တူရကီထုတ် မောင်းသူမဲ့လေယာဉ်များကို ကမ္ဘာ့နိုင်ငံကြီးများပင် ချီးကျူးနေရပြီလို့ သမ္မတအာဒိုဂန်ပြော

သမ္မတရာဂျစ်အာဒိုဂန်က တူရကီနိုင်ငံရဲ့ ဒရုန်းမောင်းသူမဲ့လေယာဉ်နည်းပညာဟာ အခုဆိုရင် ကမ္ဘာ့နိုင်ငံကြီးတွေကတောင် ချီးကျူးရတဲ့အနေအထားကို ရောက်လာပြီလို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင်သူက တူရကီဟာ နောက်ထပ်သုံးနှစ်ကနေ ငါးနှစ်အတွင်း ဒရုန်းအသစ်တွေ ထပ်မံထုတ်လုပ်သွားဘို့ရှိတယ်လို့လည်း ဆိုပါတယ်။

တူရကီအနေနဲ့ ကမ္ဘာပေါ်မှာ ခေတ်အမီဆုံးဒရုန်းတွေ ဖြစ်လာဘို့ ရည်မှန်းထားကြောင်း အင်္ဂါနေ့က ပြောကြားခဲ့တဲ့ အမျိုးသားကာကွယ်ရေးနေ့မိန့်ခွန်းထဲမှာ သမ္မတက အခုလို ထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။

အဲဒီမိန့်ခွန်းထဲမှာ တူရကီလုပ်မောင်းသူမဲ့လေယာဉ်တွေဟာ အကြမ်းဖက်သမားတွေကို ချေမှုန်းခြင်းအပြင် ကရာဘက်စစ်ပွဲမှာလည်း အောင်မြင်မှုများစွာရရှိခဲ့တယ်လို့ ဆိုပါတယ်။ တူရကီဟာ အခုဆိုရင် လက်နက်နည်းပညာမှာ အမြှောက် ဒုံးကျည် ရေဒါနဲ့ မောင်းသူမဲ့လေယာဉ်စတဲ့ ခေတ်မီလက်နက်တွေကိုပါ ကိုယ်တိုင်ထုတ်လုပ်လျက်ရှိပါတယ်။

မူရင်းရေးသားသူ lamin Mg အားလေးစားစွာ ခရက်ဒစ်ပေးပါသည်
ကိုးကား-Global Voice24
zawgyi
တူရကီထုတ္ ေမာင္းသူမဲ့ေလယာဥ္မ်ားကို ကမၻာ့နိုင္ငံႀကီးမ်ားပင္ ခ်ီးက်ဴးေနရၿပီလို႔ သမၼတအာဒိုဂန္ေျပာ

သမၼတရာဂ်စ္အာဒိုဂန္က တူရကီနိုင္ငံရဲ့ ဒ႐ုန္းေမာင္းသူမဲ့ေလယာဥ္နည္းပညာဟာ အခုဆိုရင္ ကမၻာ့နိုင္ငံႀကီးေတြကေတာင္ ခ်ီးက်ဴးရတဲ့အေနအထားကို ေရာက္လာၿပီလို႔ ေျပာဆိုလိုက္ပါတယ္။ ဒါ့အျပင္သူက တူရကီဟာ ေနာက္ထပ္သုံးႏွစ္ကေန ငါးႏွစ္အတြင္း ဒ႐ုန္းအသစ္ေတြ ထပ္မံထုတ္လုပ္သြားဘို႔ရွိတယ္လို႔လည္း ဆိုပါတယ္။
တူရကီအေနနဲ႔ ကမၻာေပၚမွာ ေခတ္အမီဆုံးဒ႐ုန္းေတြ ျဖစ္လာဘို႔ ရည္မွန္းထားေၾကာင္း အဂၤါေန႔က ေျပာၾကားခဲ့တဲ့ အမ်ိဳးသားကာကြယ္ေရးေန႔မိန႔္ခြန္းထဲမွာ သမၼတက အခုလို ထည့္သြင္းေျပာၾကားလိုက္တာျဖစ္ပါတယ္။
အဲဒီမိန႔္ခြန္းထဲမွာ တူရကီလုပ္ေမာင္းသူမဲ့ေလယာဥ္ေတြဟာ အၾကမ္းဖက္သမားေတြကို ေခ်မႈန္းျခင္းအျပင္ ကရာဘက္စစ္ပြဲမွာလည္း ေအာင္ျမင္မႈမ်ားစြာရရွိခဲ့တယ္လို႔ ဆိုပါတယ္။ တူရကီဟာ အခုဆိုရင္ လက္နက္နည္းပညာမွာ အေျမႇာက္ ဒုံးက်ည္ ေရဒါနဲ႔ ေမာင္းသူမဲ့ေလယာဥ္စတဲ့ ေခတ္မီလက္နက္ေတြကိုပါ ကိုယ္တိုင္ထုတ္လုပ္လ်က္ရွိပါတယ္။
မူရင္းေရးသားသူ lamin Mg အားေလးစားစြာ ခရက္ဒစ္ေပးပါသည္
ကိုးကား-Global Voice24