ထိုင်ဝမ်ဟာယနေ့ အင်္ဂါနေ့မှာခေတ်မီစစ်သင်္ဘောတစ်စင်းကိုထုတ်ဖော်ပြသ

News

ထိုင်ဝမ်ဟာ ယနေ့ အင်္ဂါနေ့မှာ ခေတ်မီစစ်သင်္ဘောတစ်စင်းကိုထုတ်ဖော်ပြသလိုက်ပါတယ်။Yu Shan လို့ ထိုင်ဝမ်ရဲ့အမြင့်ဆုံးတောင်နာမည်ကိုပေးထားတဲ့ တန် ၁၀၆၀၀ ရှိသင်္ဘောဟာ စစ်သည်တော်တွေကိုကမ်းတက်ရာမှာအသုံးပြုနိုင်သလို ထိုင်ဝမ်ပိုင်အခြားကျွန်းတွေအတွက် ထောက်ပံ့ရေးရေယာဉ်အဖြစ်လည်းအသုံးပြုနိုင်ပါတယ်။

အဲ့ဒီစစ်ရေယာဉ်ဟာ ထိုင်ဝမ်ပိုင် CSBC ကော်ပိုရေးရှင်းကတည်ဆောက်ခဲ့တာဖြစ်ပြီး နောက်နှစ်မှာတပ်တော်ဝင်ပါလိမ့်မယ်။Yu Shan ဟာ ခေတ်မီဝေဟင်ရောရေပြင်ပစ်လက်နက်တွေတပ်ဆင်ထားပါတယ်။ အီလက်ထရိုမက်ကနက်တစ်လှိုင်းတွေကိုလည်းကာကွယ်နိုင်ပါတယ်။Phalanx CIWS (ဆီးဝစ်ဇ်လို့အသံထွက်တယ်) အမြန်ပစ်လေယာဉ်နဲ့ရေယာဉ်ပစ်လက်နက်တွေ၊ ဒုံးခွင်းလက်နက်တွေ၊ လေယာဉ်ပစ်ဒုံးကျည်တွေပါတပ်ဆင်ထားပါတယ်။

ထိုင်ဝမ်သမ္မတ Tsai Ing-wen က “ဒီစစ်သင်္ဘောဟာ ထိုင်ဝမ်ရေတပ်ရဲ့စွမ်းရည်ကိုအားဖြည့်ပေးမှာဖြစ်ပြီး ရေတပ်မစ်ရှင်တွေနဲ့ ထိုင်ဝမ်ကာကွယ်ရေးကို ပိုမိုတောင့်တင်းခိုင်မာစေလိမ့်မယ်လို့ ပြောကြားသွားပါတယ်။ထိုင်ဝမ်ဟာ F-16 လေယာဉ်အသစ်များနဲ့လေတပ်ကိုအားဖြည့်ထားပြီး ရေငုပ်သင်္ဘောတွေလည်းတည်ဆောက်နေပါတယ်။

Tuo Chiang class ကိုယ်ပျောက်ရေယာဉ်ငယ်တွေဟာ သင်္ဘောမြှုပ်ဒုံးကျည်တွေတပ်ဆင်ထားလို့ လေယာဉ်တင်သင်္ဘောသတ်သမား “aircraft carrier killer” အဖြစ်နာမည်ကြီးပါတယ်။ထိုင်ဝမ်သမ္မတဟာ အမျိုးသမီးဖြစ်ပေမယ့် သူ့လက်ထက်မှာ ထိုင်ဝမ်ကို ကိုယ့်ဘာသာကိုယ်ကာကွယ်နိုင်အောင် စစ်ရေးစွမ်းရည်အစွမ်းကုန်တိုးမြှင့်အောင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

credit – Richard Myo Thant

Leave a Reply