ထွက်တော်မူနန်းကမခွာမီ ရက်ပိုင်းအတွင်းမှာပင် ထရမ့်အစိုးရသည် ၎င်း၏အင်ဒို-ပစိဖိတ် မဟာဗျူဟာနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းတစ်စောင်ကို ထုတ်ဖော်ပြသခဲ့သည်။ အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် ၎င်းသည် တရုတ်၏ မြင့်တက်မှုကို အထူးအာရုံစိုက်ထားသည်။ ၎င်းတွင် တရုတ်အစိုးရ၏ ဒေသဆိုင်ရာလွှမ်းမိုးမှုကို ရှောင်လွှဲ၍မရကြောင်း၊ ပီကင်း၏ဇာတ်အိမ်ကို အစိုးရက ဘယ်လိုဘယ်နည်းဖြေရှင်းရန်ကြိုးပမ်းခဲ့ပုံနှင့် အမေရိကန်အနေဖြင့် စီးပွားရေးအကြောင်းပြချက်များအရ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံးဒေသသို့ ဝင်ရောက်နိုင်ရန် မည်သို့ကြိုးပမ်းခဲ့သည်ကို ဖော်ပြထားသည်။

အင်ဒို – ပစိဖိတ်ဒေသအတွက် အမေရိကန်မဟာဗျူဟာမူဘောင်ကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလတွင် သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့ပြီး ထိုစဉ်က အာရှဆိုင်ရာ လုံခြုံရေးကောင်စီ အကြီးအကဲညွှန်ကြားရေးမှူး မက်သူး ပွန်တီဂါက လုံခြုံရေးကန့်သတ်အဆင့်သတ်မှတ်ခဲ့သည်။ ၎င်းအား ထရမ့်အစိုးရ၏ နောက်ဆုံးသောနေ့ရက်ကာလ၌ အမျိုးသားလုံခြုံရေးအကြံပေး ရောဘတ်အိုဘရိုင်ယန်က ပြီးခဲ့သည့်အပတ်က လျို့ဝှက်အဆင့်လျော့ချခဲ့ကာ အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။
အများပြည်သူ မိန့်ခွန်းများတွင် များသောအားဖြင့် တွေ့ရလေ့မရှိသော စကားလုံးအသုံးအနှုန်းများဖြင့် အင်ဒို-ပစိဖိတ်ဒေသအတွင်း တိုင်းပြည်အတွက် အဓိကအကျိုးစီးပွားများထဲမှ တစ်ခုမှာ “ကမ္ဘာ၏ လူဦးရေအများဆုံးဒေသနှင့် ကမ္ဘာ့စီးပွားရေး၏ သုံးပုံတစ်ပုံတွင် အမေရိကန်၏ စီးပွားရေး၊ သံတမန်ရေးနှင့် စစ်ရေးအရပိုင်ဆိုင်ခွင့်အား ထိန်းသိမ်းထားရန်”ဖြစ်သည်ဟု စာရွက်စာတမ်းတွင် ဖော်ပြပါရှိသည်။
စာရွက်စာတမ်းတွင် မှတ်သားထားသည့် ထိပ်တန်း အမျိုးသားလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုမှာ တရုတ်ဖြစ်သည်။ ပေဂျင်းသည် “ဒေသတွင်းရှိ အမေရိကန်၏ မဟာမိတ်များနှင့် မိတ်ဖက်များကို ဖျက်သိမ်းရန်နှင့် ရရှိလာသော အခွင့်အလမ်းများအပေါ် အမြတ်ထုတ်ရန်ရည်ရွယ်ကာ ထိုင်ဝမ်နှင့် ပေါင်းစည်းရေးကို အားကောင်းစေရန် ခြေလှမ်းများ ပိုမိုလှမ်းလာမည်”ဟု ၎င်းက ယူဆသည်။
စာရွက်စာတမ်းတွင် စိန်ခေါ်မှုအား ရင်ဆိုင်ရန် hard power(ရုပ်ပိုင်းဆိုင်ရာ စွမ်းအား) နှင့် soft power( နူးညံ့သော စွမ်းအား) အစီအမံများ နှစ်ခုလုံး ဖော်ပြထားသည်။
Hard Power တွင် ဝါရှင်တန်သည် ထိုင်ဝမ်၊ အိုကီနာဝါနှင့် ဖိလစ်ပိုင်တို့ပါဝင်သည့် “ပထမကျွန်းကွင်းဆက်” အတွင်း၌ ပေကျင်း၏ လွှမ်းမိုးမှုကို ငြင်းပယ်နိုင်သည့် ကာကွယ်ရေးမဟာဗျူဟာကို တီထွင်သင့်ကြောင်း၊ ထိုင်ဝမ်ဟု အမည်တပ်ဖော်ပြထားသော ကွင်းဆက်အတွင်းမှ နိုင်ငံများအား ကာကွယ်ကာ ကွင်းဆက်ပြင်ပ ဒေသများကို လွှမ်းမိုးရန်ဟူ၍ ပါရှိသည်။
ထိုင်ဝမ်အား ကာကွယ်ရေးစွမ်းရည်များ တိုးမြှင့်စေခြင်းအားဖြင့် ၎င်း၏ ကိုယ်ပိုင်အခြေအနေများဖြင့် တရုတ်အား ဆွဲဆောင်ရန် စွမ်းရည်အား သေချာစေခြင်းသည်လည်း နောက်ထပ် ရည်မှန်းချက်တစ်ခုဖြစ်သည်။
ရည်မှန်းချက်မှာ ပထမဦးဆုံးကျွန်းကွင်းဆက်အတွင်း အရှေ့နှင့် တောင်တရုတ်ပင်လယ်ရှိအမေရိကန်တပ်များအား မောင်းထုတ်ရန်ရည်ရွယ်သည့် ပေကျင်း၏ “ဝင်ခွင့်မရှိ/ ငြင်းပယ်ခွင့်မရှိ” မဟာဗျူဟာကို ချိုးဖျက်ရန်ဖြစ်သည်။ တရုတ်သည် ဂျပန် အရှေ့တောင်ပိုင်းမှ ဂူအမ်နှင့် တောင်ဘက်တွင် အင်ဒိုနီးရှားထိရှိသော ပစိဖိတ်အနောက်ပိုင်းရှိ “ဒုတိယကျွန်းကွင်းဆက်”သို့ အမေရိကန်၏တပ်များ ချဉ်းကပ်ခြင်းအား တားဆီးရန် လုပ်ဆောင်နေသည်။
Soft power ဘောင်တွင် အိမ်ဖြူတော်၏စာရွက်စာတမ်းက ဥရောပနှင့် အာရှကို ဆက်သွယ်ရန် ကြိုးပမ်းနေသော တရုတ်သမ္မတရှီကျင့်ဖျင်၏ ကြီးမားသော အခြေခံအဆောက်အအုံ ဆောက်ရွက်ချက်ဖြစ်သော တရုတ်နိုင်ငံ၏ ပိုးလမ်းမစီမံကိန်း Belt and Road Initiative နှင့် ဆက်စပ်သောကြိုးများကို ဆက်သွယ်စဉ် တရားဥပဒေစိုးမိုးရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများကို မြှင့်တင်ရန် ဖော်ရွေသောအစိုးရများအား နည်းပညာအကူအညီများပေးရန် အားပေးသည်။
၎င်းသည် ဝါရှင်တန်အား တရုတ်၏ သတင်းအချက်အလက် စည်းရုံးလှုံ့ဆော်ရေးများနှင့် ယှဉ်ပြိုင်နိုင်သည့် ခိုင်မာသော ပြည်သူ့သံတမန်ရေးစွမ်းရည်ကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တရုတ်ဒေသတွင်း လွှမ်းမိုးမှုသည် မလွှဲမရှောင်သာဟူသော ဇာတ်ကြောင်းထိုးဖောက်ရန် တောင်းဆိုသည်။
ဗုဒ္ဓဟူးနေ့တွင် တရုတ်နိုင်ငံခြားရေးဝ န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်းက ၎င်းစာတမ်းကို ဝေဖန်၍ “တရုတ်နိုင်ငံအား ထိန်းချုပ်ရန်နှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ဖျက်စီးရန် ၎င်း၏ အင်ဒို-ပစိဖိတ် မဟာဗျူဟာအား အသုံးပြုရန် အမေရိကန်၏ မကောင်းသော ရည်ရွယ်ချက်ကိုသာ ဖော်ပြခြင်းဖြစ်သည်”ဟု ဆိုခဲ့သည်။
ကျောက်လိကျင်းက ၎င်းမဟာဗျူဟာကို “တရုတ်အတွက် ထိုင်ဝမ်အပေါ် ထားရှိသော အမေရိကန်အစိုးရ၏ အလေးအနက် ကတိပြုချက်ကို ပြင်းထန်စွာချိုးဖောက်ခြင်း”ဟု ခေါ်ဆိုခဲ့ပြီး၊ ပေကျင်းသည် “အချုပ်အခြာအာဏာနှင့် နယ်မြေဂုဏ်သိက္ခာကို ပြတ်ပြတ်သားသား ကာကွယ်သွားမည်”ဟု ပြောခဲ့သည်။
အမေရိကန် စာရွက်စာတမ်းသည် ဂျပန်၊ ဩစတြေးလျနှင့် အိန္ဒိယတို့နှင့် ရင်းနီးသော ပူးပေါင်းဆောင်ရွက်မှုကို ပြောဆိုပြီး “Quad”လုံခြုံရေး မိတ်ဖက်မှုကို ပိုမိုတိုးတက်စေသကဲ့သို့ တိုကျိုနှင့် ကင်ဘာရာတို့နှင့်အတူ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြင့်ကာ “ဂျပန်အား အင်ဒို-ပစိဖိတ် လုံခြုံရေး ဗိသုကာအတွက် မဏ္ဏိုင်တစ်ရပ်ဖြစ်လာစေရန် အင်အားပေးသင့်ကြောင်း” ဖော်ပြထားသည်။
ဝါရှင်တန်၏ ရည်မှန်းချက်များတွင် အိန္ဒိယနှင့် “ပိုမိုခိုင်မာသော ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု”ကို တည်ဆောက်ကာ ဒေသတွင်း လုံခြုံရေးတွင် အခန်းကဏ် တစ်ခုပါဝင်နိုင်ရန် အိန္ဒိယ၏ စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးရန်လည်း ပါဝင်သည်။
“ပြီးခဲ့သည့်နှစ်က ဟိမဝန္တာတွင် တရုတ်နှင့် နယ်စပ်အငြင်းပွားမှုကဲ့သို့သော တိုက်ကြီးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန် အမေရိကန်သည် အိန္ဒိယအား သံတမန်ရေးရာ၊ စစ်ရေးနှင့် ထောက်လှမ်းရေးလမ်းကြောင်းများမှ အထောက်အပံ့ပေးသင့်သည်”ဟု စာရွက်စာတမ်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားဆိုင်ရာ ကဏ္ဍတွင် ကင်မ်ဂျုံအန်းစစ်အစိုးရအား “၎င်း၏ရှင်သန်ရပ်တည်ရေးအတွက် တစ်ခုတည်းသောလမ်းကြောင်းမှာ ၎င်း၏နျူကလီးယားလက်နက်များကို စွန့်လွှတ်ရန်ဖြစ်ကြောင်း”နားချနိုင်ရန် ရည်မှန်းချက်ဖြစ်သည်။ “အမေရိကန်သည် နျူကလိယနှင့် ဒုံးကျည်အစီအစဉ်များအား နောက်ပြန်ဆုတ်ရန် စေ့စပ်ညှိုနှိုင်းမှုအတွက် အခြေအနေများ ချမှတ်ရန်” စီးပွားရေး၊ သံတမန်ရေး၊ ထောက်လှမ်းရေးနှင့် အခြားနည်းလမ်းများမှတဆင့် ဖိအားပေးရန် လုပ်ဆောင်မည်”ဟူ၍ ပါရှိသည်။ ၎င်းစာရွက်စာတမ်းတွင် လူ့အခွင့်အရေးများကို ဖော်ပြထားခြင်းမရှိပါ။
သြစတြေးလျားရုပ်သံ ABC ၏ အဆိုအရ အဆိုပါစာရွက်စာတမ်းသည် ပုံမှန်ထက် နှစ်ပေါင်း ၃၀ စော၍ လျှို့ဝှက်အဆင့်လျော့ချခဲ့ကြောင်း သိရသည်။ ABC မှ ကျွမ်းကျင်သူတစ် ဦး က ပြောကြားသည်မှာ အဆိုပါပြောင်းလဲမှုသည် လာမည့်အပတ်တွင် တာဝန်ယူမည့် သမ္မတရွေးချယ်တင်မြှောက်ခံရသူ ဂျိုးဘိုင်ဒန် လက်အောက်တွင် ဆက်လက်လုပ်ဆောင်ရန် မျှော်လင့်သော အရာရှိများက အချက်ပြခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
Ref-Nikkei Asia
Mizzima မှတဆင့်မျှဝေဖော်ပြပါသည်။
မူရင်းတင်ဆက်သူအားလေးစားစွာခရက်ဒစ်ပေးပါသည်။
zawgyi
တရုတ်ရဲ့ အာရှလွှမ်းမိုးမှုကို အမေရိကန်က ထိုးဖောက်ဖို့လိုသည်ဟု လျှို့ဝှက်အဆင့်လျော့ချထားသော စီမံကိန်းကပြော