ထပ်မံတပ်တော်ဝင်လာမည့်ကမ်းလွန်ကင်းလှည့်ရေယာဥ် (OPV)အင်းမ(Hull no.56 )

Militarily News

ထပ်မံတပ်တော်ဝင်လာမည့် ကမ်းလွန်ကင်းလှည့်ရေယာဥ် (OPV)အင်းမ(Hull no.56 )

ယခုရေးသားထားမှုမှာ ကမ်းလွန်ကင်းလှည့်ရေယာဥ်(OPV) အင်းလေး(Hull no.54)တပ်တော်ဝင်စဥ်က ရေးသားထား မှုအား ပြန်လည်းဖော်ပြပေးခြင်း ဖြစ်ပါသည်-
ဒီဇင်ဘာ ၂၄ ရက်နေ့ တပ်မတော်(ရေ)နေ့မှာ ပြည်တွင်းထုတ် ကမ်းလွန်ကင်းလှည့်ရေယာဉ်(Offshore Patrol Vessel-OPV) Hull no.54 အင်းလေး စစ်ရေယာဉ်
တပ်တော်ဝင်လာသည်ကို ဂုဏ်ယူဖွယ် တွေ့မြင်ရသည်။ပြည်တွင်းထုတ်များ၏ နောက်ပိုင်းပုံစံများအတိုင်း RCS ကို လျှော့ချပေးသည့် Stealth ပုံစံဖြင့်ပွဲထွက်လာခဲ့သည်။

စစ်ရေယာဉ်မှာ ၈၁ မီတာရှည်ပြီး Naval Main Gun အနေဖြင့် ၅၇ မမ ၂ လက်တွဲ ပင်မအမြောက်ကို သင်္ဘော ဦးပိုင်းတွင် တပ်ဆင်ထားပြီး ရေယာဉ်နောက်ပိုင်းတွင် ပွိုင့် ၅ လေယာဉ်ပစ်စက်သေနတ်ကြီး ၂ လက် တပ်ဆင်ထားသဖြင့် တိုက်ခိုက်ရေးတာဝန်အတွက် အားနည်းသည်ဟု ထင်နိုင်သော်လည်း စစ်ရေယာဉ်၏ အဓိကတာဝန်မှာ ကမ်းလွန်ကင်းလှည့်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး(SAR)အတွက် အဓိက ထားသည်ဟု ယူဆရသည်။

ရေယာဉ်နောက်ပိုင်းတွင် ရဟတ်ယာဉ် ၁ စီးဆင်းသက်ရန် heli deck ပါဝင်ကာ ရဟတ်ယာဉ်သိုလှောင်ရုံ Hangar ပါထည့်သွင်းတည် ဆောက်ထားသည်။တပ်မတော်(လေ)တွင်အသုံးပြုသည့် Eurocopter အားတင်ဆောင်နိုင်ချေရှိကာ အဆိုပါရဟတ်ယာဉ်သည် ရှာဖွေကယ်ဆယ်ရေး(SAR)
အတွက်အသုံးပြုသော ရဟတ်ယာဥ် အမျိုးအစားဖြစ်သည်။

စစ်ရေယာဉ်တွင် မီးငြိမ်းသတ်ရန် water cannon များပါဝင်သည်ဟုဆိုသဖြင့် ရှာဖွေကယ်ဆယ်ရေးအတွက် အဓိက ထားသည်ကို ပိုမိုပေါ်လွန်စေသည်။ ကမ်းလွန် ကင်းလှည့်ရေယာဉ် ဖြစ်သည့်အတွက် သာမန်ကင်းလှည့်ရေယာဉ်ကဲ့သို့မဟုတ်ဘဲ ကမ်းဝေးပင်လယ်တွင် ကြာရှည်စွာတာဝန်ထမ်းဆောင်ခြင်း(Endurance)ရှိသည့် စစ်ရေယာဥ် အမျိုးအစားဖြစ်သည်။

အရှေ့တောင်အာရှတွင် ဖရီးဂိတ်စစ်ရေယာဉ်အတန်းအစားအား တပ်မတော်(ရေ)သာ ကိုယ်တိုင်တည်ဆောက်နိုင်သေးအခြေအနေတွင် ဖျက်သင်္ဘောကဲ့သို့ စစ်သင်္ဘောကြီးများကို ဆက်လက်တည်ဆောက်မည်ဆိုပါက ကမ္ဘာ့ထိပ်တန်းရေတပ်အဖြစ် ရောက်ရှိလာနိုင်ချေပိုမိုနီးစပ်သည်ဟု သုံးသပ်မိပါ သည်။

Credit – KokolinOo

Leave a Reply