ဒေါ်လာစျေး တက်သော်လည်း ဆီစျေး လိုက်မတက်သေးတဲ့ နောက်ကွယ်က စဉ်းစားစရာ

ဒေါ်လာစျေးတက်ရင် ဆီစျေးလည်း တက်ပါတယ်။ ဒေါ်လာစျေးကျရင် ဆီစျေးလည်း ကျပါတယ်။ ဆီဆိုင်တွေဟာ တက်ရင်တက်စျေး ကျရင်ကျစျေးနဲ့ ရောင်းနေတဲ့ဆိုင်တွေပါ။
မနေ့ကလို ငွေစျေးငြိမ်တဲ့အချိန်မှာ 92 တစ်လီတာကို 1995 Kyats ပါ။ ဒီနေ့လို Bank ပိတ်ရက် ဒေါ်လာစျေး ကမောက်ကမဖြစ်နေတဲ့ရက်မှာ 92 တစ်လီတာကို 1985 Kyats ပါ။ ဆီစျေးမတက်ပါဘူး ဒါကတပိုင်းပါ။ နောက်တပိုင်းကတော့ ကျနော်တို့ ဒီနေ့ရွှေစျေးကိုလည်း စောင့်ကြည့်ရပါမယ် ရွှေစျေးလည်း ငြိမ်တယ်ဆိုရင် ဘာမှမစိုးရိမ်ပါနဲ့။
မြန်မာငွေတန်ဘိုးကျဆင်းခြင်းဟာ လူတွေအစိုးရိမ်လွန်ပြီး ဒေါ်လာ ရွှေ မြေ ကားတွေ စွတ်ဝယ်မှသာ စျေးတွေတက်ပြီး မြန်မာငွေတန်ဘိုး ကျလာတာပါ။ ဒီအချိန်မှာ မလိုအပ်ရင် ဘာမှ မဝယ်ပါနဲ့ ကိုယ်နားမလည်တဲ့အလုပ်ကိုလည်း ဝင်မလုပ်ပါနဲ့။ ပထမပိုင်းတွေမှာ လူတချို့ဟာ သူတို့နားမလည် မကျွမ်းကျင်တဲ့အလုပ်တွေကို ဝင်လုပ်မိလို့ ပိုက်မိပြီး ရှိတဲ့ပိုက်ဆံ ပရုပ်လုံးလို အငွေ့ပျံသွားတာတွေ အများကြီးပါ။
ခင်ဗျာတို့ သိထားရမှာက စီးပွားရေးသမားတွေဟာ ရွှေစျေး ဒေါ်လာစျေး ကားစျေး အိမ်ခြံမြေစျေးကို ခုလို ကမောက်ကမဖြစ်ပြီး စျေးအမြင့်ဆုံးရတဲ့အချိန်တွေမှာ ထုတ်ရောင်းကြ ပြန်ဝယ် ပြန်ရောင်းကြပါတယ်။ နောက်ဆုံး ဝယ်လိုအားမရှိတော့တဲ့အချိန်ရောက်လာမှ သူတို့ဟာ အထုပ်ပိုက်ပြီး စျေးကွက်အပြင်စည်းဝိုင်းကို ထွက်သွားကြတာပါ။ ဘယ်စီးပွားရေးသမားမှ ခုလို ဒေါ်လာစျေး ကမောက်ကမ ဖြစ်တဲ့အချိန် ဒေါ်လာ မဝယ်ပါဘူး။
ကျနော်လည်း မဝယ်ပါဘူး။ ဒေါ်လာဆိုတာ ကျနော်တို့လို Import သမားတွေ အမြဲဝယ်နေရတဲ့ Currency ပါ။ ကျနော် ဒေါ်လာ စျေးတက်ရင် မဝယ်ပါဘူး။ ဘာကြောင့်မဝယ်လဲဆိုတော့ အတက်စျေးနဲ့လိုက်ဝယ်ရင် အဲ့ဒီ ဒေါ်လာစျေး ကျဖို့မရှိတော့သလို ကုန်ပစ္စည်းတွေကိုလည်း ကျနော်တို့ဟာ အတက်စျေးနဲ့ ရောင်းရပါလိမ့်မယ်။
ဆင်းရဲတဲ့တိုင်းသူပြည်သားတွေကို ကျနော်တို့ ဘယ်လိုလုပ်ပြီး အတက်စျေးနဲ့ ရောင်းလို့ရမလဲ။ အတက်စျေးနဲ့ ရောင်းမယ်ဆိုရင် လက်တစ်စုပ်စာ လူတစုကိုပဲ ကျနော်တို့ ရောင်းလို့ရမှာပါ။ မြန်မာပြည်သူ သန်း ၅၀ ကျော်ကို ရောင်းချင်ရင် ဒေါ်လာ0စျေးကျမှ ရောင်းလို့ရမှာ ဖြစ်တာကြောင့် ကျနော်တို့ Import သမားတွေဟာ ဒေါ်လာစျေး ၃၀၀၀ ကျော်ရင်ကို ဝယ်တာလျော့လိုက်ပါပြီ။ မဖြစ်မနေ လိုအပ်မှသာ ဝယ်ကြပါတယ်။
ဒေါ်လာစျေး ၃၀၀၀ အောက်ရောက်တဲ့အချိန်မှာတောင် လိုအပ်သလောက်ပဲ ဝယ်ပါတယ်။ ဒါကြောင့် ဒေါ်လာဆိုတာဟာ သူတက်သွားတိုင်း လိုက်ဝယ်တဲ့သူရှိမှ တက်တဲ့အမျိုးပါ။
ကျနော်တို့ကလည်း သူတက်တိုင်း လိုက်မဝယ်လို့ ဒေါ်လာစျေးဟာ 2900 ဝန်းကျင်မှာ ငြိမ်နေတာပါ။ ယခု ငွေစျေးကမောက်ကမ ဖြစ်တဲ့အချိန်မှာ ကျနော်တို့ ဒေါ်လာ မဝယ်ပါဘူး။ ဒါကြောင့် တက်ချင်တိုင်းတက်နေတဲ့ ဒေါ်လာစျေးဟာ များမကြာမှီမှာ ပြန်ငြိမ်သွားမှာပါ။
အရမ်းလည်း မစိုးရိမ်ကြပါနဲ့။ ပုံမှန်အတိုင်းလေးပဲ လုပ်စရာရှိတာလုပ်ပါ။ အကိုတယောက်ပြောသလိုပြောရမယ်ဆိုရင် ကျနော်တို့နိုင်ငံဟာ BlackList ထိတာပါ Sanction ထိတာ မဟုတ်ပါဘူး။ အားလုံးပဲ နားလည် သဘောပေါက်နိုင်ကြပါစေ။ အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။ (AMH)
Crd