ထွက်ခွာခါနီးနောက်ဆုံးအချိန်မှာ တာလီဘန်တွေကို ပညာပြခဲ့တဲ့ အမေရိကန်တပ်သားများ
Militarily News
ထွက်ခွာခါနီးနောက်ဆုံးအချိန်မှာ တာလီဘန်တွေကို ပညာပြခဲ့တဲ့ အမေရိကန်တပ်သားများ
တနင်္လာနေ့ညမှာ အာဖဂန်ကနေ အပြီးသတ်ထွက်ခွာခဲ့ပြီဖြစ်တဲ့ အမေရိကန်တပ်ဖွဲ့ဟာ မထွက်ခွာခင်အချိန်မှာ ကဘူးလ်လေဆိပ်ရုံမှာရှိတဲ့ သူတို့ရဲ့ရဟတ်ယာဉ်တွေနဲ့ သံချပ်ကာယာဉ်၊ လက်နက်စနစ်တွေကို ပိတ်ပစ်ထားခဲ့တယ်လို့ သိရပါတယ်။ဒါဟာ ကျန်ရစ်ခဲ့တဲ့ စစ်လက် နက်ပစ္စည်းတွေကို တာလီဘန်တွေ လွယ်လင့်တကူအသုံးမပြုနိုင်အောင် အမေရိကန်ဘက်က စနစ်တကျနဲ့ ပိတ်ဆို့မှုလည်း ဖြစ်ပါတယ်။
အမေရိကန်တပ်တွေထွက်ခွာပြီး မကြာခင်မှာပဲ တာလီဘန်တွေဟာ လေဆိပ်ရုံအတွင်းကို ရောက်ရှိလာခဲ့တာကို သတင်းထောက်တစ်ဦးက တွစ်တာပေါ်မှာ ဗီဒီယိုဖိုင်ပြန်လည်မျှဝေခဲ့ပါတယ်။ အဆိုပါဗီဒီယိုအတွင်းမှာ တာလီဘန်လက်နက်ကိုင်တွေဟာ အမေရိကန်စစ်တပ်က ချန်ထားရစ်ခဲ့တဲ့ Chinook ရဟတ်ယာဉ်တွေကို စစ်ဆေးမှုတွေပြုလုပ်နေပုံတွေပါဝင်ခဲ့ပြီး အမေရိကန်တွေရဲ့ စနစ်ပိတ်ဆို့ထားခဲ့မှုကြောင့် အခက်တွေ့နေခဲ့ရပါတယ်။
ကန်တပ်ဖွဲ့ဟာ လေယာဉ် ၇၃ စီး၊ အဆင့်မြင့်နည်းပညာသုံးဒုံးကျည်ကာကွယ်ရေးစနစ်၊ သံချပ်ကာယာဉ်ယန္တရားတွေကို အသုံးပြုလို့မရအောင် ပြုလုပ်ခဲ့တာလို့ India Today က ဖော်ပြခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့ရဲ့ ယူနီဖောင်းတွေလို့ ယူဆရတဲ့ အဝတ်အစားတွေကို တာလီဘန်တွေက ဝတ်ဆင်ထားပြီး လေယာဉ်ရုံအတွင်း လက်နက်ကိုင်ဝင်ရောက်လာခဲ့ကာ သူတို့အတွက် အသုံးပြုလို့ရမလားဆိုတာကို စူးစမ်းနေခဲ့ကြပါတယ်။
“အဲဒီလေယာဉ်တွေက ဘယ်တော့မှပျံသန်းလို့ရမှာမဟုတ်ဘူး၊ သူတို့လည်း စီမံခန့်ခွဲတတ်မှာမဟုတ်ပါဘူး၊ အများစုက အစပြုလုပ်ဆောင်နိုင်စွမ်းမရှိတဲ့ မစ်ရှင်တွေပါ၊ ဒါပေမယ့် သေချာတာကတော့ သူတို့ဘယ်တော့မှ ဒါကိုပျံသန်းနိုင်ခွင့်ရမှာမဟုတ်ဘူးဆိုတာပါပဲ” လို့ အမေရိကန်ဗိုလ်ချုပ်ကြီး Kenneth McKenzie က ပြောကြားခဲ့တယ်လို့ သိရပါတယ်။…
အမေရိကန်ဟာ လက်နက်စနစ်တွေကို IS တွေရဲ့ ဒုံးကျည်တွေကို တန်ပြန်တိုက်ခိုက်ဖို့အတွက် နောက်ဆုံးအချိန်အထိ အသုံးပြုခဲ့ပါသေးတယ်။ သူတို့ထွက်ခွာခါနီးချိန်မှာမှ စနစ်ကို ပိတ်သိမ်းခဲ့တာဖြစ်တယ်လို့ အစီရင်ခံစာတွေမှာ ဖော်ပြပါရှိခဲ့ပါတယ်။ အသုံးပြုလို့မရအောင် အမေရိကန်စစ်သားတွေ ပြုလုပ်ခဲ့တဲ့အထဲမှာ ဟမ်းဗွီးယာဉ် ၂၇ စီးလည်း ပါဝင်ခဲ့ပြီး ဒေါ်လာ ၁ သန်းအထိ ကုန်ကျနိုင်တဲ့ MRAP သံချပ်ကာနည်း ဗျူဟာယာဉ်အစီး ၇၀ လည်း ပါဝင်ခဲ့ပါတယ်။…
TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။
zawgyu
TRNs