ထိုင္ဝမ္ကိုတ႐ုတ္က ပိုမိုေစာစီးစြာ သိမ္းပိုက္လာႏိုင္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး သတိေပး

ထိုင္ဝမ္ကိုတ႐ုတ္က ပိုမိုေစာစီးစြာ သိမ္းပိုက္လာႏိုင္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး သတိေပး

ထိုင္ဝမ္ကိုတ႐ုတ္က ပိုမိုေစာစီးစြာ သိမ္းပိုက္လာႏိုင္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး သတိေပး

တ႐ုတ္က ထိုင္ဝမ္ကို ယခင္ကခန္႔မွန္းထားသည္ထက္ ပိုမိုျမန္ျမန္ဆန္ဆန္ သိမ္းပိုက္ခ်င္ေနေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးအန္ေထာ္နီဘလင္ကင္ကေအာက္တိုဘာ၁၇ရက္တြင္ေျပာၾကားလိုက္ၿပီး သမၼတရွီက်င့္ဖ်င္က ပိုမိုရန္လိုေသာဦးတည္ခ်က္ျဖင့္ ဦးေဆာင္ေနေၾကာင္းသတိေပးလိုက္သည္။

ကမာၻ႔လူဦးေရအမ်ားဆုံးႏိုင္ငံကိုတတိယအႀကိမ္၅ႏွစ္သက္တမ္းရယူဦးေဆာင္ခါနီးတြင္ ေအာက္တိုဘာ ၁၆ရက္က က်င္းပသည့္ကြန္ျမဴနစ္ပါတီညီလာခံမိန္႔ခြန္းတြင္ ၎အာဏာရယူခဲ့သည့္ ၁၀ႏွစ္တာကာလကို ခ်ီးက်ဴးဂုဏ္ျပဳခဲ့ၿပီး တစ္ေန႔တြင္ ထိုင္ဝမ္ကိုအင္အားျပည့္ သိမ္းပိုက္ျခင္း သို႔မဟုတ္ ျပန္လည္ေပါင္းစည္းမည့္ သႏၷိ႒ာန္ကိုထပ္မံအတည္ျပဳခဲ့သည္။

“ရွီက်င့္ဖ်င္ဦးေဆာင္မႈေအာက္တြင္မၾကာေသးမီႏွစ္မ်ားအတြင္းအလြန္ကြဲျပားသည့္တ႐ုတ္ႏိုင္ငံတစ္ခု ေပၚထြက္လာသည္ကို ေတြ႕ျမင္ခဲ့ရသည္”ဟုႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ကြန္ဒိုလီဇာ႐ိုက္ႏွင့္အတူ တက္ေရာက္သည့္စတန္းဖို႔တကၠသိုလ္ဖိုရမ္တြင္ဘလင္ကင္ကေျပာၾကားခဲ့သည္။

“ျပည္တြင္းမွာပိုမိုဖိႏွိပ္ခ်ဳပ္ခ်ယ္ေနၿပီး ႏိုင္ငံျခားမွာပိုရန္လိုလာေနပါတယ္။ ၿပီးေတာ့ကြၽန္ေတာ္တို႔ အက်ိဳးစီးပြားနဲ႔ ကိုယ္ပိုင္တန္ဖိုးေတြကိုစိန္ေခၚေနပါတယ္” ဟု၎ကဆက္လက္ေျပာၾကားခဲ့သည္။

တ႐ုတ္ကြန္ျမဴနစ္ပါတီက မည့္သည္အခါမွ အုပ္ခ်ဳပ္ခဲ့ဖူးျခင္းမရွိဘဲ ပိုင္ဆိုင္ေၾကာင္း ေျပာၾကားေနသည့္ ကိုယ္ပိုင္ အုပ္ခ်ဳပ္ေနသည့္ ထိုင္ဝမ္ကိုခ်ဥ္းကပ္မႈ ေျပာင္းလဲျခင္းျဖင့္ ရွီက ဆက္ဆံေရးပိုမိုဆိုး႐ြားေအာင္ျပဳလုပ္ေနသည္ဟု ဘလင္ကင္ကစြပ္စြဲခဲ့သည္။ လက္ရွိအေနအထားကိုလက္မခံႏိုင္ေတာ့ေၾကာင္းတ႐ုတ္ကအေျခခံဆုံးျဖတ္ခ်က္တစ္ရပ္ကိုခ်မွတ္ခဲ့ၿပီး၊ပိုမိုျမန္ဆန္ေသာ အခ်ိန္ဇယားျဖင့္ျပန္လည္ေပါင္းစည္းေရးကို ဆက္လက္လုပ္ေဆာင္ရန္ တ႐ုတ္က ဆုံးျဖတ္ထားေၾကာင္း ၎က ေျပာၾကားခဲ့သည္။

ထိုင္ဝမ္ကို မၾကာမီက်ဴးေက်ာ္သိမ္းပိုက္ႏိုင္သည္အထိ တ႐ုတ္က စစ္အင္အားတိုးခ်ဲ႕လာေနေၾကာင္း အေမရိကန္အႀကီးတန္းစစ္ဘက္အရာရွိမ်ားကယခင္ကသတိေပးထားသည္။
ယခင္ကထိုင္ဝမ္ႏွင့္ “ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းေရး” ကိုႀကိဳးပမ္းမည့္ တ႐ုတ္၏ရပ္တည္ခ်က္မွာ ေျပာင္းလဲသြားခဲ့ၿပီး အထူးသျဖင့္ထိုင္ဝမ္က လြတ္လပ္ေရးတရားဝင္ေၾကညာပါက လိုအပ္ပါက အင္အားသုံးမည္ဟုေျပာၾကားထားသည္။

crd
By CNA 22 October 2022
#ထိုင္ဝမ္ကိုတ႐ုတ္ကပိုမိုေစာစီးစြာသိမ္းပိုက္လာႏိုင္ေၾကာင္းအေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးသတိေပး

Unicode
ထိုင်ဝမ်ကိုတရုတ်က ပိုမိုစောစီးစွာ သိမ်းပိုက်လာနိုင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး သတိပေး

တရုတ်က ထိုင်ဝမ်ကို ယခင်ကခန့်မှန်းထားသည်ထက် ပိုမိုမြန်မြန်ဆန်ဆန် သိမ်းပိုက်ချင်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်ထော်နီဘလင်ကင်ကအောက်တိုဘာ၁၇ရက်တွင်ပြောကြားလိုက်ပြီး သမ္မတရှီကျင့်ဖျင်က ပိုမိုရန်လိုသောဦးတည်ချက်ဖြင့် ဦးဆောင်နေကြောင်းသတိပေးလိုက်သည်။

ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကိုတတိယအကြိမ်၅နှစ်သက်တမ်းရယူဦးဆောင်ခါနီးတွင် အောက်တိုဘာ ၁၆ရက်က ကျင်းပသည့်ကွန်မြူနစ်ပါတီညီလာခံမိန့်ခွန်းတွင် ၎င်းအာဏာရယူခဲ့သည့် ၁၀နှစ်တာကာလကို ချီးကျူးဂုဏ်ပြုခဲ့ပြီး တစ်နေ့တွင် ထိုင်ဝမ်ကိုအင်အားပြည့် သိမ်းပိုက်ခြင်း သို့မဟုတ် ပြန်လည်ပေါင်းစည်းမည့် သန္နိဋ္ဌာန်ကိုထပ်မံအတည်ပြုခဲ့သည်။

“ရှီကျင့်ဖျင်ဦးဆောင်မှုအောက်တွင်မကြာသေးမီနှစ်များအတွင်းအလွန်ကွဲပြားသည့်တရုတ်နိုင်ငံတစ်ခု ပေါ်ထွက်လာသည်ကို တွေ့မြင်ခဲ့ရသည်”ဟုနိုင်ငံခြားရေးဝန်ကြီးဟောင်း ကွန်ဒိုလီဇာရိုက်နှင့်အတူ တက်ရောက်သည့်စတန်းဖို့တက္ကသိုလ်ဖိုရမ်တွင်ဘလင်ကင်ကပြောကြားခဲ့သည်။

“ပြည်တွင်းမှာပိုမိုဖိနှိပ်ချုပ်ချယ်နေပြီး နိုင်ငံခြားမှာပိုရန်လိုလာနေပါတယ်။ ပြီးတော့ကျွန်တော်တို့ အကျိုးစီးပွားနဲ့ ကိုယ်ပိုင်တန်ဖိုးတွေကိုစိန်ခေါ်နေပါတယ်” ဟု၎င်းကဆက်လက်ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီက မည့်သည်အခါမှ အုပ်ချုပ်ခဲ့ဖူးခြင်းမရှိဘဲ ပိုင်ဆိုင်ကြောင်း ပြောကြားနေသည့် ကိုယ်ပိုင် အုပ်ချုပ်နေသည့် ထိုင်ဝမ်ကိုချဉ်းကပ်မှု ပြောင်းလဲခြင်းဖြင့် ရှီက ဆက်ဆံရေးပိုမိုဆိုးရွားအောင်ပြုလုပ်နေသည်ဟု ဘလင်ကင်ကစွပ်စွဲခဲ့သည်။ လက်ရှိအနေအထားကိုလက်မခံနိုင်တော့ကြောင်းတရုတ်ကအခြေခံဆုံးဖြတ်ချက်တစ်ရပ်ကိုချမှတ်ခဲ့ပြီး၊ပိုမိုမြန်ဆန်သော အချိန်ဇယားဖြင့်ပြန်လည်ပေါင်းစည်းရေးကို ဆက်လက်လုပ်ဆောင်ရန် တရုတ်က ဆုံးဖြတ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်ဝမ်ကို မကြာမီကျူးကျော်သိမ်းပိုက်နိုင်သည်အထိ တရုတ်က စစ်အင်အားတိုးချဲ့လာနေကြောင်း အမေရိကန်အကြီးတန်းစစ်ဘက်အရာရှိများကယခင်ကသတိပေးထားသည်။
ယခင်ကထိုင်ဝမ်နှင့် “ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေး” ကိုကြိုးပမ်းမည့် တရုတ်၏ရပ်တည်ချက်မှာ ပြောင်းလဲသွားခဲ့ပြီး အထူးသဖြင့်ထိုင်ဝမ်က လွတ်လပ်ရေးတရားဝင်ကြေညာပါက လိုအပ်ပါက အင်အားသုံးမည်ဟုပြောကြားထားသည်။

crd
By CNA 22 October 2022
#ထိုင်ဝမ်ကိုတရုတ်ကပိုမိုစောစီးစွာသိမ်းပိုက်လာနိုင်ကြောင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးသတိပေး

Crd