တောင်တရုတ်ပင်လယ်အငြင်းပွားမှုကို မချဲ့ကားရန် တရုတ်နိုင်ငံတော် ကောင်စစ်ဝန်က ဗီယက်နမ်ကို ပြောကြား

တောင်တရုတ်ပင်လယ်အတွင်းရှိ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခြင်းကို ပိုမို ရှုပ်ထွေးကာ ဆိုးရွားလာနိုင်သောကြောင့် တစ်ဖက်သတ် လုပ်ဆောင်ခြင်းမျိုးကို တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့က ရှောင်ကြဉ်ရန် တရုတ်နိုင်ငံတော် ကောင်စစ်ဝန် ဝမ်ရိက ဗီယက်နမ် ဒုဝန် ကြီးချုပ် ဖန်ဘင်မင်းနှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေဝန်ကြီးဌာနက စက် တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ပင်လယ်ပြင်အတွင်းရှိ ရေလမ်းကြောင်းအများစုတွင် တရုတ်က သမိုင်းကြောင်းအရ အချုပ် အခြာပိုင်ဆိုင်မှု ရှိသော်လည်း ယင်းသို့ ကြေညာချက်သည် ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ၏ ပင်လယ်ပြင်ဥပ ဒေသဘောတူစာချုပ်များအပါအဝင် နိုင်ငံတကာဥပဒေ နှင့် ကိုက်ညီခြင်းမရှိကြောင်း အိမ်နီးချင်းနိုင်ငံများနှင့် အမေရိကန်တို့က သတ်မှတ်ထားသည်ဟု တရုတ်အစိုးရက ပြောကြားသည်။

မိမိတို့ ၂ နိုင်ငံစလုံးက တောင်တရုတ်ပင်လယ်တွင် ခက်ခဲစွာ ရရှိထားသည့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို တန်ဖိုးထားရန်နှင့် ဒေသအပြင်ဘက်မှ တပ်ဖွဲ့များ ၏ ကြားဝင်စွက်ဖက်မှုကို သတိထားခုခံသွားရမည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်က ကိုဗစ်-၁၉ ကာကွယ်ဆေး ၃ သန်းကို ထပ်မံလှူဒါန်းမည်ဟုလည်း ဗီယက်နမ်က စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။
zawgyi
ေတာင္တ႐ုတ္ပင္လယ္အျငင္းပြားမႈကို မခ်ဲ႕ကားရန္ တ႐ုတ္နိုင္ငံေတာ္ ေကာင္စစ္ဝန္က ဗီယက္နမ္ကို ေျပာၾကား
ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ နယ္ေျမပိုင္ဆိုင္မႈ အျငင္းပြားျခင္းကို ပိုမို ရႈပ္ေထြးကာ ဆိုးရြားလာနိုင္ေသာေၾကာင့္ တစ္ဖက္သတ္ လုပ္ေဆာင္ျခင္းမ်ိဳးကို တ႐ုတ္ႏွင့္ ဗီယက္နမ္နိုင္ငံတို႔က ေရွာင္ၾကဥ္ရန္ တ႐ုတ္နိုင္ငံေတာ္ ေကာင္စစ္ဝန္ ဝမ္ရိက ဗီယက္နမ္ ဒုဝန္ ႀကီးခ်ဳပ္ ဖန္ဘင္မင္းႏွင့္ ေတြ႕ဆုံေဆြးေႏြးရာတြင္ ေျပာၾကားခဲ့ေၾကာင္း တ႐ုတ္နိုင္ငံျခားေရဝန္ႀကီးဌာနက စက္ တင္ဘာ ၁၁ ရက္တြင္ ထုတ္ျပန္ခဲ့သည္။
အဆိုပါ ပင္လယ္ျပင္အတြင္းရွိ ေရလမ္းေၾကာင္းအမ်ားစုတြင္ တ႐ုတ္က သမိုင္းေၾကာင္းအရ အခ်ဳပ္ အျခာပိုင္ဆိုင္မႈ ရွိေသာ္လည္း ယင္းသို႔ ေၾကညာခ်က္သည္ ၁၉၈၂ ခုႏွစ္ ကုလသမဂၢ၏ ပင္လယ္ျပင္ဥပ ေဒသေဘာတူစာခ်ဳပ္မ်ားအပါအဝင္ နိုင္ငံတကာဥပေဒ ႏွင့္ ကိုက္ညီျခင္းမရွိေၾကာင္း အိမ္နီးခ်င္းနိုင္ငံမ်ားႏွင့္ အေမရိကန္တို႔က သတ္မွတ္ထားသည္ဟု တ႐ုတ္အစိုးရက ေျပာၾကားသည္။
မိမိတို႔ ၂ နိုင္ငံစလုံးက ေတာင္တ႐ုတ္ပင္လယ္တြင္ ခက္ခဲစြာ ရရွိထားသည့္ ၿငိမ္းခ်မ္းေရးႏွင့္ တည္ၿငိမ္ေရးကို တန္ဖိုးထားရန္ႏွင့္ ေဒသအျပင္ဘက္မွ တပ္ဖြဲ႕မ်ား ၏ ၾကားဝင္စြက္ဖက္မႈကို သတိထားခုခံသြားရမည္ဟု ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
တ႐ုတ္က ကိုဗစ္-၁၉ ကာကြယ္ေဆး ၃ သန္းကို ထပ္မံလႉဒါန္းမည္ဟုလည္း ဗီယက္နမ္က စက္တင္ဘာ ၉ ရက္တြင္ ထုတ္ျပန္ခဲ့သည္။
မူရင္းေရးသားသူအားေလးစားစြာခရက္ဒစ္ေပးပါသည္။ကူးယူမၽွေဝေဖာ္ျပျခင္းသာျဖစ္ပါသည္။