တူရကီကိုF-35sတိုက်လေယာဉ်ရောင်းဝယ်ရေးမိတ်ဖက်စာရင်းကနေ အမေရီကန်ထုတ်ပယ်

Militarily News

တူရကီကို F-35sတိုက်လေယာဉ်ရောင်းဝယ်ရေးမိတ်ဖက်စာရင်းကနေ အမေရီကန်ထုတ်ပယ်။
ယင်းအစား ပိုလန်ကိုအခွင့်အရေးပေးရန် ရီပတ်ဘလီကန်အမတ်များလိုလား
F-35 Lightning II တိုက်လေယာဉ်ေတွနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်အတွင်း စံချိန်တင်အနေနဲ့ အမှာစာ၁၂၃ခုကို လက်ခံရရှိခဲ့တယ်လို့ လော့ဟိမာတင်ကုမ္ပဏီရဲ့ဥက္ကဌဖြစ်သူ Bill Brothertonက ထုတ်ဖော်ပြောဆိုခဲတယ်လို့ Military.Comမှာ သတင်းရေးသားထားတာတွေ့ရပါတယ်။

ဒါပေမယ့်လို့ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ရောဂါကြောင့် သူတို့အနေနဲ့ အမှာစာတွေကို ပြည့်မီအောင်မလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီအထဲမှာ အမေရီကန်လေတပ်မတော်အတွက် ၇၄စင်းနဲ့ မိတ်ဖက်နိုင်ငံတွေအတွက် ၃၁စင်း ပို့ပေးနိုင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လို့ S-400တွေကို ရုရှားဆီကနေ ဝယ်ယူဘို့ဆုံးဖြတ်ခဲ့တဲ့ တူရကီကိုတော့ အမေရီကန်ဘက်က F-35s မဟာမိတ်ဖက်စာရင်းထဲကနေ ထုတ်ပယ်ပစ်ခဲ့ပါတယ်။

တူရကီကို မိတ်ဖက်စာရင်းထဲကနေ ထုတ်ပစ်ပြီး သြဂုတ်လထဲမှာတော့ အမေရီကန်ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ်တွေက မဟာမိတ်တွေရဲ့ ပေါင်းစည်းမှုကို ခိုင်မာစာရေအတွက် ပိုလန်ကို လမ်းဖွင့်ပေးဘို့ တွန်းအားပေးဆောင်ရွတ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့်မို့လို့ အခုဆိုရင် ပိုလန်နိုင်ငံဟာလည်း သူတို့ရဲ့လေတပ်အတွက် ဒေါ်လာ၆.၅ဘီလီယံတန်ဘိုးရှိတဲ့ F-35A၃၂နဲ့ ဆက်စပ်ပစ္စည်းတွေကို ဝယ်ယူသွားတော့မှာဖြစ်ပါတယ်။ ပိုလန်နိုင်ငံဟာဆိုရင် တစ်ချိန်က ဝါဆောစစ်စာချုပ်အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ အနောက်အုပ်စုနဲ့ ခိုင်မာတဲ့ဆက်ဆံရေးကို တည်ဆောက်နေတာလည်းဖြစ်ပါတယ်။

Credit – မောင်ဉာဏ်မင်း (ဆားလင်းကြီး)

Leave a Reply