■တော်ဝင်ရေတပ်သားတွေရဲ့ အဆိုးရွားဆုံးရွံ့ပေါ်ပြေးရတဲ့လေ့ကျင့်ခန်း

Article Knowledge Militarily World

TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။

■တော်ဝင်ရေတပ်သားတွေရဲ့ အဆိုးရွားဆုံးရွံ့ပေါ်ပြေးရတဲ့လေ့ကျင့်ခန်း

ဒီလေ့ကျင့်ခန်းကတော့ အနည်းငယ် ခက်တာကနေ လုံးဝကို ခက်ခဲကြမ်းတမ်းအောင် ပြုလုပ်ထားတဲ့ လေ့ကျင့်ခန်း ပါဘဲ
တော်ဝင်ရေတပ်သားတွေဟာ ဒီရွံ့ပေါ်ပြေးရတာကို ကြောက်ကြသလို နိုင်ငံသားတွေကနေ စစ်ဗိုလ်ချုပ်အဖြစ် ပြောင်းလဲပေးတဲ့ ၃၂ ပတ် သင်တန်းမှာ ဒါဟာ အခက်ခဲ အကြမ်းတမ်းဆုံးဖြစ်တယ်လို့လဲ ဆိုကြပါတယ်။

အသန်မာဆုံး သင်တန်းသားတွေကတောင်မှ ဘယ်လောက်ပင်ပန်းပြီး သေချင်စိတ်ပေါက်လဲဆိုတာကိုတော့ ပရိသတ် မြင်တွေ့နိုင်ပါတယ်။ ထို့အတူ သူတို့ဟာ ခေါင်းအစ ခြေအဆုံး ရွံ့တွေ အပြည့်နှင့် လေ့ကျင့်ရတာပါ။
ဒီ ရေတပ်သင်တန်းသားတွေဟာ တစ်နေ့မှာ အထက်တန်းစား ဗြိတိန် စစ်တပ်ထွက် အမှတ်တံဆိပ်ဖြစ်တဲ့ အစိမ်းရောင် ဦးထုပ်ကို ဆောင်းဖို့ ရည်မှန်းထားတဲ့သူတွေဖြစ်ပါတယ်။

သူတို့ကိုယ်တိုင် ပင်ပန်းတဲ့စမ်းသပ်မှုအတွက် လိုအပ်မယ် မထင်လောက်အောင် စိတ်ရော ကိုယ်ပါ အစစအရာရာ ပြင်ဆင်ထားရမှာပါ။
လင်းစတုန်း ဒယ်ဗွန်မှာရှိတဲ့ တော်ဝင်ရေတပ်လေ့ကျင့်ရေးစခန်းက ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကို မြင်တွေ့ရတဲ့ ကပ်ပတိန် ဘန် ချပဲလ် ကတော့ ရွံ့ပေါ်ပြေးရတဲ့လေ့ကျင့်ခန်းဟာဆိုရင် သင်တန်းသားတွေကို တော်ဝင်ရေတပ်ရဲ့ စိတ်နေစိတ်ထားကို သွတ်သွင်းပေးနေတယ်လို့ ဆိုပါတယ်။
သင်တန်းသားတွေဟာ သူတို့ပြေးလို့တောင်မရတဲ့ ထူထဲတဲ့ရွံ့တွေထဲမှာ လေ့ကျင့်ခန်းတွေ ကစားနည်းတွေလုပ်ပြီး ၄၅ မိနစ်ထိအောင် အချိန်ကုန်ကြရမှာပါ။

ဒီလိုရွံ့ထဲမှာ လေ့ကျင့်တာက အလွန်ခက်ခဲကြမ်းတမ်းပြီး အသင်းအဖွဲ့စိတ်ဓာတ်ကိုရရှိစေပါတယ်။
စစ်တပ်ထဲမှာတော့ ခန္ဓာကိုယ်တောင့်တင်းမှုတွေသာမကပဲ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်တွေပါ ရှိရတာပါ။

ထို့အတူ အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့အတွက် အသင်းအဖွဲ့နှင့်အတူ လုပ်ကိုင်နိုင်စွမ်းကလည်း အရေးကြီးကာ။
ဒီလိုမျိုး လုပ်ကိုင်နိုင်မှုတွေဟာ တော်ဝင်ရေတပ်ဖွဲ့ရဲ့ အသွေးအသားထဲမှာ ရှိနေရပါတယ်။
သင်တန်းသားတွေက ရွံ့ပေါ်မှာပြေးရတဲ့ လေ့ကျင့်ခန်းရှိမရှိကိုလည်း ကြိုမသိရပါဘူး။ သူတို့တွေကို ဘယ်အရာကိုမှ မျှော်လင့်မနေစေချင်လို့ပါ။
Ref:youtube
Trans:thegeektext







Ref:youtube
Trans:thegeektext