တောင်တရုတ်ပင်လယ်၌ ၁၀ ရက်တာပြုလုပ်မည့်စစ်ရေးလေ့ကျင့်မှုတွင် Shandong လေယာဉ်တင်သင်္ဘောအသစ်နှင့်အတူ Type 075 များလည်းပါဝင်မည်

Militarily News

တောင်တရုတ်ပင်လယ်၌ ၁၀ ရက်တာပြုလုပ်မည့်စစ်ရေးလေ့ကျင့်မှုတွင် Shandong လေယာဉ်တင်သင်္ဘောအသစ်နှင့်အတူ Type 075 များလည်းပါဝင်မည်

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ပြင်၊ ဟိုင်နန်ပတ်ဝန်းကျင်ရှိ ရေပြင်တွင် (၁၀) ရက်ကြာ စစ်ရေးလေ့ကျင့်မှုကိုပြုလုပ်နေပြီဖြစ်သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ယနေ့စတင်ခဲ့ခြင်းဖြစ်သည်ဟုလည်း SCMP သတင်းဌာန ကအစီရင်ခံဖော်ပြသွားသည်။

တစ်ပြိုင်နက်တည်းပြုလုပ်သော လေ့ကျင့်မှုသုံးခုသည် တရုတ်နိုင်ငံ၏စစ်ရေးအရှိန်အဟုန်ကို မြင့်မားစေရန် ရည်ရွယ်သလို စစ်ရေးလေ့ကျင့်မှုတွင် ပြီးခဲ့သည့်နှစ်က တရုတ်ရေတပ်သို့ တပ်တော်၀င်ရောက်ခဲ့ပြီး လာမည့်လအနည်းငယ်အတွင်း တိုက်ပွဲဝင်အသင့်ဖြစ်လာမည့် အသစ်စက်စက် ပြည်တွင်းထုတ် လေယာဉ်သင်္ဘော Shandong လည်းပါဝင်မည်ဖြစ်သည်။

ထို့အပြင် ကမ်းတက်တိုက်ပွဲများအတွက်ပါ အသုံးပြုနိုင်မည့် Type 075 အမျိုးအစားရေယာဉ်များလည်းပါဝင်မည်ဖြစ်သလို စစ်လက်နက်အသစ်များကိုလည်း တပ်ဆင်စမ်းသပ်မည်ဖြစ်သည်ဟုသိရှိရသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုများသည် တရုတ်တပ်မတော်၏ နှစ်ပတ် လည်လေ့ကျင့်ရေးအစီအစဉ်များထဲမှ တစ်ခုဖြစ်သည်ဟု ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။
လေ့ကျင့်မှုများ ကြန့်ကြာနေရခြင်းမှာ ကိုဗစ်ကူးစက်ဗိုင်းရပ်စ်ကြောင့် ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။ ဘေဂျင်း၏ တပ်ဖွဲ့ဝင်ပေါင်း ၂.၃ သန်းသည် မည်သည့်ဗိုင်းရပ်စ်ကူးစက်မှုမှ ခံခဲ့ရခြင်းမရှိကြောင်းလည်း ဆက်လက်ပြောကြား ခဲ့သည်။

လေယာဉ်တင်သင်္ဘော Shandong ဦးဆောင်သော စစ်ရေယာဉ်အုပ်စုသည် ထိုင်ဝမ်ရေလက်ကြားကို အခက်အခဲမရှိ ဖြတ်သန်းသွားနိုင်ခဲ့သည်ဟု တရုတ်ရေတပ်က ထုတ်ပြန်ထားခဲ့ပြီး နောက်တွင်လည်း လေ့ကျင့်မှုများအတွက် အလားတူဖြစ်စဉ်မျိုးများ ရှိနေလိမ့်ဦးမည်ဟုဆိုသည်။

ထိုင်ဝမ်ကလည်း စစ်ရေယာဉ် ၆ စီးနှင့် တိုက်လေယာဉ် ၈ စီးကို ချက်ခြင်းတပ်ဖြန့်ကာ တရုတ်စစ်ရေယာဉ်များ၏ ဖြတ်သန်းနေမှုအတွက် အနီးကပ်စောင့် ကြည့်နေခဲ့ကြောင်း တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရှိရသည်။

Ref-JPost
Credit – Myanmarnews24

Leave a Reply