■ထရပ်ကားကြီးမတော်တဆဖြစ်ခဲ့ကာ ၃တန်ခွဲအလေးချိန်ရှိတဲ့ငါးရှဥ့်တွေ လမ်းပေါ်မှာပြန့်ကျဲ

Article Knowledge World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■ထရပ်ကားကြီးမတော်တဆဖြစ်ခဲ့ကာ ၃တန်ခွဲအလေးချိန်ရှိတဲ့ငါးရှဥ့်တွေ လမ်းပေါ်မှာပြန့်ကျဲ

ဒီပို့တ်ဘေးအော်ရဂန်မြို့လေးမှာနေထိုင်တဲ့ မြို့သူမြို့သားတွေနှင့် အနီးအနားမှာနေထိုင်တဲ့သူတွေအားလုံးဟာ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်မှာဖြစ်ပျက်ခဲ့တဲ့ အရာကို မျက်မြင်တွေ့ခဲ့ကြပါတယ်။

ဒါဟာ ချွဲကျိကျိငါးရှဥ့်တွေပါဝင်တဲ့ ထရပ်ကားကြီးမတော်တဆဖြစ်ခဲ့တာပါ။ ဒီငါးရှဥ့်တွေ ကြည့်ရတာ ရွံစရာကောင်းပြီးတော့ ကိုးရီးယားနိုင်ငံကိုတင်ပို့ဖို့စီစဥ်ထားတာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးမြင်တဲ့အတိုင်းပဲ ၃ တန်ခွဲ အလေးချိန်ရှိတဲ့ ငါးရှဥ့်တွေဟာ လမ်းပေါ်မှာပြန့်ကျဲနေတာကတော့ မြင်ရတာ အဆင်မပြေခဲ့ပါဘူး။ မျက်မြင်သက်သေတွေပြောပုံအရတော့ လမ်းပေါ်ရှိတဲ့ အရာမှန်သမျှ ရွံ့စရာအလွန်ကောင်းခဲ့ပါတယ်။

လမ်းတစ်လမ်းလုံးဟာ အချွဲတွေနှင့်ပြည့်နေပြီး လေထဲမှာလည်း ငါးညှီနှံအပြည့်ပါပဲ။ ချွဲကျိကျိငါးရှဥ့်တွေကို မြေကြီးပေါ်ကနေသယ်တဲ့အသံကတောင် ရွံ့စရာကောင်းနေခဲ့တာပါ။

ကားမောင်းသမားတွေထက်ပိုပြီးခံစားလိုက်ရတာကတော့ မီးသတ်သမားတွေဖြစ်ပြီး လမ်းပေါ်ကနေ ဒီငါးအချွဲတွေကိုရှင်းပစ်ဖို့ ရေ လီတာ ၂၀,၀၀၀ လောက်ကုန်ခဲ့ပါတယ်။
Ref:youtube
Trans:thegeektext

zawgyi







Ref:youtube
Trans:thegeektext