
News Social News

တွစ်တာကို ဝယ်မယ့် ကိစ္စ လျှော်လိုက်တဲ့ သူဌေးကြီး အီလွန်မာက်စ် ဘာတွေ ဆုံးရှုံးသွားမလဲ ( ကမ္ဘာကျော် သူဌေးကြီး အီလွန်မာက်စ် ဘာတွေ ကြံဦးမှာလဲ… )

ကမ္ဘာကျော် သူဌေးကြီး အီလွန်မာက်စ်ဟာ တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ ဝယ်ယူမယ့် အစီအစဉ်ကို အဆုံးသတ်ဖို့ လုပ်ဆောင်နေပြီး သဘောတူညီချက်တွေကို တွစ်တာကချိုးဖောက်ခဲ့ကြောင်း ပြောလိုက်ပါတယ်။ တွစ်တာဘုတ်အဖွဲ့က သူတို့ပလက်ဖောင်းမှာ spam ၊ အကောင့်တု ၅ ရာခိုင်နှုန်းအောက်ပဲ ရှိတယ်လို့ ဆိုပေမဲ့ အီလွန်မက်စ်ကတော့ ၂၀ ရာခိုင်နှုန်းအထက်

ရှိနေမယ်လို့ တုံ့ပြန်ထားပါတယ်။ တွစ်တာဟာ အကောင့်တုတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို လုံလောက်စွာမပေးတာကြောင့် ဝယ်ယူဖို့ စီစဉ်ထားတာကို အဆုံးသတ်ဖို့ စီစဉ်ခြင်းဖြစ်ကြောင်း အီလွန်မာက်စ်က ဇူလိုင် ၈ ရက်မှာ ပြောပါတယ်။ ဒါပေမယ့် တွစ်တာကတော့ ဝယ်ယူရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ ဥပဒေကြောင်းအရ လုပ်ဆောင်ဖို့ စီစဉ်ထားကြောင်း ထုတ်ပြန်ထားပါတယ်။ တွစ်တာဘုတ်အဖွဲ့ဟာ

အီလွန်မာက်စ်နဲ့ သဘောတူထားတဲ့ ဈေးနှုန်းနဲ့ စည်းကမ်းချက်များအရ ငွေပေးငွေယူကို ပိတ်ပစ်ဖို့ ကတိပြုလိုက်ကြောင်း တွစ်တာ ဥက္ကဌဖြစ်သူ ဘရက်တေလာက ပြောပါတယ်။ ဒါကြောင့် အီလွန်မာက်စ်နဲ့ တွစ်တာတို့အကြား ကာလရှည်ကြာ တရားတဘောင်ဖြစ်လာနိုင်ဖွယ်ရှိပြီး ကနဦးသဘောတူညီချက်အရ တွစ်တာကိုဝယ်ယူမှုကို ရပ်ဆိုင်းခဲ့ရင် အီလွန်မာက်စ်က ဒေါ်လာ တစ်ဘီလီယံ ပေးဖို့အချက်ပါဝင်နေပါတယ်။

အီလွန်မက်စ်က တွစ်တာကုမ္ပဏီ အရောင်းအဝယ်ကို ဖျက်သိမ်းဖို့ ကြိုးပမ်းနေပြီလို့ သတင်းထွက်ပေါ်လာပြီးနောက်မှာပဲ တွစ်တာရဲ့ ရှယ်ယာတန်ဖိုးက ရ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

crd-

ယူနီကုတ်

တှစျတာကို ဝယျမယျ့ ကိစ်စ လြှောျလိုကျတဲ့ သူဌေးကွီး အီလှနျမာကျစျ ဘာတှေ ဆုံးရှုံးသှားမလဲ ( ကမ်ဘာကြောျ သူဌေးကွီး အီလှနျမာကျစျ ဘာတှေ ကွံဦးမှာလဲ… )





crd-

Crd