လက်ရှိမှုာတော့ Turkish Aerospace Industries (TAI) နှင့် ကာကွယ်ရေးစက်မှုလုပ်ငန်းများ ဥဣဌ (SSB) တို့ လက်မှတ်ရေးထိုးထားသောစာချူပ်အရ T 929 Atak 2 ဟုခေါ်သော အထူးရဟက်ယာဉ်ဖွံ့ဖြိုးရေးစီမံကိန်းကို ပူပေါင်းလုပ်ဆောင်လျက်ရှိနေပြီး ယူကရိန်းထုပ် အင်ဂျင်များကို အသုံးပြုသွားမည်လို့ သိရပါတယ်။

ယူကရိန်း Motro Sich နှင့် TAI အကြား စာချူပ်အရ ပထမဦးဆုံးတင်ပို့မည် ယူနစ်နှစ်ခုနှင့်အတူ အင်ဂျင်များကို 2022 ခုနှစ် စက်တင်ဘာလတွင် လက်ခံရန်စီစဉ်ထားကြောင်း သိရသည်။
အဆိုပါ T 929 Atak 2 စီမံကိန်းဟာ တူရကီတပ်မတော်(TSK)၏ လိုအပ်ချက်ကို ထိရောက်စွာဖြည့်ဆည်းနိုင်ရန်နှင့် အဟန့်အတားဖြစ်စေနိုင်မည့်တိုက်ခိုက်ရေးရဟက်ယာဉ်အဖြစ်အသုံးဝင်မှာဖြစ်ပြီး စစ်ဆင်ရေးလုပ်ငန်းများအတွက် ရာသီဥတုမရွေးခံနိုင်ရည်ရှိမှု၊

အဆင့်မြင့်နည်းပညာ ပစ်မှတ်ခြေရာခံနှင့်ရေဒါပုံရိပ်စနစ်များ၊ Electronic Warfare (EW) အီလက်ထရောနစ်စစ်ဆင်ရေး စနစ်များ၊ Navigation System လမ်းညွှန်စနစ်များ၊ ဆက်သွယ်ရေးစနစ်များနှင့်အတူ လက်နက်စနစ်များလဲ ပါဝင်မည်ဖြစ်သည်။
၎င်းကို မြင့်မားသော Maneuverability နှင့်စွမ်းဆောင်ရည်ရှိသော Chopper အဖြင့် ဒီဇိုင်ဆွဲထုပ်လုပ်ထားသောကြာင့် လက်ရှိတူရကီလေတပ်တွင် အသုံးပြုနေသည့် Atak Helicopter ၏ ပျမ်းမျှအလေးချိန်ထက် နှစ်ဆခန့်ရှိမှာ ဖြစ်ပါတယ်။

T 929 Atak 2 တိုက်ခိုက်ရေး ရဟက်ယာဉ်ဟာ ယေဘုယျအားဖြင့် အလေးချိန် 11 တန်ရှိတာကြောင့် လက်နက်နှင့်ခဲယမ်းမီးကျောက် 1500 ကီလိုဂရမ် သယ်ဆောင်နိုင်မှာဖြစ်ပြီး တပ်ဆင်မည့် Chopper အင်ဂျက်ဟာ မြင်းကောင်ရေ 2500 တွန်းအားပေးနိုင်မည်လို့ သိရပါတယ်။
၎င်းကို တွဲဖက် Pilot ဖြင့်မောင်းနှင်မှာဖြစ်ပြီး အချိုးမညီသောလက်နက်နှင့် အပိုလက်နက်များတင်ဆောင်နိုင်စွမ်း၊ Infared (IR) အနီအောက်ရေခြည်နှင့် အသံနိမ့်အမြင့်စွမ်းရည်၊ ဒီဂျစ်တယ်လေယာဉ်ဒီဇိုင်း၊


Hight Ballistic Resistance၊ မြင့်မားသောအမြင့်နှင့်အပူချိန်၊ အဆင့်မြင့် Electronic Warfare (EW) တန်ပြန်တိုင်းတာခြင်းစနစ်များ ပါဝင်မှာဖြစ်ပါတယ်။လက်နက်တပ်ဆင်မှုအနေဖြင့် အဆင့်မြင့် Caliber အမြောက်များ၊ မျိုးဆက်သစ်တာဝေးပစ်ဒုံးကျည်များနှင့် ဝေဟင်မှမြေပြင်ပစ်ဒုံးကျည်စနစ်များကို သယ်ဆောင်နိုင်မှာဖြစ်ပြီး ကင်းထောက်ခြင်းနှင့်စောင့်ကြည့်ခြင်းစွမ်းရည်၊
အနီးကပ်လေကြောင်းအထောက်အပံ့(CAS)ဖြင့် မြေပြင်တပ်များနှင့်အတူ ပူးတွဲထိုးစစ်ဆင်ခြင်းများ စတဲ့မစ်ရှင်တွေမှာ စွမ်းဆောင်မှုပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။TAI ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ Temel Kotil ရဲ့ ကြေငြာချက်တွင် T 929 Atak 2 ကို 2023 ခုနှစ်တွင် အပြည့်အဝစတင်ပျံသန်းခွင့်ရမည်ဖြစ်ပြီး စီမံကိန်းအားလုံးနီးပါး တစ်နှစ်ကြာလိမ့်မည်ဟု ပြောကြားခဲ့ပါတယ်။
credit:DefenceHub
zawgyi
လက္ရွိမႈာေတာ့ Turkish Aerospace Industries (TAI) ႏွင့္ ကာကြယ္ေရးစက္မႈလုပ္ငန္းမ်ား ဥဣဌ (SSB) တို႔ လက္မွတ္ေရးထိုးထားေသာစာခ်ဴပ္အရ T 929 Atak 2 ဟုေခၚေသာ အထူးရဟက္ယာဥ္ဖြံ့ၿဖိဳးေရးစီမံကိန္းကို ပူေပါင္းလုပ္ေဆာင္လ်က္ရွိေနၿပီး ယူကရိန္းထုပ္ အင္ဂ်င္မ်ားကို အသုံးျပဳသြားမည္လို႔ သိရပါတယ္။
ယူကရိန္း Motro Sich ႏွင့္ TAI အၾကား စာခ်ဴပ္အရ ပထမဦးဆုံးတင္ပို႔မည္ ယူနစ္ႏွစ္ခုႏွင့္အတူ အင္ဂ်င္မ်ားကို 2022 ခုႏွစ္ စက္တင္ဘာလတြင္ လက္ခံရန္စီစဥ္ထားေၾကာင္း သိရသည္။
အဆိုပါ T 929 Atak 2 စီမံကိန္းဟာ တူရကီတပ္မေတာ္(TSK)၏ လိုအပ္ခ်က္ကို ထိေရာက္စြာျဖည့္ဆည္းနိုင္ရန္ႏွင့္ အဟန႔္အတားျဖစ္ေစနိုင္မည့္တိုက္ခိုက္ေရးရဟက္ယာဥ္အျဖစ္အသုံးဝင္မွာျဖစ္ၿပီး စစ္ဆင္ေရးလုပ္ငန္းမ်ားအတြက္ ရာသီဥတုမေရြးခံနိုင္ရည္ရွိမႈ၊
အဆင့္ျမင့္နည္းပညာ ပစ္မွတ္ေျခရာခံႏွင့္ေရဒါပုံရိပ္စနစ္မ်ား၊ Electronic Warfare (EW) အီလက္ထေရာနစ္စစ္ဆင္ေရး စနစ္မ်ား၊ Navigation System လမ္းညႊန္စနစ္မ်ား၊ ဆက္သြယ္ေရးစနစ္မ်ားႏွင့္အတူ လက္နက္စနစ္မ်ားလဲ ပါဝင္မည္ျဖစ္သည္။
၎ကို ျမင့္မားေသာ Maneuverability ႏွင့္စြမ္းေဆာင္ရည္ရွိေသာ Chopper အျဖင့္ ဒီဇိုင္ဆြဲထုပ္လုပ္ထားေသာၾကာင့္ လက္ရွိတူရကီေလတပ္တြင္ အသုံးျပဳေနသည့္ Atak Helicopter ၏ ပ်မ္းမၽွအေလးခ်ိန္ထက္ ႏွစ္ဆခန႔္ရွိမွာ ျဖစ္ပါတယ္။
T 929 Atak 2 တိုက္ခိုက္ေရး ရဟက္ယာဥ္ဟာ ေယဘုယ်အားျဖင့္ အေလးခ်ိန္ 11 တန္ရွိတာေၾကာင့္ လက္နက္ႏွင့္ခဲယမ္းမီးေက်ာက္ 1500 ကီလိုဂရမ္ သယ္ေဆာင္နိုင္မွာျဖစ္ၿပီး တပ္ဆင္မည့္ Chopper အင္ဂ်က္ဟာ ျမင္းေကာင္ေရ 2500 တြန္းအားေပးနိုင္မည္လို႔ သိရပါတယ္။
၎ကို တြဲဖက္ Pilot ျဖင့္ေမာင္းႏွင္မွာျဖစ္ၿပီး အခ်ိဳးမညီေသာလက္နက္ႏွင့္ အပိုလက္နက္မ်ားတင္ေဆာင္နိုင္စြမ္း၊ Infared (IR) အနီေအာက္ေရျခည္ႏွင့္ အသံနိမ့္အျမင့္စြမ္းရည္၊ ဒီဂ်စ္တယ္ေလယာဥ္ဒီဇိုင္း၊
Hight Ballistic Resistance၊ ျမင့္မားေသာအျမင့္ႏွင့္အပူခ်ိန္၊ အဆင့္ျမင့္ Electronic Warfare (EW) တန္ျပန္တိုင္းတာျခင္းစနစ္မ်ား ပါဝင္မွာျဖစ္ပါတယ္။လက္နက္တပ္ဆင္မႈအေနျဖင့္ အဆင့္ျမင့္ Caliber အေျမာက္မ်ား၊ မ်ိဳးဆက္သစ္တာေဝးပစ္ဒုံးက်ည္မ်ားႏွင့္ ေဝဟင္မွေျမျပင္ပစ္ဒုံးက်ည္စနစ္မ်ားကို သယ္ေဆာင္နိုင္မွာျဖစ္ၿပီး ကင္းေထာက္ျခင္းႏွင့္ေစာင့္ၾကည့္ျခင္းစြမ္းရည္၊
အနီးကပ္ေလေၾကာင္းအေထာက္အပံ့(CAS)ျဖင့္ ေျမျပင္တပ္မ်ားႏွင့္အတူ ပူးတြဲထိုးစစ္ဆင္ျခင္းမ်ား စတဲ့မစ္ရွင္ေတြမွာ စြမ္းေဆာင္မႈေပးနိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။TAI ကုမၸဏီ၏ အေထြေထြမန္ေနဂ်ာ Temel Kotil ရဲ့ ေၾကျငာခ်က္တြင္ T 929 Atak 2 ကို 2023 ခုႏွစ္တြင္ အျပည့္အဝစတင္ပ်ံသန္းခြင့္ရမည္ျဖစ္ၿပီး စီမံကိန္းအားလုံးနီးပါး တစ္ႏွစ္ၾကာလိမ့္မည္ဟု ေျပာၾကားခဲ့ပါတယ္။
credit:DefenceHub