TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ကြွက်သားတွေပိုင်ဆိုင်ထားတဲ့ ဂျာမန်လူမျိုးတစ်ယောက်

နောက်ထပ်ပြောပြပေးမှာကတော့ ဘီတို ပီရာဘစ်ဇာရီ ပဲဖြစ်ပါတယ်ရှင်။သူဟာ အရပ်ခြောက်ပေ ငါးရှိပြီး ထူးခြားတဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ကြွက်သားတွေပိုင်ဆိုင်ထားတဲ့ ဂျာမန်လူမျိုးတစ်ယောက်ပါ။သူရဲ့လက်ချောင်းလေးတစ်ချောင်းနဲ့ ကျွန်မတို့ကိုအမှုန့်ကြိတ်ပစ်နိုင်မယ့်ပုံပါ။

သူ အလေးမခြင်းနားထားတဲ့အချိန်တွေနဲ့ ကြောက်မက်ဖွယ်ပုံရိပ်တိုးလာအောင် မလေ့ကျင့်တဲ့အချိန်တွေမှာ ဟောလီးဝုဒ်ဇာတ်လမ်းတွေနဲ့ တီဗွီရှိုးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်တွေမှာ ဘီတိုက Netflix စီးရီးဖြစ်တဲ့ Dogs of Berlin နဲ့ Tatort အပါအဝင် ဇာတ်လမ်းတော်တော်များများမှာ ပါဝင်ခဲ့ပြီးပါပြီး။ ဇာတ်လမ်းတိုနှစ်ခုကို တော့၂၀၁၉ မှာ the woodcutterဝုဒ်ကတ်တာ) ၊နဲ့ ၂၀၁၈မှာ Lion’s Return (လိုင်းယွန်း ရစ်တန်း)မှာရိုက်ကူးခဲ့တာပါ။

လည်ပင်းပေါ်က သေနတ်တက်တူး စူးရှတဲ့အကြည့်နဲ့ ဝတ်စုံပြည့်စစ်သားတွေကိုတောင်သေးသိမ်သွားစေတဲ့အရပ်အမောင်းနဲ့ဒီလူက ငါ့ကို လာမရှုတ်ကြနဲ့ လို့ ပြောနေသလိုပါပဲ။ အန္တာရယ် များတဲ့ရုပ်ရည်သွင်ပြင်ရှိပေမဲ့ သူက တကယ်တော့ ဖော်ရွေပြီး ယဥ်ကျေးတဲ့လူတစ်ယောက်ဖြစ်ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext