TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ဒါဇင်ပေါင်းများစွာကားများ အရည်ပျော်ကျသွားခြင်း

ဒါကတော့ သာမန်ကားတွဟာ မီးတောက်အနီးရောက်သွားရင် ဘယ်လိုဖြစ်မလဲဆိုတာပဲဖြစ်ပါတယ်။ တကယ်လို့ မီးက ပြင်းရင် ပတ်ဝန်းကျင်က လေထုအပူချိန်ဟာ မြင့်တက်သွားပြီး ပလတ်စတစ်တွေကိုသာမက မာကျောတဲ့သတ္တုတွေကိုပါ အရည်ပျော်စေပါတယ်။

ဒီလိုအဖြစ်အပျက်မျိုးကို ၂၀၁၈ ခုနှစ် ဇွန်လမှာ ဖြစ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ အရီဇိုးနား တက္ကသိုလ် နားကဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ မီးလောင်ခဲ့တုန်းကဆိုရင် အနီးအနားက ကားပါကင်မှာရပ်ထားတဲ့ ကား ဒါဇင်ပေါင်းများစွာဟာ အရည်ပျော်ကြခဲ့တာပါ။

စကားမစပ် မှတ်တမ်းတွေအရ အရီဇိုးနာဟာ အမေရိကန်ပြည်ထောင်စုတစ်ခုလုံးရဲ့ အပူဆုံးပြည်နယ်တစ်ခုဖြစ်ပါတယ်။ တစ်ခါတလေ သူတို့ရဲ့ အပူချိန်ဟာအစွန်းရောက်နေတတ်ပြီး ကားရှေ့ဖုံးမှာဆိုရင်နယ်ခံတွေက ကွတ်ကီးတောင်ဖုတ်တတ်ကြပါတယ်။ လမ်းပြဆိုင်းဘုတ်တွေလည်း အရည်ပျော်ကြခဲ့သလို။ ကားမောင်းသမားတွေဆိုရင် သူတို့ရဲ့ စတီယာဘီးတွေဟာ အလွန်ပူတာကြောင့် မုန့်ဖုတ် လက်အိတ်တောင်ဝတ်ပြီး ကားမောင်းကြရပါတယ်။

ဒါပေမယ့် အဲရီဇိုးနာတစ်ခုတည်းကကားတွေ အရည်ပျော်တဲ့နေရာတော့မဟုတ်ပါဘူး။ ၂၀၁၃ ခုနှစ် မှာ အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုရဲ့မြို့တစ်မြို့ဖြစ်တဲ့ ဒန်ဗာအရပ်မှာ အလားတူ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါသေးတယ်။ ဆောက်လုပ်ရေးလုပ်ငန်းမှာလောင်တဲ့မီးဟာ အလွန်ပြင်းတာကြောင့် အနီးအနားက ပြတင်းပေါက်တွေ ကားတွေ ကိုအရည်ပျော်ကျစေခဲ့ပါတယ်။

ကားအဖုံးတွေက အပူချိန်ကိုမခံနိုင်တာကြောင့် နေပူပူအောက်က ရေခဲမုန့်လို အရည်ပျော်ကြတာပါ။
Ref:youtube
Trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■ဒါဇင္ေပါင္းမ်ားစြာကားမ်ား အရည္ေပ်ာ္က်သြားျခင္း
ဒါကေတာ့ သာမန္ကားတြဟာ မီးေတာက္အနီးေရာက္သြားရင္ ဘယ္လိုျဖစ္မလဲဆိုတာပဲျဖစ္ပါတယ္။ တကယ္လို႔ မီးက ျပင္းရင္ ပတ္ဝန္းက်င္က ေလထုအပူခ်ိန္ဟာ ျမင့္တက္သြားၿပီး ပလတ္စတစ္ေတြကိုသာမက မာေက်ာတဲ့သတၱဳေတြကိုပါ အရည္ေပ်ာ္ေစပါတယ္။
ဒီလိုအျဖစ္အပ်က္မ်ိဳးကို ၂၀၁၈ ခုႏွစ္ ဇြန္လမွာ ျဖစ္ခဲ့ပါတယ္။ အေမရိကန္နိုင္ငံ အရီဇိုးနား တကၠသိုလ္ နားကေဆာက္လုပ္ေရးလုပ္ငန္းတစ္ခုမွာ မီးေလာင္ခဲ့တုန္းကဆိုရင္ အနီးအနားက ကားပါကင္မွာရပ္ထားတဲ့ ကား ဒါဇင္ေပါင္းမ်ားစြာဟာ အရည္ေပ်ာ္ၾကခဲ့တာပါ။
စကားမစပ္ မွတ္တမ္းေတြအရ အရီဇိုးနာဟာ အေမရိကန္ျပည္ေထာင္စုတစ္ခုလုံးရဲ့ အပူဆုံးျပည္နယ္တစ္ခုျဖစ္ပါတယ္။ တစ္ခါတေလ သူတို႔ရဲ့ အပူခ်ိန္ဟာအစြန္းေရာက္ေနတတ္ၿပီး ကားေရွ႕ဖုံးမွာဆိုရင္နယ္ခံေတြက ကြတ္ကီးေတာင္ဖုတ္တတ္ၾကပါတယ္။ လမ္းျပဆိုင္းဘုတ္ေတြလည္း အရည္ေပ်ာ္ၾကခဲ့သလို။ ကားေမာင္းသမားေတြဆိုရင္ သူတို႔ရဲ့ စတီယာဘီးေတြဟာ အလြန္ပူတာေၾကာင့္ မုန႔္ဖုတ္ လက္အိတ္ေတာင္ဝတ္ၿပီး ကားေမာင္းၾကရပါတယ္။
ဒါေပမယ့္ အဲရီဇိုးနာတစ္ခုတည္းကကားေတြ အရည္ေပ်ာ္တဲ့ေနရာေတာ့မဟုတ္ပါဘူး။ ၂၀၁၃ ခုႏွစ္ မွာ အေမရိကန္ျပည္ေထာင္စု ေကာ္လိုရာဒိုရဲ့ၿမိဳ႕တစ္ၿမိဳ႕ျဖစ္တဲ့ ဒန္ဗာအရပ္မွာ အလားတူ ျဖစ္ရပ္တစ္ခုျဖစ္ခဲ့ပါေသးတယ္။ ေဆာက္လုပ္ေရးလုပ္ငန္းမွာေလာင္တဲ့မီးဟာ အလြန္ျပင္းတာေၾကာင့္ အနီးအနားက ျပတင္းေပါက္ေတြ ကားေတြ ကိုအရည္ေပ်ာ္က်ေစခဲ့ပါတယ္။
ကားအဖုံးေတြက အပူခ်ိန္ကိုမခံနိုင္တာေၾကာင့္ ေနပူပူေအာက္က ေရခဲမုန႔္လို အရည္ေပ်ာ္ၾကတာပါ။
Ref:youtube
Trans:thegeektext