ထိုင်းမှာ အလှူရှင်တွေ အမွှေးတိုင် ပူဇော်ကြပုံနဲ့ မြန်မာပြည်မှာ ပူဇော်ကြပုံ ဘာကွာနေလဲ

ထိုင်းမှာ အလှူရှင်တွေ အမွှေးတိုင် ပူဇော်ကြပုံနဲ့ မြန်မာပြည်မှာ ပူဇော်ကြပုံ ဘာကွာနေလဲ













ပထမပုံက ထိုင်းနိုင်ငံ ချင်းမိုင်က ဘုရားတစ်ဆူမှာ ခန့်ထားတဲ့ အမွှေးတိုင်နှင့် ဖယောင်းတိုင် လိုက်သိမ်းတဲ့ဝန်ထမ်း။

ဒုတိယပုံကတော့ လိုင်းပေါ်မှာတွေ့ရတဲ့ video clip ထဲမှာ တွေရတဲ့ မီးတောက်ကြီးဖြစ်တဲ့အထိ မီးပူဇော်ကြတဲ့ မြန်မာပြည်က ဘုရားတစ်ဆူပါ။

ချင်းမိုင်က ဘုရားဝန်ထမ်းဟာ အလှူရှင်တွေပူဇော်ခဲ့တဲ့ အမွှေးတိုင်ရဲ့ ၅ ချိုး ၁ ချိုးအထိဘဲ ကုန်ဘီဆိုတာနဲ့ သိမ်းယူပီး ရေထဲနှစ်ပစ်တယ်။ ဝါးဒုတ်ချောင်းဘဲကျန်တဲ့အထိ ရေစိမ်လိုက်တယ်။ ပီးတာနဲ့ အမှိုက်အိတ်ထဲ ပစ်ထည့်သိမ်းတယ်။ ပီးရင် စနစ်တကျစွန့်ပစ်တယ်။

ဒီလိုလုပ်ခြင်းအားဖြင့် လေထုညစ်ညမ်းမှုသက်သာစေတယ်၊ အမွှေးတိုင်ရနံ့ မကြိုက်သူတွေအတွက် သက်သာရာရစေတယ်။ ပူဇော်တာက ပူဇော်လို့ရတယ်၊ သို့ပေမယ့် သဘာဝပတ်ဝန်းကျင်နှင့် လူတွေအတွက် စိတ်အနှောက်ယှက်မဖြစ်စေရအောင် စီမံတယ်။ အမွှေးတိုင်စော် မနံတော့ဘူး။

ဖယောင်းတိုင်လည်း ထို့နည်းအတူဘဲ။ မီးပူဇော်ပီးတာနဲ့ ဒီလိုဘဲ စနစ်တကျလိုက်သိမ်းတယ်။ မီးဇာကုန် အရည်ပျော်တဲ့အထိ မထားပါဘူး။ ဒါကြောင့် ဖယောင်း ညှော်မနံတော့ဘူး။ မီးတောက်မဖြစ်တော့ဘူး။ မြန်မာပြည်မှာလည်း အဲ့လိုအကျင့်ကောင်းလေးတွေလိုက်လုပ်ကြရင် သိပ်ကောင်းမယ်။ (Zay Myo Lin)



Post Views:
1








Crd