ထူးဆန်းစွာဖြင့် ကျောင်းသားလေးများသည် စာလုပ်ရသည့်အခါဖိအားများလွန်းတာကြောင့် ရယ်မောခြင်းရောဂါကို ခံစားလာရကာ စာသင်ကျောင်း၁၄ကျောင်းကို ခေတ္တခဏပိတ်ထားခဲ့ရသည့်အဖြစ်

ထူးဆန်းစွာဖြင့် ကျောင်းသားလေးများသည် စာလုပ်ရသည့်အခါဖိအားများလွန်းတာကြောင့် ရယ်မောခြင်းရောဂါကို ခံစားလာရကာ စာသင်ကျောင်း၁၄ကျောင်းကို ခေတ္တခဏပိတ်ထားခဲ့ရသည့်အဖြစ်






Zawgyi

ထူးဆန်းစွာဖြင့် ကျောင်းသားလေးများသည် စာလုပ်ရသည့်အခါဖိအားများလွန်းတာကြောင့် ရယ်မောခြင်းရောဂါကို ခံစားလာရကာ စာသင်ကျောင်း၁၄ကျောင်းကို ခေတ္တခဏပိတ်ထားခဲ့ရသည့်အဖြစ်

အရှေ့အာဖရိကနိုင်ငံ တန်ဇန်းနီးယားပြည်နယ် Kashashaရွာငယ်လေးရှိ စာသင်ကျောင်းတစ်ကျောင်းတွင် အတန်းထဲ၌ ကျောင်းသား၃ဦးသည် ရုတ်တရက် ကျယ်လောင်စွာ ထရယ်ခဲ့ရင်း ဆရာ ဆရာမများမှ စာသင်နေရင်း နောက်ကနေလိုက်ပြောင်တယ်ဟု ထင်ခဲ့ရာ ဆူခဲ့သည်။

သို့သော်လည်း ထိုကျောင်းသားလေး၃ဦးသည် အဆက်မပြတ် ရယ်မောနေခဲ့ရာ နာရီပိုင်းခြားထိကြာအောင် ရယ်မောနေတာမရပ်တန့်ခဲ့၍ အတန်းပိုင်ဆရာမမှ ထိတ်လန့်စွာဖြင့် ကျောင်းအုပ်ကြီးကို ခေါ်ယူကာ အသိပေးခဲ့သည်။

ထို့နောက် အခန်းထဲရှိ ကျောင်းသားအကုန်လုံးနီးပါးကို ကူးစက်သွားပြီး မောပန်းသည်ထိ ရယ်မောနေခဲ့ကြရာ ဆရာဝန်နှင့်ပြသခဲ့ပြီး ရောဂါလက္ခဏာအား စစ်ဆေးကြည့်စဉ် ကျောင်းသူ ကျောင်းသားများအဖို့ စာသင်ကြားရာ၌ စိတ်ဖိစီးမှုများလွန်းသည့်အတွက် ထိုရောဂါဖြစ်ပွားလာခဲ့ကြောင်း ဆိုခဲ့သည်။

ထို့အပြင် ရယ်မောခြင်းရောဂါသည် အခြားသော အနီးနားရှိ ကျောင်းသားတွေကိုလည်း ကူးစက်ကုန်၍ စာသင်ကျောင်းပေါင်း ၁၄ကျောင်းအား ပိတ်ထားခဲ့ရကြောင်း သိရသည်။

 

Crd

Crd