“တ႐ုတ္ရဲ႕ လုပ္ရပ္အေပၚ လက္ခံႏိုင္စရာမရွိဟု ပင္တဂြန္စစ္ဌာနခ်ဳပ္က ေျပာ”

“တ႐ုတ္ရဲ႕ လုပ္ရပ္အေပၚ လက္ခံႏိုင္စရာမရွိဟု ပင္တဂြန္စစ္ဌာနခ်ဳပ္က ေျပာ”

“တရုတ်ရဲ့ လုပ်ရပ်အပေါ် လက်ခံနိုင်စရာမရှိဟု ပင်တဂွန်စစ်ဌာနချုပ်က ပြော”

၄/၂/၂၀၂၃
တရုတ်အစိုးရရဲ့ ထောက်လှမ်းရေးလေပူဖောင်းဟာ အမေရိကန်လေပိုင်နက် အမေရိကန် အချုပ် အခြာအာဏာနဲ့ နိုင်ငံတကာဥပဒေကို ဗြောင်ချိုးဖောက်ခဲ့တဲ့လုပ်ရပ်ဖြစ်တဲ့အတွက် လက်ခံနိုင် စရာမရှိဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရ ဗိုလ်မှူးချုပ် ပက်ထရစ် ရိုက်ဒါက ပြောပါတယ်။

အဆိုပါ ေလပူေဖာင္းမွာ ေစာင့္ၾကည့္ကရိယာေတြသာမက သတင္းပို႔ႏိုင္တဲ့ စနစ္ေတြပါ တပ္ဆင္ထားေၾကာင္း ဗိုလ္မႉးခ်ဳပ္႐ိုက္ဒါက ဆိုပါတယ္။ တ႐ုတ္အာဏာပိုင္ေတြအေနနဲ႔ ေလပူ ေဖာင္းကို လမ္းေၾကာင္းေျပာင္းေအာင္ မူလအစကတည္းက ဖန္တီးႏိုင္စြမ္းရွိရက္နဲ႔ အေမရိကန္ ပိုင္နက္ကို တမင္က်ဳးေက်ာ္ပ်ံသန္းတာလို႔လည္း ဗိုလ္မႉးခ်ဳပ္ ႐ိုက္ဒါက ေျပာပါတယ္။ စစ္ေရးနဲ႔ ေထာက္လွမ္းေရးအတြက္မဟုတ္ပဲ ရာသီဥတုေလ့လာတဲ့ ေလပူေဖာင္းဆိုတဲ့ တ႐ုတ္ရဲ႕ ေျပာဆိုမႈကိုလည္း လက္မခံႏိုင္ေၾကာင္း ပက္ထရစ္ ႐ိုက္ဒါက ေဖေဖၚဝါရီ ၃ ရက္ေန႔သတင္းစာရွင္းပြဲမွာ ေျပာပါတယ္။

သမၼတေဟာင္း ေဒၚနယ္ ထရန္႔ကေတာ့ တ႐ုတ္ေလပူေဖာင္းကို အျမန္ဆုံးပစ္ခ်ဖို႔ သူ႔လူမႈကြန္ယက္မွာ ေတာင္းဆိုထားသလို အေမရိကန္လႊတ္ေတာ္အမတ္တခ်ိဳ႕ကလည္း ပစ္ခ်ဖို႔ အိမ္ျဖဴေတာ္ကို ဖိအားေပးေနတယ္ဆိုပါတယ္။

ေလာေလာဆယ္ ပစ္ခ်ျခင္းမလုပ္တာဟာ ေျမျပင္ကို လႊင့္စင္က်လာမဲ့ ဘတ္စ္ကား ၃ စီးစာေလာက္ရွိတဲ့ ေလပူေဖာင္း အပ်က္အစီးေတြေၾကာင့္ ေျမျပင္မွာ ထိခိုက္မႈေတြရွိႏိုင္တဲ့အတြက္ ျဖစ္တယ္လို႔ ဗိုလ္မႉးခ်ဳပ္႐ိုက္ဒါက ေျပာပါတယ္။
တ႐ုတ္ေထာက္လွမ္းေရးေလပူေဖာင္းကို ဆက္လက္ေစာင့္ၾကည့္ေနဆဲျဖစ္ၿပီး ထူးျခားမႈေတြကို ေန႔စဥ္ သတင္းထုတ္ျပန္ေပးမယ္လို႔လည္း ဗိုလ္မႉးခ်ဳပ္႐ိုက္ဒါက ဆိုပါတယ္။

ႏိုင္ငံျခားေရးဝန္ႀကီး အန္ေတာ္နီဘလင္ကန္ကလည္း သူ႔ရဲ႕တ႐ုတ္ခရီးစဥ္ကို ေ႐ြ႕ဆိုင္းေၾကာင္း သတင္းထုတ္ျပန္ထားၿပီး ေထာက္လွမ္းေရးေလပူေဖာင္းဟာ အေမရိကန္ရဲ႕ အခ်ဳပ္အျခာအာဏာကို က်ဳးေက်ာ္ေစာ္ကားတဲ့လုပ္ရပ္အျဖစ္ ေဖၚျပထားတာေတြ႕ရပါတယ္။

CRD
By BNN 03 February 2023
#BurmaNewsNetwork

Unicode
“တရုတ်ရဲ့ လုပ်ရပ်အပေါ် လက်ခံနိုင်စရာမရှိဟု ပင်တဂွန်စစ်ဌာနချုပ်က ပြော”

၄/၂/၂၀၂၃
တရုတ်အစိုးရရဲ့ ထောက်လှမ်းရေးလေပူဖောင်းဟာ အမေရိကန်လေပိုင်နက် အမေရိကန် အချုပ် အခြာအာဏာနဲ့ နိုင်ငံတကာဥပဒေကို ဗြောင်ချိုးဖောက်ခဲ့တဲ့လုပ်ရပ်ဖြစ်တဲ့အတွက် လက်ခံနိုင် စရာမရှိဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရ ဗိုလ်မှူးချုပ် ပက်ထရစ် ရိုက်ဒါက ပြောပါတယ်။

အဆိုပါ လေပူဖောင်းမှာ စောင့်ကြည့်ကရိယာတွေသာမက သတင်းပို့နိုင်တဲ့ စနစ်တွေပါ တပ်ဆင်ထားကြောင်း ဗိုလ်မှူးချုပ်ရိုက်ဒါက ဆိုပါတယ်။ တရုတ်အာဏာပိုင်တွေအနေနဲ့ လေပူ ဖောင်းကို လမ်းကြောင်းပြောင်းအောင် မူလအစကတည်းက ဖန်တီးနိုင်စွမ်းရှိရက်နဲ့ အမေရိကန် ပိုင်နက်ကို တမင်ကျုးကျော်ပျံသန်းတာလို့လည်း ဗိုလ်မှူးချုပ် ရိုက်ဒါက ပြောပါတယ်။ စစ်ရေးနဲ့ ထောက်လှမ်းရေးအတွက်မဟုတ်ပဲ ရာသီဥတုလေ့လာတဲ့ လေပူဖောင်းဆိုတဲ့ တရုတ်ရဲ့ ပြောဆိုမှုကိုလည်း လက်မခံနိုင်ကြောင်း ပက်ထရစ် ရိုက်ဒါက ဖေဖေါ်ဝါရီ ၃ ရက်နေ့သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

သမ္မတဟောင်း ဒေါ်နယ် ထရန့်ကတော့ တရုတ်လေပူဖောင်းကို အမြန်ဆုံးပစ်ချဖို့ သူ့လူမှုကွန်ယက်မှာ တောင်းဆိုထားသလို အမေရိကန်လွှတ်တော်အမတ်တချို့ကလည်း ပစ်ချဖို့ အိမ်ဖြူတော်ကို ဖိအားပေးနေတယ်ဆိုပါတယ်။

လောလောဆယ် ပစ်ချခြင်းမလုပ်တာဟာ မြေပြင်ကို လွှင့်စင်ကျလာမဲ့ ဘတ်စ်ကား ၃ စီးစာလောက်ရှိတဲ့ လေပူဖောင်း အပျက်အစီးတွေကြောင့် မြေပြင်မှာ ထိခိုက်မှုတွေရှိနိုင်တဲ့အတွက် ဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ရိုက်ဒါက ပြောပါတယ်။
တရုတ်ထောက်လှမ်းရေးလေပူဖောင်းကို ဆက်လက်စောင့်ကြည့်နေဆဲဖြစ်ပြီး ထူးခြားမှုတွေကို နေ့စဥ် သတင်းထုတ်ပြန်ပေးမယ်လို့လည်း ဗိုလ်မှူးချုပ်ရိုက်ဒါက ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီး အန်တော်နီဘလင်ကန်ကလည်း သူ့ရဲ့တရုတ်ခရီးစဥ်ကို ရွေ့ဆိုင်းကြောင်း သတင်းထုတ်ပြန်ထားပြီး ထောက်လှမ်းရေးလေပူဖောင်းဟာ အမေရိကန်ရဲ့ အချုပ်အခြာအာဏာကို ကျုးကျော်စော်ကားတဲ့လုပ်ရပ်အဖြစ် ဖေါ်ပြထားတာတွေ့ရပါတယ်။

CRD
By BNN 03 February 2023
#BurmaNewsNetwork

Crd

Crd