တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ေလတပ္၏ FTC-2000G Mountain Eagle လာပါၿပီ..

တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ေလတပ္ (PLAAF)၏ ေနာက္ဆုံးမ်ိဳးဆက္အဆင့္ျမင့္အေမာင္းသင္ေလယာဥ္အစီအစဥ္(next generation advanced trainer aircraft programme)အရ Guizhou JL-9 အဆင့္ျမင့္အေမာင္းသင္ေလယာဥ္ ထြက္ေပၚလာျခင္းျဖစ္သည္။
အဆိုပါအစီအစဥ္အရ JL-9 ႏွင့္အတူ ထြက္ေပၚလာေသာ အဆင့္ျမင့္အ ေမာင္းသင္ေလယာဥ္မွာ Hongdu L-15 Falcon ျဖစ္သည္။ သို႔ေသာ္ Hongdu L-15 Falcon မွာ ႐ုရွား Yak-130 ကို တပ္ဆင္ထုတ္လုပ္ထားသည္ဟု ဆိုထားသည္။JL-9 ကို တ႐ုတ္ျပည္တြင္းထုတ္ J-10 ကဲ့သို႔ မ်ိဳး ဆက္ျမင့္တိုက္ေလယာဥ္မ်ားအတြက္ ေပါင္းကူးေပး ရန္ ရည္႐ြယ္ထုတ္လုပ္ထားျခင္း ျဖစ္သည္။
အဆင့္ ျမင့္အေမာင္းသင္ေလယာဥ္ျဖစ္သည့္အတြက္ ေလသူရဲ ၂ ဦး လိုက္ပါ ပ်ံသန္းမည္ ျဖစ္သည္။ JL-9 ကို ၂၀၀၃ တြင္ စတင္ပ်ံသန္းခဲ့ၿပီး FTC-2000 Mountain Eagle(Shan Ying)ဟုလည္း လူသိမ်ားၾကသည္။ JL-9/JL-9G ကို တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ ေလတပ္ႏွင့္ေရတပ္ တို႔တြင္ အသုံးျပဳလွ်က္ရွိသည္။
FTC-2000 တြင္ WP-13F(C) turbojet(with afterburner) အင္ဂ်င္ ၁ လုံး တပ္ဆင္ထားကာ တစ္နာရီ ၁၇၀၀ ကီလိုမီတာ အျမန္ႏႈန္းျဖင့္ အျမင့္ ၁၆ ကီလိုမီတာ အထိ တက္ေရာက္ပ်ံသန္းႏိုင္မည္ ျဖစ္သည္။ အသံထက္ ၁.၄ ဆ ျမန္ႏႈန္းျဖင့္ပ်ံသန္း ႏိုင္ကာ အကြာအေဝး ၂၅၀၀ ကီလိုမီတာ အထိတိုက္ ႐ိုက္ပ်ံသန္းႏိုင္မည္ျဖစ္သည္။
JL-9/FTC-2000G ၏ avionics & engine အား upgrade ျပဳလုပ္ ထားသည္ဟု သိရွိရသည္။FTC-2000G ၏ ပထမဦးစားေပးမွာ အေမာင္းသင္ ျဖစ္ေသာ္လည္း ဒုတိယဦးစားေပးအေနျဖင့္ ေလ ေၾကာင္းတိုက္ခိုက္မႈမ်ားကို ျပဳလုပ္ႏိုင္သည္။ JL-9 တြင္ ၂၃ မမ စက္အေျမာက္ ၁ လက္ တပ္ဆင္ထား ကာ လက္နက္ခ်ိတ္ဆြဲရန္ အမာခံေနရာ အေနျဖင့္ ေတာင္ပံတစ္ဖက္ ၂ ခုစီႏွင့္ ဝမ္းဗိုက္ေအာက္အလယ္ တြင္ ၁ ခု၊ ေပါင္း ၅ ခု ပါရွိသည္။
FTC-2000 တြင္မူ လက္နက္ခ်ိန္ဆြဲရန္အမာခံေနရာ ပိုမိုသည္ဟု သိရွိရ သည္။ အမာခံေနရာမ်ားတြင္ ေဝဟင္မွ ေဝဟင္ပစ္ ဒုံးမ်ား၊ ေဝဟင္မွ ေျမျပင္ပစ္ ဒုံးႏွင့္ဗုံးမ်ားသာမက ပဲ့ထိန္းမဲ့ေရာကတ္မ်ားကို ထည့္သြင္းထားသည့္ rocket pod ကိုလည္း တပ္ဆင္ႏိုင္သည္။ JL-9/ FTC-2000G ၏ လက္နက္သယ္ေဆာင္ႏိုင္မႈ (payload)မွာ ၂၀၀၀ ကီလိုဂရမ္ ျဖစ္သည္။
ဝမ္းဗိုက္ အလယ္အမာခံေနရာတြင္ လက္နက္အစား အပိုဆီ တိုင္ကီ(drop tank)ခ်ိတ္ဆြဲပါက အကြာအေဝးပိုမို ပ်ံသန္းႏိုင္မည္ျဖစ္သည္။ အနာဂတ္တြင္ ေဝဟင္တြင္ ဆီျဖည့္ရန္အတြက္ in-flight refueling probe အား install ျပဳလုပ္မည္ ျဖစ္သည္။
JL-9 မွာ တ႐ုတ္ေလတပ္သုံး၊ JL-9G မွာ တ႐ုတ္ ေရတပ္သုံးျဖစ္ကာ FTC-2000G မွာ ျပည္ပပို႔ မ်ိဳး ကြဲျဖစ္သည္။
ျပည္ပပို႔ FTC-2000G တြင္ ဝယ္ယူသူေတာင္းဆိုလာပါက အီတလီထုတ္ပစ္ခတ္မႈထိန္း ခ်ဳပ္ေရးေရဒါ ျဖစ္ေသာ Grifo S-7 fire control radar အား တပ္ဆင္ေပးမည္ ျဖစ္သည္။JL-9/FTC-2000G သည္ မ်ိဳးဆက္ျမင့္တိုက္ေလ ယာဥ္မ်ားကို ေမာင္းႏွင္မည့္ ေလသူရဲမ်ားအား high performance ျဖင့္ေမာင္းႏွင္ႏိုင္ေအာင္ ေလ့က်င့္ ေပးႏိုင္မည့္
တိုက္ေလယာဥ္ျဖစ္သည့္အျပင္ လက္နက္တပ္ဆင္ကင္းေထာက္ျခင္း၊ အနီးကပ္ ေလေၾကာင္းပစ္ကူေပးျခင္းမ်ားသာမက ညပိုင္း ေလေၾကာင္းတိုက္ခိုက္မႈမ်ားတြင္ ထိေရာက္စြာအသုံးျပဳ ႏိုင္မည္ ျဖစ္သည္။JL-9/FTC-2000G တိုက္ေလယာဥ္ တစ္စီးတန္ဖိုး (unit cost)မွာ အေမရိကန္ေဒၚလာ ၈.၅ သန္း ရွိ သည္။
Crd…Kokolinoo
GoldenEagle
Unicode
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်လေတပ်၏ FTC-2000G Mountain Eagle လာပါပြီ..
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်လေတပ် (PLAAF)၏ နောက်ဆုံးမျိုးဆက်အဆင့်မြင့်အမောင်းသင်လေယာဉ်အစီအစဉ်(next generation advanced trainer aircraft programme)အရ Guizhou JL-9 အဆင့်မြင့်အမောင်းသင်လေယာဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါအစီအစဉ်အရ JL-9 နှင့်အတူ ထွက်ပေါ်လာသော အဆင့်မြင့်အ မောင်းသင်လေယာဉ်မှာ Hongdu L-15 Falcon ဖြစ်သည်။ သို့သော် Hongdu L-15 Falcon မှာ ရုရှား Yak-130 ကို တပ်ဆင်ထုတ်လုပ်ထားသည်ဟု ဆိုထားသည်။JL-9 ကို တရုတ်ပြည်တွင်းထုတ် J-10 ကဲ့သို့ မျိုး ဆက်မြင့်တိုက်လေယာဉ်များအတွက် ပေါင်းကူးပေး ရန် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်။
အဆင့် မြင့်အမောင်းသင်လေယာဉ်ဖြစ်သည့်အတွက် လေသူရဲ ၂ ဦး လိုက်ပါ ပျံသန်းမည် ဖြစ်သည်။ JL-9 ကို ၂၀၀၃ တွင် စတင်ပျံသန်းခဲ့ပြီး FTC-2000 Mountain Eagle(Shan Ying)ဟုလည်း လူသိများကြသည်။ JL-9/JL-9G ကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်နှင့်ရေတပ် တို့တွင် အသုံးပြုလျှက်ရှိသည်။
FTC-2000 တွင် WP-13F(C) turbojet(with afterburner) အင်ဂျင် ၁ လုံး တပ်ဆင်ထားကာ တစ်နာရီ ၁၇၀၀ ကီလိုမီတာ အမြန်နှုန်းဖြင့် အမြင့် ၁၆ ကီလိုမီတာ အထိ တက်ရောက်ပျံသန်းနိုင်မည် ဖြစ်သည်။ အသံထက် ၁.၄ ဆ မြန်နှုန်းဖြင့်ပျံသန်း နိုင်ကာ အကွာအဝေး ၂၅၀၀ ကီလိုမီတာ အထိတိုက် ရိုက်ပျံသန်းနိုင်မည်ဖြစ်သည်။
JL-9/FTC-2000G ၏ avionics & engine အား upgrade ပြုလုပ် ထားသည်ဟု သိရှိရသည်။FTC-2000G ၏ ပထမဦးစားပေးမှာ အမောင်းသင် ဖြစ်သော်လည်း ဒုတိယဦးစားပေးအနေဖြင့် လေ ကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်နိုင်သည်။ JL-9 တွင် ၂၃ မမ စက်အမြောက် ၁ လက် တပ်ဆင်ထား ကာ လက်နက်ချိတ်ဆွဲရန် အမာခံနေရာ အနေဖြင့် တောင်ပံတစ်ဖက် ၂ ခုစီနှင့် ဝမ်းဗိုက်အောက်အလယ် တွင် ၁ ခု၊ ပေါင်း ၅ ခု ပါရှိသည်။
FTC-2000 တွင်မူ လက်နက်ချိန်ဆွဲရန်အမာခံနေရာ ပိုမိုသည်ဟု သိရှိရ သည်။ အမာခံနေရာများတွင် ဝေဟင်မှ ဝေဟင်ပစ် ဒုံးများ၊ ဝေဟင်မှ မြေပြင်ပစ် ဒုံးနှင့်ဗုံးများသာမက ပဲ့ထိန်းမဲ့ရောကတ်များကို ထည့်သွင်းထားသည့် rocket pod ကိုလည်း တပ်ဆင်နိုင်သည်။ JL-9/ FTC-2000G ၏ လက်နက်သယ်ဆောင်နိုင်မှု (payload)မှာ ၂၀၀၀ ကီလိုဂရမ် ဖြစ်သည်။
ဝမ်းဗိုက် အလယ်အမာခံနေရာတွင် လက်နက်အစား အပိုဆီ တိုင်ကီ(drop tank)ချိတ်ဆွဲပါက အကွာအဝေးပိုမို ပျံသန်းနိုင်မည်ဖြစ်သည်။ အနာဂတ်တွင် ဝေဟင်တွင် ဆီဖြည့်ရန်အတွက် in-flight refueling probe အား install ပြုလုပ်မည် ဖြစ်သည်။
JL-9 မှာ တရုတ်လေတပ်သုံး၊ JL-9G မှာ တရုတ် ရေတပ်သုံးဖြစ်ကာ FTC-2000G မှာ ပြည်ပပို့ မျိုး ကွဲဖြစ်သည်။
ပြည်ပပို့ FTC-2000G တွင် ဝယ်ယူသူတောင်းဆိုလာပါက အီတလီထုတ်ပစ်ခတ်မှုထိန်း ချုပ်ရေးရေဒါ ဖြစ်သော Grifo S-7 fire control radar အား တပ်ဆင်ပေးမည် ဖြစ်သည်။JL-9/FTC-2000G သည် မျိုးဆက်မြင့်တိုက်လေ ယာဉ်များကို မောင်းနှင်မည့် လေသူရဲများအား high performance ဖြင့်မောင်းနှင်နိုင်အောင် လေ့ကျင့် ပေးနိုင်မည့်
တိုက်လေယာဉ်ဖြစ်သည့်အပြင် လက်နက်တပ်ဆင်ကင်းထောက်ခြင်း၊ အနီးကပ် လေကြောင်းပစ်ကူပေးခြင်းများသာမက ညပိုင်း လေကြောင်းတိုက်ခိုက်မှုများတွင် ထိရောက်စွာအသုံးပြု နိုင်မည် ဖြစ်သည်။JL-9/FTC-2000G တိုက်လေယာဉ် တစ်စီးတန်ဖိုး (unit cost)မှာ အမေရိကန်ဒေါ်လာ ၈.၅ သန်း ရှိ သည်။
Crd…Kokolinoo
GoldenEagle
Crd