ထိုင်းနှင့် မြန်မာ ဘယ်လောက်ထိတောင် ကွာခြားသွားပြီလဲ၊ သင်ခန်းစာ ယူစရာ အတုယူ အားကျစရာပါပဲ

ထိုင်းနှင့် မြန်မာ ဘယ်လောက်ထိတောင် ကွာခြားသွားပြီလဲ၊ သင်ခန်းစာ ယူစရာ အတုယူ အားကျစရာပါပဲ

ထိုင်းနှင့် မြန်မာ ဘယ်လောက်ထိတောင် ကွာခြားသွားပြီလဲ၊ သင်ခန်းစာ ယူစရာ အတုယူ အားကျစရာပါပဲ..

ထိုင်းနိုင်ငံသည် မိမိတို့ မြန်မာနှင့် အိမ်နီးချင်းနယ်နမိတ် ကီလိုမီတာ ၁၇၀၀ ခန့် ထိတွေ့ဆက်စပ်နေသော ဘာသာတူ ဗုဒ္ဓဘာသာ ကိုးကွယ်သည့် နိုင်ငံပါ။ အတိတ်ကိုပြန်ကြည့်ရင် စီးပွားရေးအရ မိမိတို့ထက် တချိန်က နိမ့်ကျခဲ့သောနိုင်ငံပါ။ မှတ်မိသမျှ နှစ်နိုင်ငံစီးပွားရေးကို ငွေကြေး လဲလှယ်နှုံး အခြေအနေတင်ပြရရင် (မှတ်မိသမျှ ခန့်မှန်းတင်ပြ) ရရင်..

၁၉၆၀ မတိုင်မီ မြန်မာ ၁ ကျပ်ထိုင်း ၃၀ ဘတ်, ၁၉၇၀ ခန့် မြန်မာ ၁ ကျပ် ထိုင်း ၁၀ ဘတ်, ၁၉၈၀ ခန့် မြန်မာ ၁ ကျပ် ထိုင်း ၁ ဘတ်, ၁၉၉၀ ခန့် မြန်မာ ၃၅ ကျပ် ထိုင်း -၁ ဘတ်, ၂၀၂၂ မှာတော့ မြန်မာ ၉၀ ထိုင်း ၁ ဘတ်။

ကျွန်ုပ်ထိုင်းနိုင်ငံဘန်ကောက်မြို့ကို ၁၉၉၀ ခု ဇန္နာဝါရီလ (၄) ရက်နေ့တွင် ပဌမဆုံးအကြိမ် ခြေချ ခွင့်ရရခဲ့ပါသည်။ ကားလမ်းများ ကြပ်ညပ်လွန်းလှပါသည်။ ယခုလို BTS / MRT နှင့် မိုးပျံ လမ်းများမရှိပါ။ ထိုင်းလူမျိုး အတော်များများ ကျောင်းသားလူငယ်များက အစ လူကြီးများအထိ အင်္ဂလိပ်စကား မပြောနိုင်ကြပါ။

မြန်မာ – ထိုင်း နယ်စပ်ကုန်သွယ်ရေးကအစ ယခင်က မြန်မာမှ နိုင်လွန်ပိတ်စများ၊ ပေါ်ပလင်ပိတ်စများ၊ မြန်မာနေရှင်နယ်ဓါတ်ခဲများ၊ ကာပေါ်လစ်ဆပ်ပြာ၊ ပက်ဆိုးဒင့် သွားတိုက်ဆေးများ စသည်တို့ကို ထိုင်းနိုင်ငံဘက်သို့ တင်ပို့ရောင်းချခဲ့ကြကြောင်း သိခဲ့ရပါသည်။ ယနေ့ယခုကာလမှာတော့ ထိုင်းမှ ဟင်းသီးဟင်းရွက်ကအစ ပြန်ဝယ်ယူနေကြရပါသည်။

ယနေ့ မနက် ရုံးချိန်အတွင်း သတိထားတွေ့ရသော မြင်ကွင်းကတော့ နိုင်ငံ၏အနာဂတ်လူငယ်များ တစ်နည်းအားဖြင့် မြန်မာပြည်မှာ သုံးစွဲနေသော လူသားအရင်းအမြစ်လေးများ (အသက် ၂၀ မှ အသက် ၃၅) ကြား လူငယ်လူလတ်လေးများသက်ဆိုင်ရာလုပ်ငန်းခွင်အသီးသီးသို့ တက်ကြွစွာ စည်းကမ်းရှိစွာ၊ ယဉ်ကျေးသိမ်မွေ့စွာ ကျရာတာဝန်ထမ်းဆောင်ရန် ရထား၊ ကား များဖြင့် စည်းကမ်းရှိစွာ သွားလာနေကြသည်ကို မုဒိတာပွားကြည်နူးစွာ မှတ်တမ်းတင်ခဲ့မိပါသည်။

မိမိတို့နိုင်ငံမှာတော့ အဆိုပါလူငယ်အရွယ်တွေ နိုင်ငံကူးလက်မှတ်ရုံးပတ်ဝန်းကျင်မှာ နိုင်ငံကူးလက်မှတ်ရရန် တိုးကြိတ်ပြီး ပွဲစားများတောင်းသမျှ ပေးနေရပြီး ဘာမသိ ညာမသိ မည်သည့် နိုင်ငံစကားမျှ မပြောတတ်ကြဘဲ ဝမ်းရေးအတွက် စွန့်စားထွက်ခွာနေကြသည်ကို စိတ်မကောင်းစွာတွေ့မြင်နေရပါသည်။ မိမိတို့၏ လူ့စွမ်းအားအရင်းအမြစ်များ နေ့စဉ်ဆုံးရှုံးလျက်ရှိနေပါသည်။

ထိုင်းဘုရင် ၏ ပညာတော်သင်ဆုဖြင့် ပြည်ပသို့ ပညာသင်ကြားခွင့်ရခဲ့သော လူငယ်ပညာတတ်များ အားလုံး သူတို့ရဲ့အမိမြေ ထိုင်းနိုင်ငံကို ပြန်လာ၍ နိုင်ငံအတွက် အလုပ်အကျွေးပြုနေကြကြောင်းလဲ ကြားသိခဲ့ရပါသည်။

မိမိတို့ က Brain Drain ဦးဏှောက်ယိုစီးဆင်းစဲ၊ သူတို့ကတော့ Brain Gain ဦးဏှောက်အမြတ်ရလျက်.. (Aye Lwin)



Post Views:
1

Crd