ထိုင်းနိုင်ငံမှာ ပထမဦးဆုံး ပြည်တွင်းထုတ် လျှပ်စစ်ကား EV Mini Truck များ စတင်ရောင်းချ

ထိုင်းနိုင်ငံမှာ ပထမဦးဆုံး ပြည်တွင်းထုတ် လျှပ်စစ်ကား EV Mini Truck များ စတင်ရောင်းချ

ထိုင်းနိုင်ငံမှာ ပထမဦးဆုံး ပြည်တွင်းထုတ် လျှပ်စစ်ကား EV Mini Truck များ စတင်ရောင်းချ..

၁၀၀ ရာခိုင်နှုန်း လျှပ်စစ်အားကို အသုံးပြုထားတဲ့ ထိုင်းနိုင်ငံကနေ ထုတ်လုပ်တဲ့ ပထမဦးဆုံး လျှပ်စစ်ထရပ်ကားကို ဘတ် ၇၄၈,၅၀၀ (မြန်မာငွေ သိန်း ၅၀၀ ကျော်) မှစတင်ကာ ရောင်းချနေပြီ ဖြစ်ပါတယ်။

EV Mini Truck MT30 လို့ နာမည်ပေးထားတဲ့ အဆိုပါလျှပ်စစ်ကားဟာ အားတစ်ခါသွင်းထားရင် ၂၀၂ ကီလိုမီတာ (၁၂၅ မိုင်) အထိသွားလာနိုင်မှာ ဖြစ်ပါတယ်။ Power Output 60kW (80hp) ရှိပြီး 200nm of Torque ရှိတဲ့ motor တစ်လုံးကို တပ်ဆင်ပေးထားပီး နောက်ဘီးယက် စနစ်ဖြစ်ပါတယ်။

ဘက်ထရီအနေနဲ့ကတော့ Amita Technology (Thailand) ကနေ ထုတ်လုပ်တဲ့ 30 kilowatt hours ရှိတဲ့ Li-Ion ဘက်ထရီကို တပ်ဆင်ပေးထားပါတယ်။ ဘက်ထရီကို CCS2 Charger နဲ့ Charging Station မှာ အားပြန်သွင်းမယ်ဆိုရင် ၃၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိကို ၁၅ မိနစ်အတွင်း ပြန်လည်အားသွင်းနိုင်မှာ ဖြစ်ပြီး အိမ်မီး AC သွင်းရင် ၀ မှ ၁၀၀ ရာခိုင်နှုန်းထိကို ၄ နာရီခန့် အားသွင်းရမှာဖြစ်ကြောင်း သိရပါတယ်။

Mine MT30 Electric Mini Truck Exterior Dimensions အပြင်ဘက်ပိုင်း အတိုင်းအတာတွေကတော့ Length 4585mm, Width 1750mm, Height 1940mm ဖြစ်ပါတယ်။

ယာဉ်အလေးချိန် 1450kg (1 တန်ခွဲခန့်) ရှိပီး ကုန်အလေးအချိန် 1000kg (1 တန်) တင်ဆောင်နိုင်မှာပါ။ ဆီဖိုးကုန်ကျစရိတ်ကို အများကြီးလျှော့ချနိုင်မယ့် အပြင် maintenance ကုန်ကျစရိတ် မရှိသလောက်နဲပီး မြို့တွင်းသုံးဖို့အတွက် တကယ်အဆင်ပြေတဲ့ EV mini truck လေးတွေကို ထိုင်းနိုင်ငံက ကိုယ်တိုင်ထုတ်နိုင်တာ အားကျစရာကောင်းပါတယ်။

ဘတ် ၇၆၆,၅၀၀ ဈေးကျသင့်မယ့် Pastel Edition မှာဆိုရင်တော့ အရောင်အနေနဲ့ Solid White, Pastel Yellow/White, Pastel Pink/White, Pastel Sky Blue/Black, Pastel Green/Black နဲ့ Pastel Grey/Black ဆိုပြီး (၆) မျိုးရရှိနိုင်မှာ ဖြစ်ပါတယ်။



Post Views:
4

Crd