ဒုတိယကမ္ဘာစစ်အတွင်း နစ်မြုပ်သွားတဲ့ အမေရိကန်စစ်သင်္ဘောကို ကမ္ဘာ့အနက်ရှိုင်းဆုံးနေရာမှာ ရှာဖွေတွေ့ရှိ

News Social News






crd-

ဇော်ဂျီ

ဒုတိယကမ္ဘာစစ်အတွင်း နစ်မြုပ်သွားတဲ့ အမေရိကန်စစ်သင်္ဘောကို ကမ္ဘာ့အနက်ရှိုင်းဆုံးနေရာမှာ ရှာဖွေတွေ့ရှိ

ဒုတိယကမ္ဘာစစ်အတွင်းက နစ်မြုပ်သွားခဲ့တဲ့ အမေရိကန် ဖျက်သင်္ဘော ယူအက်စ်အက်စ် ဆမ်မြူရယ်ဘီရောဘတ် ကို ကမ္ဘာ့အနက်ရှိုင်းဆုံးနေရာမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီသင်္ဘောဟာ ၁၉၄၄ ခုနှစ်က ဆာမာတိုက်ပွဲအတွင်း ဖိလစ်ပိုင်ပင်လယ်မှာ ပေ ၂၂၆၂၁ ပေအနက်ကို နစ်မြုပ်သွားခဲ့ပါတယ်။ တက္ကဆက်ပြည်နယ်က ရေနက်ပိုင်းရှာဖွေရေး ရေငုပ်သင်္ဘောပိုင်ဆိုင်တဲ့ ငွေကြေးထောက်ပံ့သူ

လူစွန့်စား ဗစ်တာ ဗက်စကိုဗိုက အဲ့ဒီသင်္ဘောပျက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အများစုဟာ အကောင်းပကတိအတိုင်း ရှိနေတယ်လို့ ဆိုပါတယ်။ ယူအက်စ်အက်စ် ဆမ်မြူရယ်ဘီ ရောဘတ်ဟာ ဂျပန်တပ်တွေကို ရပ်ရပ်ချွံချွံ တိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ အမေရိကန် စစ်သင်္ဘောဖြစ်ပါတယ်။ လက်နက်အများအပြားတပ်ဆင်ထားတဲ့ အဲ့ဒီသင်္ဘောဟာ မနစ်မြုပ်ခင်မှာ ရန်သူသင်္ဘောများစွာက

စိတ်ပျက်ကြောက်ရွံ့ခဲ့ရတဲ့ သင်္ဘောဖြစ်ပါတယ်။ ဆမ်မြူရယ်ဘီရောဘတ် သင်္ဘောပေါ်မှာ အမှုထမ်း ၂၂၄ ဦးလိုက်ပါသွားခဲ့ပြီး ၈၉ ဦးသေဆုံးကာအသက်ရှင်သူ ၁၂၀ဟာ ကယ်ဆယ်ရေးအဖွဲ့တွေကို စောင့်ရင်း ဖောင်နဲ့ နာရီပေါင်း ၅၀ကြာ ရေထဲမှာမျောပါနေခဲ့ပါတယ်။ ဆမ်မြူရယ်ဘီရောဘတ်ဟာ ဂျပန် ခရုဇ်သင်္ဘောကြီးနဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ရင်း နစ်မြုပ်သွားခဲ့တာဖြစ်ပြီး

လက်နက်ကြီးထိမှန်ထားတဲ့ နေရာကိုလည်း တွေ့ရကြောင်း မစ္စတာ ဗက်စကိုဗိုက ပြောကြားပါတယ်။ ဒီသင်္ဘောရှာဖွေတွေ့ရှိတဲ့ နေရာဟာ ကမ္ဘာမှာ သင်္ဘောပျက်ရှာဖွေတွေ့ရှိသမျှထဲမှာ အနက်ရှိုင်းဆုံးနေရာဖြစ်ကြောင်း သူကပြောကြားပါတယ်။ ဆာမာတိုက်ပွဲအတွင်း ဆမ်မြူရယ်ဘီရောဘတ်အပါအဝင် ဂျပန်နဲ့ အမေရိကန် စစ်သင်္ဘောများစွာဟာ ရေအောက်ကို နစ်မြုပ်သွားခဲ့တယ်လို့ သိရပါတယ်။

crd-

Crd