TheGeekText.com Copyright©2021 ကူးယူဖော်ပြခွင့်လုံးဝခွင့်မပြုပါ။
■တောင်ပံများမပါသော်လည်း ပျံသန်းနိုင်တဲ့ပင့်ကူများ

တကယ်လို့ပရိသတ်ကြီးဟာ တောင်ပံတွေမပါပဲမွေးဖွားလာရင် မပျံနိုင်ပါဘူးဆိုတာသေချာပါတယ်။ ဒီကိစ္စကတော့ ကမ္ဘာပေါ်မှာရှိတဲ့ တိရစ္ဆာန်အများစုအပေါ်သက်ရောက်မှုရှိပါတယ်။ ဒါပေမယ့်လည်း အခုပြောပြမယ့်သတ္တဝါကတော့ ကွဲပြားပါတယ်။ ပင့်ကူတွေကိုကြည့်ပါ။

တွေ့ကရာပင့်ကူတွေကိုပြောတာမဟုတ်ပါဘူး။ ပျံသန်းနိုင်တဲ့ပင့်ကူတွေပါ။ သဘာဝတရားကတော့ ဒီသတ္တဝါတွေကို လိပ်ပြာတွေ ယင်ကောင်တွေလိုမျိုးပျံဖို့အတောင်ပံမပေးထားပေမယ့်လည်း သူတို့ဟာ ဂရုမစိုက်ပါဘူး။ သူတို့အားလုံးဟာ ပင့်ကူမျှင်တွေကို အသုံးပြုပြီးပျံသန်းကြတာပါ။ ပင့်ကူဟာ ပိုးမျှင်ကြိုးလေးကို ထုတ်လွှတ်ပြီး လေတိုက်လိုက်တဲ့အခါမှာတော့ ထူးဆန်းမှုတွေစတင်ခဲ့ပါတယ်။

အံ့သြစရာကတော့ ဒီလိုမျိုး ထုတ်လွှတ်နိုင်မှုကြောင့် ပင့်ကူတွေက နေရာတော်တော်များများကို သွားနိုင်ပါတယ်။ ပင်လယ်ပြင်ကြီးကိုတောင်ဖြတ်ကူးနိုင်လောက်မှာပါ။ သေချာတာကတော့ ဒီပင့်ကူတွေက ဘယ်အရာကိုမှမကြောက်ပါဘူး။

ဘာလို့လဲဆိုတာ လေကသူတို့ကို ၂ မှ ၃ ကီလိုမီတာလောက် ခေါ်သွားနိုင်လို့ပါ။ ဘာလို့ ဒီလိုလုပ်ကြတာလဲ။ သိပ္ပံပညာရှင်တွေလည်းသေချာမသိကြပါဘူး။ အစာသို့မဟုတ် အဖော်ရှာဖို့ သို့မဟုတ် အန္တရာယ်ဘေးမှလွတ်မြောက်ဖို့ ဒါမှမဟုတ် အရာရာတိုင်းကအဆင်ပြေပါတယ်။ တစ်ခါတလေမှာတော့ ဒီပင့်ကူတွေကတစ်နေရာတည်းမှာလဲ စုနေတတ်ပါတယ်။

ဒါကတော့ မြင်ရတာ အဆင်မပြေသလို ၂၀၁၅ ခုနှစ်သြစတြေးလျမှာ ဖြစ်ပျက်ခဲ့တာပါ။ သန်းပေါင်းများစွာသော ပင့်ကူတွေကဂိုလ်ဘုမ်းမြို့နားမှာ ရှိနေတာပါ။ သူတို့ဟာမြေပြင်ကို ပင့်ကူမျှင်အထူကြီးတွေနှင့်ကာထားပြီး ဒါဟာ သရဲကားတွေထဲကပုံစံနှင့်တောင်ဆင်လာပါတယ်။
Ref:youtube
Trans:thegeektext
zawgyi
TheGeekText.com Copyright©2021 ကူးယူေဖာ္ျပခြင့္လုံးဝခြင့္မျပဳပါ။
■ေတာင္ပံမ်ားမပါေသာ္လည္း ပ်ံသန္းနိုင္တဲ့ပင့္ကူမ်ား
တကယ္လို႔ပရိသတ္ႀကီးဟာ ေတာင္ပံေတြမပါပဲေမြးဖြားလာရင္ မပ်ံနိုင္ပါဘူးဆိုတာေသခ်ာပါတယ္။ ဒီကိစၥကေတာ့ ကမၻာေပၚမွာရွိတဲ့ တိရစၧာန္အမ်ားစုအေပၚသက္ေရာက္မႈရွိပါတယ္။ ဒါေပမယ့္လည္း အခုေျပာျပမယ့္သတၱဝါကေတာ့ ကြဲျပားပါတယ္။ ပင့္ကူေတြကိုၾကည့္ပါ။
ေတြ႕ကရာပင့္ကူေတြကိုေျပာတာမဟုတ္ပါဘူး။ ပ်ံသန္းနိုင္တဲ့ပင့္ကူေတြပါ။ သဘာဝတရားကေတာ့ ဒီသတၱဝါေတြကို လိပ္ျပာေတြ ယင္ေကာင္ေတြလိုမ်ိဳးပ်ံဖို႔အေတာင္ပံမေပးထားေပမယ့္လည္း သူတို႔ဟာ ဂ႐ုမစိုက္ပါဘူး။ သူတို႔အားလုံးဟာ ပင့္ကူမၽွင္ေတြကို အသုံးျပဳၿပီးပ်ံသန္းၾကတာပါ။ ပင့္ကူဟာ ပိုးမၽွင္ႀကိဳးေလးကို ထုတ္လႊတ္ၿပီး ေလတိုက္လိုက္တဲ့အခါမွာေတာ့ ထူးဆန္းမႈေတြစတင္ခဲ့ပါတယ္။
အံ့ၾသစရာကေတာ့ ဒီလိုမ်ိဳး ထုတ္လႊတ္နိုင္မႈေၾကာင့္ ပင့္ကူေတြက ေနရာေတာ္ေတာ္မ်ားမ်ားကို သြားနိုင္ပါတယ္။ ပင္လယ္ျပင္ႀကီးကိုေတာင္ျဖတ္ကူးနိုင္ေလာက္မွာပါ။ ေသခ်ာတာကေတာ့ ဒီပင့္ကူေတြက ဘယ္အရာကိုမွမေၾကာက္ပါဘူး။
ဘာလို႔လဲဆိုတာ ေလကသူတို႔ကို ၂ မွ ၃ ကီလိုမီတာေလာက္ ေခၚသြားနိုင္လို႔ပါ။ ဘာလို႔ ဒီလိုလုပ္ၾကတာလဲ။ သိပၸံပညာရွင္ေတြလည္းေသခ်ာမသိၾကပါဘူး။ အစာသို႔မဟုတ္ အေဖာ္ရွာဖို႔ သို႔မဟုတ္ အႏၲရာယ္ေဘးမွလြတ္ေျမာက္ဖို႔ ဒါမွမဟုတ္ အရာရာတိုင္းကအဆင္ေျပပါတယ္။ တစ္ခါတေလမွာေတာ့ ဒီပင့္ကူေတြကတစ္ေနရာတည္းမွာလဲ စုေနတတ္ပါတယ္။
ဒါကေတာ့ ျမင္ရတာ အဆင္မေျပသလို ၂၀၁၅ ခုႏွစ္ၾသစေၾတးလ်မွာ ျဖစ္ပ်က္ခဲ့တာပါ။ သန္းေပါင္းမ်ားစြာေသာ ပင့္ကူေတြကဂိုလ္ဘုမ္းၿမိဳ႕နားမွာ ရွိေနတာပါ။ သူတို႔ဟာေျမျပင္ကို ပင့္ကူမၽွင္အထူႀကီးေတြႏွင့္ကာထားၿပီး ဒါဟာ သရဲကားေတြထဲကပုံစံႏွင့္ေတာင္ဆင္လာပါတယ္။
Ref:youtube
Trans:thegeektext