ဒေါ်လာသန်း ၁၀၀တန် ကြယ်နီလာတုံးကြီးကို သီရိလင်္ကာမှာ အမှတ်မထင်ရှာတွေ့

News

သီရိလင်္ကာအာဏာပိုင်တွေရဲ့ထုတ်ပြန်ချက်အရ နိုင်ငံသားတဦးဟာ ကမ္ဘာ့အကြီးဆုံး ကြယ်နီလာတုံးကြီးလို့ယူဆရတဲ့ကျောက်တုံးတတုံးကို သူ့ရဲ့ခြံ အနောက်ကနေ အမှတ်မထင်တွေ့ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအင်တာနေရှင်နယ်ဈေးကွက်တန်ဖိုးအရ ဒေါ်လာသန်း ၁၀၀ အထိတန်ကြေးရှိနေတဲ့ အဆိုပါကျောက်တုံးကို အမျိုးသား ခြံထဲကမြေကြီးကို အမှတ်မထင်တူးရင်းတွေ့ခဲ့တာပါ။ တွေ့ခဲ့ချိန်မှာ အပြာရောင်သမ်းနေတဲ့ ကျောက်တုံးဟာ တန်ဖိုးရှိမှာကို နားလည်ခဲ့ချိန် အစိုးရကိုအကြောင်းကြားခဲ့ပါတယ်။

ခြံကလည်း သီရိင်္ကာမှာ ကျောက်စိမ်းတွေမကြာခဏတူးရတတ်တဲ့ ရတ္တနာပူရခရိုင်ထဲမှာရှိနေတဲ့အတွက် အခုလိုတွေ့တာဟာ ရတနာကြောအသစ်တွေ့တာဖြစ်မလားက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ၅၁၉ ကီလိုဂရမ်အလေးချိန်၊ ၂.၅သန်း ကာရက်ရှိတဲ့ကျောက်တုံးကို လောလောဆယ်မှာ Serendipity Sapphire လို့နာမည်ပေးထားပါတယ်။

တူးဖော်ရထားတဲ့အမျိုးသားရဲ့နာမည်ကိုတော့ လုံခြုံရေးအရ မဖော်ပြထားဘူးလို့ ဘီဘီစီသတင်းဌာနကဆိုပါတယ်။ ကာလပေါက်ဈေးရဲ့တန်ဖိုးတခုကို မဖြစ်မနေပေးရမှာဖြစ်တဲ့အတွက် သန်းကြွယ်သူဌေးဖြစ်တော့မှာကြောင့်ပါ။ ဒေါ်လာသန်း (၁၀၀)ဟာ မြန်မာငွေနဲ့ဆို သိန်း တသောင်း (၁၆၄)ခါရှိပါတယ်။

ကျောက်တုံးမှာ အရည်အသွေးကောင်းတဲ့ နီလာတွေစုပြုံနေတဲ့အတွက် သီးသန့်စုဆောင်းချင်တဲ့သူ ဒါမှမဟုတ် ပြတိုက်အတွက်သုံးချင်တဲ့သူကိုပဲ ရောင်းချသွားဖို့ရှိနေပါတယ်။ အစိုးရကတော့ ဘာမှမထပ်မထုတ်ပြန်ထားဘဲ လက်ရှိမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Ref:BBC

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi

Leave a Reply