တူရကီက ကိုယ်ပိုင်လေဆာလက်နက်စနစ်ကို ထုတ်ဖော်ပြသ
ဩဂုတ် ၁၉၊ နိုင်ငံတကာ
တူရကီကုမ္ပဏီတစ်ခုဖြစ်သော Meteksan Defence Industry Inc. အနေဖြင့် မြေပြင်အခြေစိုက်လေဆာစနစ်ကို တီထွင်ထုတ်လုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါစနစ်ကို ကုမ္ပဏီက NAZAR စနစ်ဟု အမည်ပေးထားပြီး IDEF 2021 ၌ ပထမဆုံးအကြိမ်ထုတ်ဖော်ပြသမည်ဖြစ်သည်ဟုဆိုသည်။
NAZAR System စနစ်သည် မြေပြင်အခြေစိုက်စနစ်တစ်ခုဖြစ်ပြီး မြေပြင် အခြေစိုက်စခန်းများနှင့် စက်ရုံများကို ပဲ့ထိန်းဒုံးကျည်များ၏ အန္တရာယ်မှ ကာကွယ်ရန်အတွက် တီထွင်ခဲ့ခြင်းဖြစ်သည်ဟုလည်းဆိုသည်။

NAZAR စီမံကိန်း၌ နိုင်ငံအနည်းငယ်သာ ဆောင်ရွက်နိုင်နေသေးသည့် နည်းပညာစနစ်များကို အသုံးပြုထားသည်ဟုဆိုသည်။
၎င်းစနစ်ကြောင့် EO/IR စနစ်သုံးပဲ့ထိန်းဒုံးကျည်စနစ်များကို တာဝေးမှ ချေဖျက်နိုင်မည်ဖြစ်သည်။ ထို့အပြင် အခြားသော အာရုံခံစနစ်များနှင့်လည်း
ပေါင်းစပ်အသုံးနိုင်မည်ဖြစ်သည့်အတွက် စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာဖွယ်ရှိသည်။

NAZAR စနစ်ကို ပထမအဆင့်၌ ရွေ့လျားစနစ်အနေဖြင့် အလွယ်တကူသယ်ယူပို့ဆောင်ရန် အသုံးပြုမည်ဖြစ်သည်။ စွမ်းအင်ထောက်ပံ့မှုစနစ်အတွက် ကိုယ်ပိုင်ဂျင်နရေတာစနစ်လည်းပါ၇ှိမည်ဖြစ်သည်။
ဒုတိယအဆင့်အနေဖြင့် စစ်ရေယာဉ်များ၌ တင်ဆောင်အသုံးပြုရန် ရည်မှန်း ထားကြောင်းသိရှိရသည်။
Ref-DNews
credit:khekcaihmedia
zawgyi
တူရကီက ကိုယ္ပိုင္ေလဆာလက္နက္စနစ္ကို ထုတ္ေဖာ္ျပသ
ဩဂုတ္ ၁၉၊ နိုင္ငံတကာ
တူရကီကုမၸဏီတစ္ခုျဖစ္ေသာ Meteksan Defence Industry Inc. အေနျဖင့္ ေျမျပင္အေျခစိုက္ေလဆာစနစ္ကို တီထြင္ထုတ္လုပ္ခဲ့ေၾကာင္း သိရွိရသည္။
အဆိုပါစနစ္ကို ကုမၸဏီက NAZAR စနစ္ဟု အမည္ေပးထားၿပီး IDEF 2021 ၌ ပထမဆုံးအႀကိမ္ထုတ္ေဖာ္ျပသမည္ျဖစ္သည္ဟုဆိုသည္။
NAZAR System စနစ္သည္ ေျမျပင္အေျခစိုက္စနစ္တစ္ခုျဖစ္ၿပီး ေျမျပင္ အေျခစိုက္စခန္းမ်ားႏွင့္ စက္႐ုံမ်ားကို ပဲ့ထိန္းဒုံးက်ည္မ်ား၏ အႏၲရာယ္မွ ကာကြယ္ရန္အတြက္ တီထြင္ခဲ့ျခင္းျဖစ္သည္ဟုလည္းဆိုသည္။
NAZAR စီမံကိန္း၌ နိုင္ငံအနည္းငယ္သာ ေဆာင္ရြက္နိုင္ေနေသးသည့္ နည္းပညာစနစ္မ်ားကို အသုံးျပဳထားသည္ဟုဆိုသည္။
၎စနစ္ေၾကာင့္ EO/IR စနစ္သုံးပဲ့ထိန္းဒုံးက်ည္စနစ္မ်ားကို တာေဝးမွ ေခ်ဖ်က္နိုင္မည္ျဖစ္သည္။ ထို႔အျပင္ အျခားေသာ အာ႐ုံခံစနစ္မ်ားႏွင့္လည္း
ေပါင္းစပ္အသုံးနိုင္မည္ျဖစ္သည့္အတြက္ စြမ္းေဆာင္ရည္ပိုမိုေကာင္းမြန္လာဖြယ္ရွိသည္။
NAZAR စနစ္ကို ပထမအဆင့္၌ ေရြ႕လ်ားစနစ္အေနျဖင့္ အလြယ္တကူသယ္ယူပို႔ေဆာင္ရန္ အသုံးျပဳမည္ျဖစ္သည္။ စြမ္းအင္ေထာက္ပံ့မႈစနစ္အတြက္ ကိုယ္ပိုင္ဂ်င္နေရတာစနစ္လည္းပါ၇ွိမည္ျဖစ္သည္။
ဒုတိယအဆင့္အေနျဖင့္ စစ္ေရယာဥ္မ်ား၌ တင္ေဆာင္အသုံးျပဳရန္ ရည္မွန္း ထားေၾကာင္းသိရွိရသည္။
Ref-DNews
credit:khekcaihmedia