ထူးထူးခြားခြား လိင်အင်္ဂါနှစ်ခုပါတဲ့ သက်ရှိများ

ထူးထူးခြားခြား လိင်အင်္ဂါနှစ်ခုပါတဲ့ သက်ရှိများ

ထူးထူးခြားခြား လိင်အင်္ဂါနှစ်ခုပါတဲ့ သက်ရှိများ

ထူးထူးခြားခြား လိင်အင်္ဂါနှစ်ခုပါတဲ့ သက်ရှိများ (ဗဟုသုတရရှိစေဖို့ အချိန် ၁ မိနစ်ပေးဖတ်ပါ)

မြွေတွေမှာ လိင်အင်္ဂါနှစ်ခုပါပါတယ်။ ကမ္ဘာပေါ်မှာ တွားသွား သတ္တဝါ အမျိုးပေါင်းတစ်သောင်းကျော် အသက်ရှင်နေထိုင်နေကြပါတယ်။ ဖွတ်၊ ပုတ်သင်ညို၊မြွေလို အကောင်တွေကစလို့ မိကျောင်းလို အကောင်ကြီးတွေအထိ တွားသွားသတ္တဝါတွေဟာ အရွယ်စုံ၊ ဆိုက်စုံ၊ ပုံစံစုံရှိကြပါတယ်။

သူတို့ဟာ ကိုယ်ခန္ဓာကသာ အရွယ်စုံ၊ ဆိုက်စုံတာ မဟုတ်ပါဘူးတဲ့။ဒီတွားသွား သတ္တဝါတွေရဲ့ လိင်အင်္ဂါဟာလဲ တစ်ကောင်နဲ့တစ်ကောင် မတူကွဲပြားကြပါတယ်တဲ့။ အချွန်အတက်တွေနဲ့ လိင်အင်္ဂါတွေ၊ တစ်ကောင်ထဲမှာ လိင်အင်္ဂါ အများအပြားပါတဲ့ တွားသွားသတ္တဝါ တွေကနေ လိင်အင်္ဂါမပါတဲ့ သတ္တဝါတွေအထိ အမျိုးမျိုး ကွဲပြားကြပါတယ်။

အခုထက်ထိတော့ သိပ္ပံပညာရှင်တွေဟာ တွားသွားသတ္တဝါ အထီးတွေရဲ့ လိင်အင်္ဂါကိုသာ အသေးစိတ်လေ့လာရပါသေးတယ်။ ဘာလို့လဲဆိုတော့ တွားသွားသတ္တဝါ အမတွေရဲ့လိင်အင်္ဂါက ကိုယ်ခန္ဓာအတွင်းထဲ ရောက်နေတော့ လေ့လာရတာ ခက်လို့ပါတဲ့။

နှစ်ခုက တစ်ခုထက်ပိုကောင်းတယ်

မြွေတွေမှာ လိင်အင်္ဂါနှစ်ခုပါပါတယ်။ သူတို့ရဲ့လိင်အင်္ဂါကလဲ အချွန်အတက် ကလေးတွေနဲ့ပါ။ မြွေထီးတွေနဲ့ ဖွတ်တွေ၊ ပုတ်သင်ထီးတွေမှာ လိင်အင်္ဂါနှစ်ခုတောင် ပါပါတယ်တဲ့။ သူတို့ရဲ့ လိင်အင်္ဂါနှစ်ခုတွဲကို သိပ္ပံအခေါ်နဲ့ hemipenes လို့ခေါ်ပါတယ်။

ဒီလိုနှစ်ခုပါတာဟာ အထီးတွေအတွက် အကျိုးရှိပါတယ်တဲ့။ ဘာလို့လဲဆိုတော့ မိတ်လိုက်ရာသီမှာ အခြားမြွေထီးတွေနဲ့ အပြိုင်မိတ်လိုက်ရတာဆိုတော့ မြွေမရဲ့ဘယ်ဖက်ခြမ်းပဲဖြစ်ဖြစ်၊ ညာဖက်ခြမ်းပဲဖြစ်ဖြစ် မိတ်လိုက်နိုင်တဲ့အတွက် အောင်မြင်ဖို့ အခွင့်အလမ်း ပိုများပါတယ်တဲ့။

ဒီလိုမိတ်လိုက်ရာသီမှာဆိုရင် မြွေမတစ်ကောင်ကို မြွေထီးအကောင် လေးငါးဆယ်ကောင်ကနေ တစ်ရာလောက်ထိ ဝိုင်းမိတ်လိုက်တာဆိုတော့ လိင်အင်္ဂါနှစ်ခုပါတော့ ဘက်မရွေးပဲ အောင်မြင်မှုပိုရနိုင်တာပါ။

မြွေထီးတွေမှ လိင်အင်္ဂါနှစ်ခုပါတာ မဟုတ်ပါဘူး။ မြွေမတွေနဲ့ ဖွတ်အမတွေမှာလဲ လိင်အင်္ဂါနှစ်ခုပါပါတယ်တဲ့။ သူတို့ရဲ့လိင်အင်္ဂါကိုတော့ hemiclitores လို့ခေါ်ပါတယ်။ ဒီ hemiclitores နဲ့ပါတ်သက်လို့ကတော့ သိပ္ပံပညာရှင်တွေ ကောင်းကောင်း မသိကြသေးပါဘူး။

လုံးဝမပါလာတော့လဲ တစ်မျိုးကောင်းတာပါပဲ

မြွေတွေ၊ ဖွတ်တွေ၊ ပုတ်သင်တွေမှာ လိင်အင်္ဂါနှစ်ခုပါပေမယ့် နယူးဇီလန်မှာတွေ့ရတဲ့ Tuatara လို့ခေါ်တဲ့ ပုတ်သင်နဲ့ခပ်ဆင်ဆင်တူတဲ့ အကောင်တွေကတော့ လိင်အင်္ဂါပါမလာကြပါဘူး။ ဒီ့အစား ဒီတူအာတာရာတွေဟာ မိတ်လိုက်တဲ့အခါမှာ အထီးက အမပေါကိုတွယ်တက်ပြီး

သူတို့ရဲ့ဘုံယောနိအဝနဲ့ အမရဲ့ယောနိအဝနဲ့ကို တေ့ပေးလိုက်ပါတယ်တဲ့။ ဘုံယောနိ (cloaca) ဆိုတာကတော့ ဒီအကောင်တွေမှာ ယောနိရယ်လို့ သပ်သပ်မပါပဲ စအိုရယ်၊ ဆီးလမ်းကြောင်းရယ်၊ ယောနိရယ် အားလုံးပေါင်းနေတဲ့ အပေါက်တစ်ပေါက်ထဲပါပါတယ်။ ဒီနည်းနဲ့ တူအာတာရာ အထီးဟာ သူ့မျိုးစေ့ကို အမဆီလွှဲပေးတာပါ။

ငှက်အတော်များများကလဲ ဒီလိုနည်းနဲ့ပဲ မိတ်လိုက်တာပါ။ ငှက်တွေမှာလဲ လိင်အင်္ဂါသီးသန့်မပါပဲ ဘုံယောနိပဲပါပါတယ်။ သူတို့ကလဲဒီလိုပဲ အထီးအမဘုံယောနိချင်း ပွတ်သပ်ပြီးမိတ်လိုက်တာပါပဲတဲ့။

အမမှာလဲ လိင်တံပါနိုင်ပါတယ်

ဩစတြေးလျနိုင်ငံက သိပ္ပံပညာရှင်တွေဟာ မနှစ်က ပါးသိုင်းမွှေးရှည် ပုတ်သင်တစ်မျိုးကိုလေ့လာရင်း မထင်မှတ်တာတစ်ခုကို တွေ့ခဲ့ကြပါတယ်။ အဲဒါကတော့ ဒီပုတ်သင်မျိုးရဲ့ အမတွေဟာ ဥထဲမှာနေတုန်း အထီးတွေလို လိင်အင်္ဂါထွက်လာတာပါ။

အထီးတွေလိုပဲ နှစ်ခုထွက်လာတာပါတဲ့။ ဒါပေမယ့် ဥကပေါက်ခါနီးမှာတော့ အမတွေရဲ့လိင်တံဟာ ပျောက်ဆုံးသွားပါတယ်။

အချွန်အတက်ကလေးတွေနဲ့ လိင်အင်္ဂါ

မြွေတွေရဲ့လိင်အင်္ဂါမှာ အချွန်အတက် သေးသေးလေးတွေ ပါပါတယ်။ ဘာ့ကြောင့် ဒီလိုဖြစ်နေရတာလဲဆိုတာ သိပ္ပံပညာရှင်တွေ သေသေချာချာတော့ မသိသေးပါဘူး။ သီအိုရီတစ်ခုကတော့ မြွေတွေဟာ မျိုးတူချင်းမိတ်လိုက်ဖို့ အလွန်အရေးကြီးပါတယ်တဲ့။

မျိုးတူတဲ့မြွေတွေမှာ အထီးနဲ့အမရဲ့ လိင်အင်္ဂါပုံစံဟာ အံဝင်ခွင်ကျရှိပါတယ်တဲ့။ ဒီအချွန်အတက်တွေက မျိုးမတူတဲ့မြွေတွေ မှားယွင်းမိတ်လိုက်မိတာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်တဲ့။

အချို့ကလဲ ဒီအချွတ်အတက်တွေ၊ ချိတ်တွေပါတဲ့အတွက် မိတ်လိုက်ချိန် ပိုကြာမြင့်ပြီး မျိုးစေ့တွေကို ပိုများများအမဆီ လွှဲပြောင်းပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ သေသေချာချာ သိဖို့ဆိုတာကတော့ မြွေမတွေရဲ့အင်္ဂါကို သေခြာလေ့လာပြီးမှပဲ ပြောနိုင်မယ်လို့ ပညာရှင်တွေက ထောက်ပြပါတယ်။

Alligator မိကျောင်းထီးတွေရဲ့ လိင်အင်္ဂါဟာ အမြဲထောင်မတ်နေတယ်

အမေရိကန် ခေါင်းတိုမိချောင်းထီးတွေရဲ့လိင်အင်္ဂါဟာ အမြဲထောင်မတ် နေပါတယ်တဲ့။ ခေါင်းတို အမေရိကန်မိကျောင်း (Alligator) အထီးတွေဟာ မိတ်လိုက်ဖို့ အမြဲအသင့်ရယ်ဒီ ရှိနေပါတယ်တဲ့။ ဘာလို့လဲဆို ဒီမိကျောင်းတွေရဲ့ အထီးလိင်အင်္ဂါဟာ အမြဲပဲထောင်မတ်နေလို့ပါတဲ့။

ဒါပေမယ့်သူတို့ဟာ သူတို့ရဲ့အင်္ဂါကို အပြင်မှာထုတ်ထားတာမဟုတ်ပဲ ကိုယ်ထဲမှာ သိမ်းထားတာပါတဲ့။ အဲဒီ့ထက်ထူးခြားတာကတော့ ဒီအင်္ဂါကို သားရေကွင်းပစ်သလို ကိုယ်ခန္ဓာအပြင်ကို အရှိန်နဲ့ပစ်ထည့်နိုင်တာပါပဲ။ ပြီးလို့ရှိရင်လဲ ဒီအင်္ဂါဟာ အရှိန်နဲ့ကိုယ်တွင်းကို ပြန်ဝင်သွားပါတယ်။

ဒီလိုအင်္ဂါမျိုးကို အမေရိကန်မိကျောင်းတွေတင်မက အီဂျစ်က နိုင်းမြစ်မိချောင်းတွေနဲ့ ဩစတြေးလျတိုက်က ရငန်မိကျောင်းတွေမှာလဲ တွေ့ရပါတယ်။ ဘာလို့ဒီလို ခုန်ထွက်နိုင်တဲ့ လိင်အင်္ဂါရှိနေတာလဲ ဆိုတာကတော့ သိပ္ပံပညာရှင်တွေ စဉ်းစားမရဖြစ်နေဆဲပါတဲ့။

Source National Geographic

ခရက်ဒစ်

Crd