■ထူးဆန်တဲ့အစားအသာက်တွေအဖြစ် တိရိစ္ဆာန်တွေရဲ့ မျိုးပွားအင်္ဂါတွေကိုစားသောက်နိုင်တဲ့ ဘေကျင်းက Ghoul li Zhuang

Article Food Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ထူးဆန်တဲ့အစားအသာက်တွေအဖြစ် တိရိစ္ဆာန်တွေရဲ့ မျိုးပွားအင်္ဂါတွေကိုစားသောက်နိုင်တဲ့ ဘေကျင်းက Ghoul li Zhuang

စားသောက်ဆိုင်ကတော့ ဘေကျင်းက Ghoul li Zhuang ဆိုတဲ့ စားသောက်ဆိုင်ပဲဖြစ်ပါတယ်။ အဆိုပါစားသောက်ဆိုင်ဟာ အပြင်အဆင် အနေအထားတွေကြောင့် စိတ်ပျက်စရာဖြစ်နေ တာမဟုတ်ပဲ အဲဒီဆိုင်မှာရရှိတဲ့အစားအသောက်တွေကြောင့် ဒီစာရင်းထဲပါနေရတာပါ။ Gu li Zhaung မှာ ထူးဆန်းတဲ့ အစားအသောက်မျိုးစုံနဲ့ တိရိစ္ဆာန်မျိုးစုံရဲ့ အစိတ်အပိုင်းမျိုးစုံကိုမှာယူစားသောက်လို့ရပါတယ်။

အများစုကတော့ ကျွန်တော်တို့ စိတ်ထဲမှာတွေးတောင်တွေးမထားဘူးတဲ့ အစားအစာတွေပါ။ အဆိုပါထူးဆန်းတဲ့စားသောက်ဆိုင်မှာ ထူးဆန်တဲ့ အစားအသာက်တွေအဖြစ် တိရိစ္ဆာန်တွေရဲ့ မျိုးပွားအင်္ဂါတွေကို စားသောက်တာပါ သမင်အကြီးစား နွားထီးနဲ့ ခွေး တွေရဲ့ မျိုးပွားအင်္ဂါတွေကိုပါ မှာယူစားသောက်နိုင်ကြပါတယ်။ စာရွက်လေးပေါ်မှာ အော်ဒါတင်ပြီး မှာလိုက်တာနဲ့ သင်လုံးဝမမြင်ဘူးတဲ့ အစားအသောက်တွေရောက်ရှိလာမှာပါ။

အဲဒီကတစ်ချို့အစားအသောက်တွေက တရားမဝင်တာ တွေလဲ ပါဝင်ပါတယ် ဥပမာအားဖြင့် ကျားရဲ့မျိုးပွါးအင်္ဂါကို စားသုံးချင်တယ်ဆိုရင် အဲဒီစားသောက်ဆိုင်မှာလတွေအများကြီး ကြိုတင်မှာထားရမှာပါ။ ဒါပေမယ့် သင်ဟာအဲဒီစားသောက်ဆိုင် မှာတိရိစ္ဆာန်တွေရဲ့ ရွံ့စရာကောင်းတဲ့ အစိတ်အပိုင်းတွေကို မစားချင်ဘူးဆိုရင်တော့ တိရိစ္ဆာန်တွေနဲ့ မျက်နှာနဲ့ချက်ပြုတ်ထားတဲ့ အရည်သောက်ဟင်းလျှာလေးတွေရှိပါသေးတယ်။

နောက်ပြီး ငှက်ခြေသည်းဟင်းလျှာဟာဆိုရင်လဲ အင်မတန်အရသာရှိတဲ့ ဟင်းလျှာပါတဲ့ ။ ဒီနေရာမှာတော့ ပုံမှန်ဟင်းလျှာတွေကို ရရှိမှာမဟုတ်ပါဘူး ဘာလို့လဲဆိုတော့ တရုတ်လူမျိုးတွေဟာ ဒီလိုထူးဆန်းတဲ့ သတ္တဝါတွေနဲ့ ပုံမှန်မဟုတ်တဲ့ အစိတ်အပိုင်းတွေကိုစားသောက်ခြင်းဟာ မှော်ဝင်တဲ့ စွမ်းအင်တွေကိုပိုင်ဆိုင်စေပြီး သူတို့ရဲ့ကိုယ်တွင်းစွမ်းအင်နဲ့ ဆေးဖက်ဝင်တယ်လို့ ယူဆထားကြပါတယ်။

မှော် အစွမ်းတွေကြောင့် ယခင်ကထက် ပိုမြင့်မားတဲ့ နေထိုင်မှုဘဝတွေကိုပိုင်ဆိုင်ရတယ်လို့လဲ ယုံကြည်ကြပြီး အခုလိုအစားအသောက်တွေကို ခုံခုံမင်မင်စားသောက်တာလဲဖြစ်ပါတယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext