■ထုတ်လိုက်တဲ့ပစ္စည်းတွေရဲ့အကျိုးသက်ရောက်မှုရှိမရှိကိုစမ်းသပ်ခံပေးကြတဲ့ face feeler

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ထုတ်လိုက်တဲ့ပစ္စည်းတွေရဲ့အကျိုးသက်ရောက်မှုရှိမရှိကိုစမ်းသပ်ခံပေးကြတဲ့ face feeler

ခံစားပေးသူတွေကတော့အသားအရေဂရုစိုက်ရတဲ့ ပစ္စည်းတွေထုတ်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ကြပါတယ်။ သူတို့ဟာ ပစ္စည်းတွေထုတ်ပေးတာမဟုတ်ပါဘူး။

သူတို့က ထုတ်လိုက်တဲ့ပစ္စည်းတွေဟာ အကျိုးသက်ရောက်မှုရှိမရှိကိုစမ်းသပ်ခံပေးတာပါ။ ပရိသတ်ကြီးက ကွာခြားချက်တွေကိုသိဖို့ ခံနိုင်ရည်စွမ်းအားနှင့် ဗဟုသုတကောင်းကောင်းရှိဖို့တော့လိုအပ်ပါတယ်။

သူတို့ရဲ့မျက်နှာပေါ်က အတွေ့အကြုံတွေအပေါ်မူတည်ပြီး ဒီပစ္စည်းကို ဆက်ထုတ်သင့်မထုတ်သင့်ကိုဆုံးဖြတ်ပေးရပါတယ်။ ဒီပညာရှင်တွေကို အာရုံခံသိပ္ပံပညာရှင်များလို့လဲခေါ်ကြသလို သူတို့ဟာ အလှကုန်ပစ္စည်းတွေရဲ့ အနံ့ အရသာ နှင့်အသံတွေကို မှတ်ချက်ပြုပေးရပါတယ်။

သူတို့ကိုယ်တိုင်က အလုပ်ရဲ့အခက်ခဲဆုံးအပိုင်းက ခံစားရတာပဲဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဥပမာ တစ်ယောက်ယောက်ကို ခြေသလုံးမွှေးရိတ်တာမျိုးတွေ အမျိုးသားတစ်ယောက်ကို နှုတ်ခမ်းနီဆိုးခိုင်းတာမျိုးတွေ နှင့် ဒီ သုသေတနနဲ့ပတ်သက်တဲ့ အမျိုးသမီးရဲ့တစ်ကိုယ်ရည်သုံးကျန်းမာရေးပစ္စည်းတွေအကြောင်းဆွေးနွေးတာတွေပါဝင်ပါတယ်။

နည်းနည်းတော့ကိုယ်ရေးကိုယ်တာဆန်တယ်မလား။ ဒါပေမယ့်လည်း တစ်နာရီကို ၂၅ ဒေါ်လာ ရတာကတော့ ကောင်းတဲ့ပမာဏတစ်ခုတော့ဖြစ်မှာပါ။
Ref:youtube
Trans:thegeektext

zawgyi








Ref:youtube
Trans:thegeektext