဲ၊ ဘာအမျိုးအစားလဲ ဆိုရင်တော့ပြောပြပါ့မယ်။ အမေရိကန်သမ္မတတွေ စီးတဲ့ Air force one ဆိုတဲ့လေယာဉ်မှာ တပ်ဆင်ထားလို့ပါဘဲ။
လွန်ခဲ့တဲ့ ၄ နှစ်က Air Force One လေယာဉ်ကို ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။ အသေးဆုံးဆိုတဲ့ အပြစ်ကလေးတောင် ဒီလေယာဉ်ကို အဖြစ်မခံကြပါဘူး။
ဒီလိုနဲ့ ဒိတ်အောက်နေတဲ့ ရေခဲသေတ္တာ အဟောင်းကို အသစ်နဲ့ လဲလှယ်ခဲ့ပါတယ်။ အဟောင်းဟာ ၁၉၉၀ ခုနှစ် မတိုင်ခင် ကတည်းကပါ။
ဒီရေခဲသေတ္တာလို မိုင်နာကေ့စ် လေးက ဘာဖြစ်လို့ဈေးကြီးရတာလဲ။ ဘယ်လောက်အရေးကြီးလို့လဲ။ရှင်းပါ့မယ်။ ဒီရေခဲသေတ္တာမှာ အပူ၊ အအေး function နှစ်မျိုးလုံးလိုပါတယ်။
အစားအသောက်တွေကလဲ လေယာဉ်မှာ အမြဲတန်း အဆင်သင့်ရှိနေဖို့လိုပါတယ်။ ကြာနေတဲ့အစားအသောက်တွေလဲ မဖြစ်ရပါဘူး။ဒီအတွက် အသင့်တော်ဆုံးဖြစ်ဖို့ စဉ်းစားရပါတယ်။
အစားအသောက်ပမာဏကလဲ အများကြီးလိုအပ်တာဖြစ်တဲ့အတွက် သိုလှောင်ဖို့နေရာကလဲ ကျယ်ဝန်းရမှာ ဖြစ်ပါတယ်။ ပွဲအရေအတွက်က ၃၀၀၀ စာလောက်ရှိထားရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီစပါယ်ရှယ် ရေခဲသေတ္တာဟာ ၂၄ သန်းတန်ကြေး ရှိသွားရတာ ဖြစ်ပါတယ်။
Air Force One အကြောင်း စကားစပ်လို့ နဲနဲ တင်ပြချင်ပါသေးတယ်။ တကယ်တော့ Air Force One ဆိုတာ စကားဝှက်အမည်ဖြစ်ပြီး အမေရိကန်သမ္မတဟာ ဘယ်လိုလေယာဉ်ပေါ်မှာရှိရှိ အဲဒီလေယာဉ်ကို Air Force One လို့ဘဲ သတ်မှတ်ကြပါတယ်။
Air Force One ဟာ နှစ်စီးရှိပြီး Boeing 747-200Bs အမျိုးအစားတူတွေ ဖြစ်ကြပါတယ်။ နံပါတ်တွေကတော့ 28,000 နဲ့ 29,000 အသီးသီး ဖြစ်ကြပါတယ်။
သူတို့မှာ အထူးဆက်သွယ်ရေးစနစ်တွေတပ်ဆင်ထားပါတယ်။ လျှပ်စစ်ဓါတ်အားစနစ်ကလဲ အထူးပြုလုပ်ထားပါတယ်။ ဒီအပြင် လျှပ်စစ်သံလိုက်စက်ကွင်းတွေ ထုတ်လွှတ်ပြီး ရန်သူရဲ့ရေဒါတို့ နှောင့်ယှက်မဲ့လှိုင်းတို့ကို ကာကွယ်ဖို့ပြုလုပ်ထားပါတယ်။ ICRM (InfraredCountermeasure ) လို့ ခေါ်ပါတယ်။ အပူရှာဒုံးကျည်နဲ့ တိုက်ခိုက်ခံရရင်လဲ ပစ်မှတ်အတုလို့ခေါ်နိုင်တဲ့ flare တွေဖြန့်ကြဲပြီး ကာကွယ်နိုင်ပါတယ်။
ဒီလေယာဉ်ကို တိုက်ပွဲအတွင်း အမိန့်ပေးကွပ်ကဲမှုဌာနချုပ်အနေနဲ့ သုံးလို့ရအောင် ပြုလုပ်ထားပါတယ်။ ဝေဟင်ဆီဖြည့်စနစ်ကတော့ လေတပ်အတွက် မပါမနေရဖြစ်လို့ ဒီလေယာဉ်မှာလဲ ပါဝင်ပြီး ခရီးစဉ်မရပ်မနားပျံနိုင်ဖို့အထောက်အကူဖြစ်စေပါတယ်။
သမ္မတအတွက် အိပ်ခန်း၊ ဆေးခန်း၊ မီးဖိုချောင်၊ အကြံပေး သက်တော်စောင့်တွေအပြင် သတင်းသမားတွေအတွက်လဲ နေရာအလုံအလောက် ပါရှိပါတယ်။
Air Force One အမည်နဲ့ ပထမဆုံး စီးနင်းခဲ့သူက သီအိုဒို ရုစဗဲ့ဖြစ်ပြီး ၁၉၁၀ ခုနှစ်မှာ မစ်ဆူရီပြည်နယ်၊ကင်းလော့ဖီးမှာ ရိုက်ဘရားသားတို့နဲ့ စီးနင်းခဲ့တာဖြစ်ပါကြောင်း ရှာဖွေတင်ပြလိုက်ရပါတယ်။
Knight News Team
Crd