TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■တွားသွားသတ္တဝါဖြစ်တဲ့မြွေဖြင့် နှိပ်နယ်သောကုထုံးတစ်ရပ်

သင်က ဓားကအစ ပျားအဆုံးစတဲ့ ကုထုံးနည်းတွေ နှိပ်နယ်ခြင်းနည်းတွေကို သိပြီးသွားတော့ ကမ္ဘာပေါ်မှာရှိတဲ့ ကုသခြင်းနည်းတွေ ကုန်ပြီလို့မထင်လိုက်ပါနဲ့
ဒီထက်ပိုတဲ့ အရာတွေက သင့်ကို ထိတ်လန့်စေမှာပါ။

ဒီမှာတော့ ကုထုံးပညာရှင်တွေဟာ အရာဝတ္ထုကို မသုံးပဲ တွားသွားသတ္တဝါတွေကို အသုံးပြုပြီး မတူကွဲပြားတဲ့ နှိပ်နယ်ခြင်းနည်းကို တွေ့ရမှာပါ။ အတိအကျပြောရရင်တော့ မြွေပဲဖြစ်ပါတယ်။

တစ်ချို့ကိစ္စတွေမှာတော့ သူတို့ဟာ တစ်ကောင်ထက်ပိုပြီး အသုံးပြုကြပါတယ်။
ဒီကုထုံးကိုတော့ အာရှတိုက်တစ်လွှားက ထူးဆန်းတဲ့နေရာတွေမှာ ထူးဆန်းတဲ့ဂုရုကြီးတွေက ပြုလုပ်မှာမဟုတ်ပါဘူး။

ပရိသတ်ကြီးဟာ ဒါကို နယူးယောက်မြို့မှာတင်ပဲ တွေ့ရမှာဖြစ်ပါတယ်။ ဆာပန်တက်ဆာလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အိမ်မှာပါ။
သူမဟာ ဒီနှိပ်နယ်ခြင်းဟာ လုံးဝကိုဘေးကင်းတယ်လို့ပြောကြားခဲ့ပြီး အန်ဒေါဖင်နှင့် အောက်ဆီတိုဆင်ကိုထုတ်လွှတ်ပေးတယ်လို့ ဆိုပါတယ်။

နှိပ်နယ်နေစဥ်အချိန်မှာတော့ သူမဟာ သူ့ရဲ့ ဧည့်သည်တွေကို လုံးဝ မထိတွေ့ပါဘူး သူမရဲ့တွားသွားသတ္တဝါတွေကိုပဲ သူ့အလုပ်သူ လုပ်စေခဲ့ပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
Ref:youtube
Trans:thegeektext