ထိုင်းရေတပ်ရဲ့ ကမ္ဘာ့အသေးဆုံးလေယာဉ်တင်သင်္ဘော HTMS Chakri Naruebet

Article Militarily News

ထိုင်းရေတပ်ရဲ့ ကမ္ဘာ့အသေးဆုံးလေယာဉ်တင်သင်္ဘော HTMS Chakri Naruebet

လေယာဉ်တင်သင်္ဘောဟာဆိုရင် ထုံးစံအတိုင်း ခေတ်သစ် ရေတပ်အင်အားစုတွေအတွက် အသည်းနှလုံးတခုပါပဲ၊ ကမ္ဘာမှာ အမေရိကန်စတိုင် လေယာဉ်တင်သင်္ဘောတွေနဲ့ အများဆုံးအကျွမ်းတဝင်ရှိပေမယ့် တကယ်တမ်း ကမ္ဘာတဝှမ်းမှာ မစ်ရှင်အမျိုးမျိုးကို လေယာဉ်တင်သင်္ဘော မျိုးစုံနဲ့ ဝန်ဆောင်မှုပေးနေကြပါပြီ၊ဒီကနေ့မှာတော့ အသေးဆုံးလေယာဉ်တင်သင်္ဘောဖြစ်တဲ့ Chakri Naruebet အကြောင်း ဆွေးနွေးကြမှာဖြစ်ပါတယ်၊

Chakri Naruebet ကို 1994 July 12ရက်နေ့တွင် ထိုင်းရေတပ်က အသုံးပြုခဲ့ပြီး တစ်နှစ်ခွဲအကြာ 1996ခုနှစ်တွင် ပျံသန်းခဲ့ပါတယ်၊ စပိန်ကုမ္ပဏီ Bazan ကတည်ဆောက်ခဲ့တဲ့ သင်္ဘောဟာဆိုရင် စပိန် ရဟတ်ယာဉ်တင်သင်္ဘောPríncipe de Asturias ရဲ့ ဒီဇိုင်းကို အသုံးပြုထားတာဖြစ်ပါတယ်

Chakri Naruebet ပေ600 (182.6 မီတာ) ရှည်လျားပြီး ဝင်ရိုးကတော့ 72ပေ (21.9 မီတာ)ရှိတဲ့အပြင် တန်ချိန် 11,485 တန် တင်ဆောင်နိုင်ပါတယ်၊ကမ္ဘာ့ပထမဆုံး အမေရိကန် Nimitzအမျိုးအစားသင်္ဘောကတော့ ပေ1092 (332.8မီတာ)ရှည်လျား၍ 253ပေ (76.8မီတာ) ရှိကာ 104,600တန် တင်ဆောင်နိုင်ပါတယ်၊

Chakri Naruebetတွင် အမှုထမ်း455ယောက်နဲ့ လေယာဉ်အမှုထမ်း 146ယောက်သာရှိသော်လည်း Nimitz အမျိုးအစားမှာတော့ ‌အမှုထမ်း အယောက်3,300နဲ့ လေယာဉ်အမှုထမ်း အယောက်3000ရှိပါတယ်၊ Nimitz အမျိုးအစားဟာဆိုရင် နယူကလီးယားစွမ်းအင်အသုံးပြုပြီး မြင်းကောင်ရေအား 260,000 ထုတ်လုပ်နိုင်သော်လည်းChakri Naruebet ကတော့ ဂတ် တာဘိုင်အင်ဂျင်နဲ့ ဒီဇယ် အင်ဂျင်နှစ်မျိုးကိုတပ်ဆင်ထားကာ စုစုပေါင်း မြင်းကောင်ရေအား 50,687 သာထုတ်လုပ်နိုင်ပါတယ်၊

Chakri Naruebet ရဲ့ ဂတ်စ်တာဘိုင်နဲ့ ဒီဇယ်အင်ဂျင်ဟာ 12 knots လျှင် ရေကြောင်းအရ မိုင်ပေါင်း10000 အထိသာရောက်ရှိပြီး အမြင့်ဆုံးအရှိန် 26 knots ရှိကာ ပုံမှန်အမြန်နှုန်း 16knots ရှိပါတယ်၊ အမေရိကန် Nimitzအမျိုးအစားကတော့ ပုံမှန်အမြန်နှုန်း30knotsရှိပြီး အမြင့်ဆုံး အမြန်နှုန်းနဲ့ အကွာအဝေးဟာ အကန့်အသတ်မရှိသလို နှစ်20-25နှစ်မှသာ တကြိမ် လောင်စားဖြည့်ဖို့လိုအပ်ပါတယ်၊

ပေါ့ပါးသောလေယာဉ်တင်သည့်သင်္ဘော သို့မဟုတ် ရဟတ်ယာဉ်တင်သင်္ဘောဖြစ်သည့် Chakri Naruebet ဟာဆိုရင် အများဆုံး Harrierဂျက်လေယာဉ် 6စင်းနဲ့ ထောက်ပံ့လေယာဉ် 6စင်းတင်ဆောင်နိုင်ပါတယ် ၊ Harrier ဂျက်လေယာဉ်ပျံသန်းရာတွင် အထောက်အကူဖြစ်စေဖို့ ကုန်းပတ်ပေါ်တွင် 12ဒီဂရီ လျှောစောက်ကို ဒီဇိုင်းဆွဲတပ်ဆင်ထားပြီး ၎င်းဟာဆိုရင် Chinese Type 001 လျှောစောက်ကဲ့သို့ သိသာတဲ့ ဒီဇိုင်းပုံစံရှိပါတယ်၊ သင်္ဘောဟာ လေယာဉ်ပင့်တင်စနစ် မပါတာကြောင့် သို့မဟုတ် အားနည်းသော အင်ဂျင်ဒီဇိုင်းကြောင့် ထိုကဲ့သို့‌ လျှောစောက်ဒီဇိုင်းကိုအသုံးပြုရတာဖြစ်ပါတယ်၊

လျှောစောက်တွေဟာ ပြေးလမ်းတိုအတွင်း ပျံသန်းနိုင်စေရန်ကူညီပေးပေမယ့် လေယာဉ်ရဲ့ အကွာအဝေးကို ကန့်သတ်ထားပါတယ်၊ အလေးချိန်ကိုလည်းထည့်စဉ်းရမှာဖြစ်ပြီး လောင်စာပမာဏနဲ့ တပ်ဆင်နိုင်တဲ့ လက်နက်ပမဏကို လည်း ကန့်သတ်ထားတာကြောင့် စိတ်အနှောက်အယှက်ဖြစ်စရာကောင်းပါတယ်၊

ရေနွေးငွေ့ သို့မဟုတ် လျှပ်စစ်သံလိုက်စွမ်းအားသုံး ထောက်ပင့်စနစ်ဟာဆိုရင် လေယာဉ်ကို အရှိန်မြှင့်ပေးပြီး ပျံတတ်နိုင်ရန်လည်း အကူအညီပေးပါတယ်

Chakri Naruebet ရဲ့ ကာကွယ်ရေးလက်နက်တပ်ဆင်မှုဟာဆိုရင် Mistral လောင်ချာ သုံးခုသာ တပ်ဆင်ခွင့်ရှိပါတယ်၊ Mistral ဆိုတာ တာတို ပင်လယ်သုံး လေယာဉ်ပစ်ဒုံးကျည်ဖြစ်ပြီး ထိပ်ဖူးတွင် 6.6ပေါင်လေးသည့် အဖြိုက်နက် အားတပ်ဆင်ထားပါတယ်၊ Mistral ကို ပစ်မှတ်ရဲ့ အရှေ့သို့မဟုတ် အနောက် မှာပေါက်ကွဲစေဖို့အတွက် ရည်ရွယ်ကာ ဒီဇိုင်းဆွဲထားပြီး ဗုံးလက်ကျန်အစအနအဖြစ် ‌ဖျက်ဆီးပစ်ပါတယ်၊ ကံမကောင်းစွာနဲ့ ၎င်းရဲ့ 2.6မိုင် (4Km )အကွာအဝေးကြောင့် ခေတ်သစ် လေကြောင်းအန္တရာယ်နဲ့ အသံထက်မြန်တဲ့ ဒုံးကျည်ရန်မှ ကာကွယ်နိုင်ခြင်းမရှိပါဘူး၊

Mistralဟာ အနီအောက် ရောင်ခြည်ဖြင့် ထိန်းချုပ်နိုင်တဲ့စနစ်နဲ့ ချိတ်ဆက်နိုင်ပေမ့၊ ရေကြောင်း ရေဒါ စနစ်ဖြင့် ပစ်မှတ်နေရာ‌သို့ လမ်းညွှန်နိုင်စွမ်းမရှိပါဘူး၊သူ့မှာ ပစ်မှတ်ကိုရှာဖွေဖို့အတွက် အနီအောက် ရောင်ခြည်စနစ်သာ ပါဝင်တာကြောင့် ရန်သူက တန်ပြန်စီမံရေးတွေတောင်လုပ်ဆောင်နိုင်ပါတယ်၊

အမေရိကန် Rolling Airframe ဒုံးကျည်ကတော့ အီလတ်ထရောနစ်ပဲ့ထိန်းစနစ် ပါဝင်ကာ ရင်းနှီးကျွမ်းဝင်သော သင်္ဘော သို့မဟုတ်လေယာဉ်တွေနဲ့ ရေဒါစနစ် ချိတ်ဆက်နိုင်ပါတယ်၊ အပူချိန်နဲ့ ရောင်ခြည်ကိုလိုက်၍ ရှာဖွေရာတွင် ၎င်းသည် ရန့်ပစ်မှတ်ရဲ့ အပူချိန်အချက်ပြမှုကြောင့်ဒုံးကျည်နဲ့ ပစ်ခက်ဖျက်ဆီးနိုင်ပါတယ်၊

RAM အမျိုးအစားရဲ့ အများဆုံးအကွာအဝေးကတော့ အနည်းဆုံး 5.6 မိုင်(9ကီလိုမီတာ)ရှိကာ Mistralဒုံးကျည်အကွာအဝေးရဲ့ နှစ်ဆ ဖြစ်ပါတယ်၊ Chakri Naruebet မှာ eight-cell Evolved Sea Sparrow ဒုံးကျည် တပ်ဆင်ရန် ကန့်သတ်ချက်ရှိပြီး လက်တလောမှာတော့ ဘာကိုမှ အစီအစဉ်မချသေးပါဘူး၊

Sparrows ဟာ အမေရိကန် လေယာဉ်တင်သင်္ဘော ပုံစံရှိပြီး ထုံးစံအားဖြင့် လောင်ချာ 3ခုမှ4ခု တင်ဆောင်လေ့ရှိပါတယ်၊ အကွာအဝေး 31မိုင် (51km)နဲ့ အမြန်နှုန်း Mach 4 ရှိတဲ့ Evolved Sea Sparrow မှာ ကြောက်စရာကောင်းတဲ့ တာလတ်ကာကွယ်ရေးဒုံးကျည် ဖြစ်ပါတယ်၊ ၎င်းဟာလည်းRolling Airframe ဒုံးကျည်ကဲ့သို့ ရောင်ခြည်ဖြင့်ရှာဖွေရေးစနစ်ကို အသုံးပြုကာ ပစ်မှတ်ကိုလမ်းညွှန်ပြပေးတဲ့ အလင်းရောင်ရေဒါနဲ့ ထပ်တူညီပါတယ်၊

ထိုင်းရေတပ်ဟာ Sea Sparrowကို တည်ဆောက်ရန် နှောင့်နှေးနေတာနှင့်အမျှ Chakri Naruebet ဟာလည်း ရန်သူကိုတိုက်ခိုက်ပြီး ရှင်သန်ဖို့ မျှော်လင့်နိုင်မှာမဟုတ်ပါဘူး၊ထိုင်းရေတပ်ရဲ့ အထင်ကရဖြစ်တဲ့ Chakri Naruebet ရဲ့ အဓိက ကဏ္ဍဟာဆိုရင် ထိုင်းနိုင်ငံ စီးပွားရေးဇုန်အား စောင့်ကြည့်ရှာဖွေရန်၊ ကယ်ဆယ်ရေးအတွက် ကူညီရန် ၊ လေကြောင်းအထောက်အပံ့အား ထိန်းချုပ်ကာကွယ်ရန်ဖြစ်ပါတယ်၊

ထိုကဲ့သို့ လက်နက် ကန့်သတ်မှုများနဲ့ Chakri Naruebet ဟာ ဟောင်းနွမ်းလာတဲ့ Harriersဂျက်လေယာဉ်ကြောင့် အခြားသောလေယာဉ်များ သို့မဟုတ် ရန်သူလေယာဉ်မှ ကာကွယ်ရေးအတွက် အသစ်တွေရွေးချယ်နိုင်စေဖို့အကျိုးအမြတ်ရစေပါတယ်၊

Harriers တမျိုးထဲသာရှိတဲ့ ပင်လယ်အော်တွင် တခြား ရန်သူ့သင်္ဘောများလေယာဉ်များ ထိန်းထားနိုင်စွမ်းမရှိတာကြောင့် ကာကွယ်ရေးစနစ်လစ်ဟင်းနေတဲ့ Chakri Naruebet ဟာ အန္တာရယ်ကိုထိုင်စောင့်နေတဲ့ ဘဲတကောင်နဲ့တူပါတယ်၊ Chakri Naruebet ကိုပင်လယ်ထဲစေလွှတ်ခဲပီး ပို့တဲ့အခါမှလဲာ ထိုင်းတော်ဝင်မိသားစုကို ခေါ်ဆောင်သွားလေ့ရှိပြီး ကမ္ဘာအနှံ့က ကာကွယ်ရေး လေ့လာသူတွေဟာ တည်ဆောက်သမျှထဲမှာ တန်ဖိုးကြီးတဲ့ တော်၀င်ရွက်လှေလို့ သက်မှတ်ပါတယ်၊

ဒါ့ကြောင့် ထိုင်းရေတပ်က တဂယ်ပဲ လေယာဉ်တင်သင်္ဘောကိုလိုအပ်တာလား?ဒါမှမဟုတ် Chakri Naruebet ဟာ တော်ဝင်မိသားစုအတွက်သာ ရည်ရွယ်တည်ဆောက်တဲ့ အထင်ကရ သင်္ဘော တစ်စင်းဖြစ်နေတာလား?
Writer:Evelyn

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။

zawgyi





Chakri Naruebet ရဲ့ ဂတ်စ်တာဘိုင်နဲ့ ဒီဇယ်အင်ဂျင်ဟာ 12 knots လျှင် ရေကြောင်းအရ မိုင်ပေါင်း10000 အထိသာရောက်ရှိပြီး အမြင့်ဆုံးအရှိန် 26 knots ရှိကာ ပုံမှန်အမြန်နှုန်း 16knots ရှိပါတယ်၊ အမေရိကန် Nimitzအမျိုးအစားကတော့ ပုံမှန်အမြန်နှုန်3း0knotsရှိပြီး အမြင့်ဆုံး အမြန်နှုန်းနဲ့ အကွာအဝေးဟာ အကန့်အသတ်မရှိသလို နှစ်20-25နှစ်မှသာ တကြိမ် လောင်စားဖြည့်ဖို့လိုအပ်ပါတယ်၊












Writer:Evelyn
