ဒေဝါလီခံပြီး အကြွေးသန်းရာနဲ့ချီရှိခဲ့ပေမဲ့ စိတ်ဓာတ်မကျဘဲ အကြွေးဆပ်ဖို့ ဝက်အူချောင်းကြိုးစားရောင်းနေတဲ့ သန်းကြွယ်သူဌေးဟောင်း

ဒေဝါလီခံပြီး အကြွေးသန်းရာနဲ့ချီရှိခဲ့ပေမဲ့ စိတ်ဓာတ်မကျဘဲ အကြွေးဆပ်ဖို့ ဝက်အူချောင်းကြိုးစားရောင်းနေတဲ့ သန်းကြွယ်သူဌေးဟောင်း





JRose(Tgidailynews)

Zawgyi

ဒေဝါလီခံပြီး အကြွေးသန်းရာနဲ့ချီရှိခဲ့ပေမဲ့ စိတ်ဓာတ်မကျဘဲ အကြွေးဆပ်ဖို့ ဝက်အူချောင်းကြိုးစားရောင်းနေတဲ့ သန်းကြွယ်သူဌေးဟောင်း

တရုတ်နိုင်ငံ အရှေ့ဘက် ဟန်ကျိုးရှိ လမ်းပေါ်မှာ Live ထုတ်လွှင့်နေစဉ်အတွင်း ဝက်အူချောင်းကင်ရောင်းတဲ့ လူလတ်ပိုင်းတစ်ဦး ရှိနေတွေ့ဆုံခဲ့ပါတယ်။ ကြည့်ရတာ ပျော်နေပေမယ့် နောက်ကွယ်က ဇာတ်လမ်းဟာ တော်တော်ကို ကြေကွဲစရာကောင်းပါတယ်။ ဒီအမျိုးသားဟာ အရင်တုန်းကတော့ Qingdao မှာရှိတဲ့ နာမည်ကြီး စားသောက်ဆိုင်တစ်ခုရဲ့ ပိုင်ရှင်ဖြစ်ခဲ့ပါတယ်။ ယခုမှာတော့ သူက ယွမ် ၄၆ သန်း အကြွေးတင်နေတဲ့ အကင်ရောင်းသည်အမျိုးသားတစ်ဦးသာ ဖြစ်ပါတယ်။

အဆိုပါအမျိုးသားဟာ အသက် ၅၂ နှစ်အရွယ် “Mr. Tang Jian” ဆိုတဲ့ ယခင်က အောင်မြင်သော စီးပွါးရေးသမားတစ်ဦးပါ။ နာမည်ကြီး စားသောက်ဆိုင်တွေ အများကြီးရှိတဲ့အပြင် ဇိမ်ခံဘဝဖြင့် ဇိမ်ခံကားတစ်စီး၊ ဇိမ်ခံအိမ်တစ်လုံးရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၀၅ ခုနှစ်မှာ တတ်နိုင်သမျှ ငွေအများဆုံးရှာနိုင်ရန်၊ သူက အင်ဂျင်နီယာလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ဒီလိုလုပ်ငန်းမျိုး တစ်ခါမှ မကြုံဖူးတဲ့အတွက် သူ့ရဲ့ ကံကြမ္မာတွေ ပြောင်းလဲလာတာကြောင့် သူရင်းနှီးမြုပ်နှံထားလေ၊ ပိုရှုံးလေဖြစ်ပြီး မစ္စတာ Tang က သူ့ပိုက်ဆံတွေ၊ စားသောက်ဆိုင်တွေ၊ အိမ်တွေ၊ ကားတွေ တဖြည်းဖြည်း ဆုံးရှုံးသွားပါတယ်။

သူပိုင်တဲ့ပစ္စည်းတွေကို အကုန် ကုန်ပြီး အကြွေးများစွာတင်ခဲ့ပါတယ်။ သူ့ဘဝက ရှုံးနိမ့်မှုတွေနဲ့ အဆုံးသတ်သွားပါတယ်။ နောက်ဆုံးမှာ သူက စားသောက်ကုန်လုပ်ငန်းသို့ ပြန်သွားရန် ရွေးချယ်ခဲ့ပြီး ဝက်အူချောင်းကင်ရောင်းရန် ဆုံးဖြတ်လိုက်ပါတယ်။ မစ္စတာ Tang က သူ့အကြွေးတွေအားလုံးကို ဘယ်အချိန်မှ အကုန်ဆပ်နိုင်မယ်ဆိုတာ မသေချာဘူးလို့ ပြောပါတယ်။ ဒါပေမယ့် အကောင်းဆုံးကြိုးစားပြီး အောင်မြင်မယ်လို့ သူကယုံကြည်နေပါတယ်။

မစ္စတာ Tang က အလုပ်ပြုတ်သွားသူများ (သို့) အခက်အခဲများကြုံတွေ့ရသူများကို ခွန်အားနဲ့ ရပ်တည်ရန် အားပေးတိုက်တွန်းခြင်းများနဲ့အတူ “ကျွန်တော်တို့တစ်ယောက်ချင်းစီမှာ စိန်ခေါ်မှုတွေရှိကြပြီး မတူညီတဲ့အခက်အခဲတွေကို ရင်ဆိုင်ရပါတယ်။ အနိုင်ယူလို့ မရတဲ့စိတ်ဓာတ်ကို ကျွန်တော်တို့ ဆုပ်ကိုင်ထားရမယ်။ ဒုက္ခတွေကို အေးအေးဆေးဆေး ရင်ဆိုင်ဖို့ သင်ယူပြီး သတ္တိရှိရှိနဲ့ ရှေ့ကို လျှောက်လှမ်းရမယ် “ ဆိုပြီး မစ္စတာ Tang က စိတ်ခွန်းအားတွေရစေတဲ့ စကားကိုပြောလာခဲ့ပါတယ်။ မစ္စတာTang ရဲ့ အဖြစ်အပျက်က ဆိုရှယ်မီဒီယာပေါ်မှာ သန်းနှင့်ချီပြီး စွဲမှတ်သွားခဲ့ပါတယ်။ သူ့ရဲ့ စိတ်ရှည်သည်းခံမှုနဲ့ စိတ်သဘောထားကောင်းတို့ကိုလူများစွာက ချီးကျူးကြပါတယ်။

JRose(Tgidailynews)

Crd

Crd