တ႐ုတ္တို႔ႏွင့္ထိုင္ဝမ္တို႔ၾကား စစ္ေရးတင္းမာလာမႈေတြ ျမင့္တက္လာတာေၾကာင့္ ထိုင္ဝမ္အေနျဖင့္ တ႐ုတ္ေရပိုင္နက္အတြင္း စစ္ေရးျပမႈ အႀကီးအက်ယ္ျပဳလုပ္…
တ႐ုတ္နဲ႔ တင္းမာမႈေတြ ျမင့္တက္ေနခ်ိန္မွာ ထိုင္ဝမ္က ဟန္ကြမ္ စစ္ေရးေလ့က်င့္မႈ အႀကီးအက်ယ္ ျပဳလုပ္
တ႐ုတ္နဲ႔ တင္းမာမႈေတြ ျမင့္တက္ေနခ်ိန္မွာ ထိုင္ဝမ္က ေရတပ္နဲ႔ ေလတပ္ေတြအပါအဝင္ အင္တိုက္အားတိုက္ ဟန္ကြမ္ စစ္ေရးေလ့က်င့္မႈ အႀကီးအက်ယ္ ျပဳလုပ္ေနတယ္လို႔ စီအန္အန္ သတင္းဌာနမွာ ဒီေန႔ေဖာ္ျပခဲ့ပါတယ္။
အေမရိကန္ အထက္လႊတ္ေတာ္အမတ္ ထိုင္ဝမ္ကို အလည္အပတ္ လာေရာက္စဥ္ ရက္ပိုင္းအတြင္းကပဲ ထိုင္ဝမ္အနီးမွာ တ႐ုပ္စစ္တပ္က ယူနစ္ေပါင္းစုံ ပူးတြဲတိုက္ခိုက္ေရးအျဖစ္ ေရေၾကာင္း၊ ေလေၾကာင္း စစ္ေရးေလ့က်င့္မႈေတြျပဳလုပ္ခဲ့ပါတယ္။
တ႐ုတ္စစ္တပ္က အဲဒီစစ္ေရးေလ့က်င့္မႈျပဳလုပ္ခဲ့တာဟာ အေမရိကန္နဲ႔ ထိုင္ဝမ္တို႔ရဲ႕ ပူးေပါင္းႀကံစည္မႈနဲ႔ ရန္စမႈေတြကို တုံ႔ျပန္တဲ့အေနနဲ႔ ျပဳလုပ္ခဲ့တာလို႔ တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ဝူကြမ္းက ေျပာပါတယ္။
တ႐ုတ္ႏိုင္ငံရဲ႕ စစ္ေရးေလ့က်င့္မႈေတြကို တုံ႔ျပန္တဲ့အေနနဲ႔ ထိုင္ဝမ္က ႏွစ္စဥ္က်င္ပေနၾကျဖစ္တဲ့ ဟမ္ကြမ္းစစ္ေရးေလ့က်င့္မႈေတြကို အႀကီးအက်ယ္စတင္ခဲ့တာလို႔ ဆိုပါတယ္။
ႏွစ္စဥ္က်င္းပၿမဲျဖစ္တဲ့ ဟမ္ကြမ္းစစ္ေရးေလ့က်င့္မႈေတြကို ၁၉၈၄ ခုႏွစ္ကတည္းက ထိုင္ဝမ္မွာ စတင္က်င္းပခဲ့တာျဖစ္ၿပီး ေလ့က်င့္ေရးမွာ ထိုင္ဝမ္စစ္တပ္ နဲ႔ အရံတပ္ဖြဲ႕ဝင္ေတြပါ ပါဝင္ေလ့ရွိပါတယ္။
ဒီႏွစ္ ဟမ္ကြမ္း စစ္ေရးေလ့က်င့္မႈအတြင္းမွာ Mirage 2000 နဲ႔ F-16 ဂ်က္တိုက္ေလယာဥ္ေတြအပါအဝင္ ေရငုတ္ သေဘၤာေတြနဲ႔ ပဲ့ထိမ္းဒုံက်ည္ဖ်က္သေဘၤာေတြကိုအသုံးျပဳၿပီး ထိုင္ဝမ္က အႀကီးအက်ယ္ ပစ္ခတ္ေလ့က်င့္ေနတာျဖစ္ပါတယ္။
ေဘဂ်င္းက ထိုင္ဝမ္ကို အင္အားသုံးၿပီး ထိမ္းခ်ဳပ္မွာမဟုတ္ဘူးလို႔ ျငင္းဆိုခဲ့ေပမယ့္ ယူကရိန္းကို ရရွားက်ဴးေက်ာ္မႈေတြနဲ႔အတူ ထိုင္ဝမ္ပိုင္နက္အတြင္းမွာ တ႐ုတ္ဘက္က စစ္ဘက္သုံးယာဥ္ေတြ မၾကာခဏက်ဴးေက်ာ္မႈေတြေၾကာင့္ ထိုင္ဝမ္ဟာ စစ္ေရးဖိအားေတြတိုးလာပါတယ္။
ေဘဂ်င္းအစိုးရဘက္ကလည္း ထိုင္ဝမ္ကို တ႐ုတ္ျပည္ကေန ခြဲထြက္ဖို႔ အားေပးတဲ့ ျပည္ပအင္အားစုေတြနဲ႔ ရင္ဆိုင္ရပါက ျပတ္ျပတ္သားသားခုခံကာကြယ္သြားမယ္လို႔ သတိေပးထားၿပီး အေမရိကန္ ေအာက္လြတ္ေတာ္ဥကၠဌ နန္စီေပလိုစီ ထိုင္ဝမ္ကို ခရီးထြက္ဖို႔စဥ္စားေနတယ္ဆိုတဲ့ သတင္းေတြကိုလည္း ျပင္းျပင္းထန္ထန္တုံ႔ျပန္ခဲ့ပါတယ္။
“အေမရိကန္က သူ႔နည္းသူ႔ဟန္ကို လိုက္နာဖို႔ တြန္းအားေပးရင္ တ႐ုတ္စစ္တပ္က ဘယ္ေတာ့မွ ထိုင္ေနမွာ မဟုတ္ဘူး ထိုင္ဝမ္ လြတ္လပ္ေရး အတြက္ ခြဲထြက္ေရး အႀကံအစည္ မွန္သမွ်ကို တားဆီး ဟန႔္တားဖို႔ ခိုင္မာတဲ့ လုပ္ရပ္ေတြ လုပ္မွာပါ၊ ” လို႔ တ႐ုတ္ျပည္ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။
Crd…Chan Chan
Unicode
တရုတ်တို့နှင့်ထိုင်ဝမ်တို့ကြား စစ်ရေးတင်းမာလာမှုတွေ မြင့်တက်လာတာကြောင့် ထိုင်ဝမ်အနေဖြင့် တရုတ်ရေပိုင်နက်အတွင်း စစ်ရေးပြမှု အကြီးအကျယ်ပြုလုပ်…
တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ထိုင်ဝမ်က ဟန်ကွမ် စစ်ရေးလေ့ကျင့်မှု အကြီးအကျယ် ပြုလုပ်
တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ထိုင်ဝမ်က ရေတပ်နဲ့ လေတပ်တွေအပါအဝင် အင်တိုက်အားတိုက် ဟန်ကွမ် စစ်ရေးလေ့ကျင့်မှု အကြီးအကျယ် ပြုလုပ်နေတယ်လို့ စီအန်အန် သတင်းဌာနမှာ ဒီနေ့ဖော်ပြခဲ့ပါတယ်။
အမေရိကန် အထက်လွှတ်တော်အမတ် ထိုင်ဝမ်ကို အလည်အပတ် လာရောက်စဉ် ရက်ပိုင်းအတွင်းကပဲ ထိုင်ဝမ်အနီးမှာ တရုပ်စစ်တပ်က ယူနစ်ပေါင်းစုံ ပူးတွဲတိုက်ခိုက်ရေးအဖြစ် ရေကြောင်း၊ လေကြောင်း စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။
တရုတ်စစ်တပ်က အဲဒီစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့တာဟာ အမေရိကန်နဲ့ ထိုင်ဝမ်တို့ရဲ့ ပူးပေါင်းကြံစည်မှုနဲ့ ရန်စမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ပြုလုပ်ခဲ့တာလို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူကွမ်းက ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ထိုင်ဝမ်က နှစ်စဉ်ကျင်ပနေကြဖြစ်တဲ့ ဟမ်ကွမ်းစစ်ရေးလေ့ကျင့်မှုတွေကို အကြီးအကျယ်စတင်ခဲ့တာလို့ ဆိုပါတယ်။
နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဟမ်ကွမ်းစစ်ရေးလေ့ကျင့်မှုတွေကို ၁၉၈၄ ခုနှစ်ကတည်းက ထိုင်ဝမ်မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး လေ့ကျင့်ရေးမှာ ထိုင်ဝမ်စစ်တပ် နဲ့ အရံတပ်ဖွဲ့ဝင်တွေပါ ပါဝင်လေ့ရှိပါတယ်။
ဒီနှစ် ဟမ်ကွမ်း စစ်ရေးလေ့ကျင့်မှုအတွင်းမှာ Mirage 2000 နဲ့ F-16 ဂျက်တိုက်လေယာဉ်တွေအပါအဝင် ရေငုတ် သင်္ဘောတွေနဲ့ ပဲ့ထိမ်းဒုံကျည်ဖျက်သင်္ဘောတွေကိုအသုံးပြုပြီး ထိုင်ဝမ်က အကြီးအကျယ် ပစ်ခတ်လေ့ကျင့်နေတာဖြစ်ပါတယ်။
ဘေဂျင်းက ထိုင်ဝမ်ကို အင်အားသုံးပြီး ထိမ်းချုပ်မှာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပေမယ့် ယူကရိန်းကို ရရှားကျူးကျော်မှုတွေနဲ့အတူ ထိုင်ဝမ်ပိုင်နက်အတွင်းမှာ တရုတ်ဘက်က စစ်ဘက်သုံးယာဉ်တွေ မကြာခဏကျူးကျော်မှုတွေကြောင့် ထိုင်ဝမ်ဟာ စစ်ရေးဖိအားတွေတိုးလာပါတယ်။
ဘေဂျင်းအစိုးရဘက်ကလည်း ထိုင်ဝမ်ကို တရုတ်ပြည်ကနေ ခွဲထွက်ဖို့ အားပေးတဲ့ ပြည်ပအင်အားစုတွေနဲ့ ရင်ဆိုင်ရပါက ပြတ်ပြတ်သားသားခုခံကာကွယ်သွားမယ်လို့ သတိပေးထားပြီး အမေရိကန် အောက်လွတ်တော်ဥက္ကဌ နန်စီပေလိုစီ ထိုင်ဝမ်ကို ခရီးထွက်ဖို့စဉ်စားနေတယ်ဆိုတဲ့ သတင်းတွေကိုလည်း ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။
“အမေရိကန်က သူ့နည်းသူ့ဟန်ကို လိုက်နာဖို့ တွန်းအားပေးရင် တရုတ်စစ်တပ်က ဘယ်တော့မှ ထိုင်နေမှာ မဟုတ်ဘူး ထိုင်ဝမ် လွတ်လပ်ရေး အတွက် ခွဲထွက်ရေး အကြံအစည် မှန်သမျှကို တားဆီး ဟန့်တားဖို့ ခိုင်မာတဲ့ လုပ်ရပ်တွေ လုပ်မှာပါ၊ ” လို့ တရုတ်ပြည်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
Crd…Chan Chan
Crd