TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■တောင်အမေရိကမှာ လွတ်လပ်ရေးအတွက် စပိန်နဲ့တိုက်ခိုက်နေစဉ်ပါဝင်ကူညီခဲ့သော San Martin ဓား

ဒီဓါးကတော့ တောင်အမေရိကတိုက်ကပါ။ အချိန်ကတော့ တောင်အမေရိကမှာ လွတ်လပ်ရေးအတွက် စပိန်နဲ့ တိုက်ခိုက်နေစဉ်ကပါ။ဒီဓါးဟာ အာဂျင်တီးနားဗိုလ်ချုပ် ဂျိုဆေး ဒီဆန်း မာတင်ကို ကူညီပြီး ကျော်ကြားမှုတွေ ယူပေးခဲ့သလို ပီရူးမှလည်း လွတ်မြောက်စေခဲ့ပါတယ်။

ဓါးသွားတစ်လျောက်လုံးဟာ လှပ ကျော့ရှင်းတဲ့ပုံစံရှိပြီး သေးသွယ်ကျစ်လစ်ကာ အလွယ်တကူ ထိန်းချုပ်နိုင်ပါတယ်။ပုံမှန်အလေးချိန်ထက်လျော့နည်းအောင်ပြုလုပ်ထားပြီး မြင်းစီးရင်းတိုက်ခိုက်ဖို့ အထူးသင့်လျော်အောင် ဒီဇိုင်းထုတ်လုပ်ထားတာပါ။

ဆန်းမာတင်ဟာ ဓါးကို အလွန်နှစ်သက်ပြီး သူ့ရဲ့ မြင်းစီးစစ်သည်တွေအားလုံးကို ပုံစံတူဓါးတွေ ကိုင်စေခဲ့ပါတယ်။ဓါးရဲ့ဒီဇိုင်းဟာ အရမ်းကိုကျော်ကြားခဲ့ပြီး မြင်းစီးစစ်သည်တွေအားလုံး ဒီဓါးကိုကိုင်ဆောင်ပြီး စစ်ချီတက်ချိန်မှာ ရန်သူတွေအားလုံးကြောက်ရွံ့ခဲ့ရတယ်လို့ ဖော်ပြကြပါတယ်။

ဒီဓါးနဲ့ တောင်အမေရိကတိုက်က တိုက်ပွဲတွေမှာ တိုက်ခိုက်ပေမဲ့ ဓါးကတော့ တခြားနေရာမှာ သွန်းလုပ်ခဲ့တာပါ။ဆန်းမာတင်က သူတောင်အမေရိကတိုက်ကို မထွက်ခင်က ဗြိတိန်နိုင်ငံက ဝယ်ယူခဲ့တာပါ။

သူသေဆုံးချိန်မှာတော့ ဓါးဟာ တခြားခေါင်းဆောင်ထံရောက်ရှိခဲ့ပြီး မိသားစုမျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းခဲ့ကြပါတယ်။ယခုအချိန်မှာတော့ ဓါးဟာ နေရှင်နယ် ဟစ်စတိုရီကယ် မြူဇီယမ် အော့ဖ် ဗြူနိုအေးရစ်မှာ ကြည့်ရှုဖို့ ပြသထားပါတယ်။
ref:youtube
trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■ေတာင္အေမရိကမွာ လြတ္လပ္ေရးအတြက္ စပိန္နဲ႔တိုက္ခိုက္ေနစဥ္ပါဝင္ကူညီခဲ့ေသာ San Martin ဓား
ဒီဓါးကေတာ့ ေတာင္အေမရိကတိုက္ကပါ။ အခ်ိန္ကေတာ့ ေတာင္အေမရိကမွာ လြတ္လပ္ေရးအတြက္ စပိန္နဲ႔ တိုက္ခိုက္ေနစဥ္ကပါ။ဒီဓါးဟာ အာဂ်င္တီးနားဗိုလ္ခ်ဳပ္ ဂ်ိဳေဆး ဒီဆန္း မာတင္ကို ကူညီၿပီး ေက်ာ္ၾကားမႈေတြ ယူေပးခဲ့သလို ပီ႐ူးမွလည္း လြတ္ေျမာက္ေစခဲ့ပါတယ္။
ဓါးသြားတစ္ေလ်ာက္လုံးဟာ လွပ ေက်ာ့ရွင္းတဲ့ပုံစံရွိၿပီး ေသးသြယ္က်စ္လစ္ကာ အလြယ္တကူ ထိန္းခ်ဳပ္နိုင္ပါတယ္။ပုံမွန္အေလးခ်ိန္ထက္ေလ်ာ့နည္းေအာင္ျပဳလုပ္ထားၿပီး ျမင္းစီးရင္းတိုက္ခိုက္ဖို႔ အထူးသင့္ေလ်ာ္ေအာင္ ဒီဇိုင္းထုတ္လုပ္ထားတာပါ။
ဆန္းမာတင္ဟာ ဓါးကို အလြန္ႏွစ္သက္ၿပီး သူ႔ရဲ့ ျမင္းစီးစစ္သည္ေတြအားလုံးကို ပုံစံတူဓါးေတြ ကိုင္ေစခဲ့ပါတယ္။ဓါးရဲ့ဒီဇိုင္းဟာ အရမ္းကိုေက်ာ္ၾကားခဲ့ၿပီး ျမင္းစီးစစ္သည္ေတြအားလုံး ဒီဓါးကိုကိုင္ေဆာင္ၿပီး စစ္ခ်ီတက္ခ်ိန္မွာ ရန္သူေတြအားလုံးေၾကာက္ရြံ့ခဲ့ရတယ္လို႔ ေဖာ္ျပၾကပါတယ္။
ဒီဓါးနဲ႔ ေတာင္အေမရိကတိုက္က တိုက္ပြဲေတြမွာ တိုက္ခိုက္ေပမဲ့ ဓါးကေတာ့ တျခားေနရာမွာ သြန္းလုပ္ခဲ့တာပါ။ဆန္းမာတင္က သူေတာင္အေမရိကတိုက္ကို မထြက္ခင္က ၿဗိတိန္နိုင္ငံက ဝယ္ယူခဲ့တာပါ။
သူေသဆုံးခ်ိန္မွာေတာ့ ဓါးဟာ တျခားေခါင္းေဆာင္ထံေရာက္ရွိခဲ့ၿပီး မိသားစုမ်ိဳးရိုးစဥ္ဆက္လက္ဆင့္ကမ္းခဲ့ၾကပါတယ္။ယခုအခ်ိန္မွာေတာ့ ဓါးဟာ ေနရွင္နယ္ ဟစ္စတိုရီကယ္ ျမဴဇီယမ္ ေအာ့ဖ္ ျဗဴနိုေအးရစ္မွာ ၾကည့္ရႈဖို႔ ျပသထားပါတယ္။
ref:youtube
trans:thegeektext