TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■ထရပ်ကားရဲ့အနောက်မှာ ချည်ထားသော ပန်ကန်ပြားပျံ

ပန်တဂွန်ကဗီဒီယိုလောက် စိတ်ဝင်စားခြင်းမခံရပေမယ့် Area 51 အကြောင်းပြောထားတဲ့ နောက်ထပ် ဇာတ်လမ်းတွေရှိပါသေးတယ်။ဒါကိုတွေ့မြင်ခဲ့တဲ့သူကတော့ သူမြင်ခဲ့ရတာဟာ ပန်းကန်ပြားပျံလိုမျိုးဖြစ်ပြီး ထရပ်ကားရဲ့အနောက်မှာ ချည်ထားတာပါ။ ၎င်းကိုရဲတွေက ခြံရံထားပါတယ်။ ဒါကို ဖော့တ်လီရိုနာတ်ဝုဒ်ဒေသ မစ်ဆိုရီမေရာမှာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ည၁၀:၁၅ မှာတွေ့ခဲ့တာပါ။

ဒီအချိန်ကတော့ ကားတွေလမ်းပေါ်မှာ မရှိသလောက်ပါပဲ။ ဒီ ဗီဒီယို ရိုက်ကူးခဲ့တဲ့နေရာကတော့ Area 51 နဲ့ မိုင်ပေါင်း ၁၅၀၀ လောက်ကွာဝေးပါတယ်။ ဒါကြောင့် ဒီကားကြီးဟာ ဘယ်ကိုသွားနေလဲဆိုတာကို မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ ဒီ ဖော့တ်လီရိုနာ့တ်ဝုဒ်ဟာ ရိုက်ပတ်တာဆန်လေတပ်အခြေစိုက်စခန်းနဲ့ မဝေးတာကို သတိထားမိမှာပါ။

အခြေစိုက်စခန်းတွေဟာ ပူးပေါင်းကြံစည်ရေးသီအိုရီတွေကို လေ့လာတဲ့သူတွေအတွက် UFO နှင့် ဂြိုဟ်သားခန္တာကိုယ်တွေကိုလေ့လာတဲ့နေရာဖြစ်တယ်လို့ဆိုထားပါတယ်။ ဒါဟာ တိုက်မိထားတဲ့UFO ကို သယ်ဆောင်လာတာလည်းဖြစ်နိုင်မှာပါ။ ရိုက်ပတ်တာဆန်ကနေ Area 51 အထိ ကျွန်မတို့ဟာ ဘယ်အကြောင်းအရာကိုမှ သေသေချာချာသိရမှာ မဟုတ်ပါဘူး။ UFO တွေက အရောင်မှိုင်းမှိုင်း သတ္တုမီးခိုးရောင်ရှိပြီးအလယ်အောက်ခြေမှာ ခြေထောက်အထူကြီးတွေရှိပါတယ်။ အလယ်ခန္ဓာမှာ ထူထဲပြီး အပြင်ဘက်အပြင်မှာ ပါးပါတယ်။

ပိုပြီးသေချာတာကတော့ သူတို့မှာ ပြတင်းပေါက်တွေ သိသာထင်ရှားတဲ့ အမှတ်အသားတွေမပါပါဘူး။ ဒါကြောင့် သိထားရမှာက UFO နှင့် UAP တွေက ဂြိုဟ်သားတွေနှင့် ဆက်နွယ်နေရမယ်လို့ မဆိုလိုပါဘူး။ ၎င်းဟာအရာများစွာကို အဓိပ္ပာယ်သက်ရောက်နိုင်ပါတယ်။ မထုတ်ဖော်ထားတဲ့ ယာဥ်ပျံတွေ ကြီးမားတဲ့ ဒရုန်းတည်ဆောက်ရေးဆိုင်ရာ ပစ္စည်းတွေလည်းဖြစ်နိုင်ပါတယ်။

ဒါပေမယ့် အဲ့အရာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ကဆုံးဖြတ်ပါ။ တကယ်လို့ ဒီအရာတွေဟာ တစ်ခါမှ မမြင်ဖူးတဲ့ နည်းပညာတွေဆိုရင် ဒေါ်လာ သန်းချီကုဋေချီတဲ့ နည်းပညာတွေဖြစ်နိုင်ပါတယ်။ ဒီလို စိတ်ဝင်စားဖို့ကောင်းတဲ့ အဖြစ်အပျက်တွေဟာ အမေရိကန်ပြည်ထောင်စုမှာပဲဖြစ်ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext