ဗုဒ္ဓဟူးနေက New Media သတင်းဌာန၏ အစီရင်ခံဖော်ပြမှုအရ တူနီးရှားနှင့်အယ်လ်ဂျီးရီယားကတို့က မော်ရိုကိုသို့ပျံသန်းမည့် အစ္စရေးလေယာဉ်များကို ၎င်းတို့လေပိုင်နက်အား အသုံးမပြုရန်တားမြစ်လိုက်ပြီး ဥရောပလမ်းကြောင်းမှ သာသွယ်ဝှိုက်ဝင်ရောက်ရန် ဖိအားပေးပြောဆိုခဲ့သည်ဟု သိရှိရသည်။တူနီးရှားနိုင်ငံ၏ Nessma TV က ပျံသန်းမှုလမ်းကြောင်းကို မြောက်ပိုင်းလမ်း ကြောင်းအဖြစ်ယူရတော့မည်ဖြစ်ပြီး မြေထဲပင်လယ်မှတစ်ဆင့် ဂရိ၊ ထို့နောက် အီတလီ၊ စပိန် တို့မှတစ်ဆင့် မော်ရိုကိုမြို့သို့ဆင်းသက်ရမည်ဖြစ်သည်ဟု အစ္စရေးလေယာဉ်များကို သတိပေးမှုထုတ်ပြန်လိုက်ပြီဖြစ်သည်။ထိုသို့ဆောင်ရွက်ရခြင်းသည် အယ်လ်ဂျီးရီးယားတို့၏ လေပိုင်နက်ကို ဖြတ်သန်းနေစဉ်အတွင်း အစ္စရေးတို့၏လေယာဉ်များသည် အမုန်းစကားများနှင့် သတင်းတုများကို ဖြစ်စေသည့်အတွက်ဟုဆိုသည်။ဤသတင်းနှင့် ပတ်သက်၍ အယ်လ်ဂျီးရီးယားနှင့်တူနီးရှားတို့မှတရားဝင်မှတ်ချက်မရှိသေးပေ။ သို့သော်တူနီးရှားနိုင်ငံခြားရေး ၀န်ကြီးဌာန၏ ကြေညာချက်တွင်“ အစ္စရေးနှင့်ဆက်ဆံရေးပုံမှန်ဖြစ်ရန်တူနီးရှား၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ပျံ့နှံ့နေသည့်ကောလာဟလများသည်အခြေအမြစ်မရှိ” ဟုပြောကြားထားသည်။

Credit – MyanmarNews24
Zawgyi
ဗုဒ္ဓဟူးနေက New Media သတင်းဌာန၏ အစီရင်ခံဖော်ပြမှုအရ တူနီးရှားနှင့်အယ်လ်ဂျီးရီယားကတို့က မော်ရိုကိုသို့ပျံသန်းမည့် အစ္စရေးလေယာဉ်များကို ၎င်းတို့လေပိုင်နက်အား အသုံးမပြုရန်တားမြစ်လိုက်ပြီး ဥရောပလမ်းကြောင်းမှ သာသွယ်ဝှိုက်ဝင်ရောက်ရန် ဖိအားပေးပြောဆိုခဲ့သည်ဟု သိရှိရသည်။တူနီးရှားနိုင်ငံ၏ Nessma TV က ပျံသန်းမှုလမ်းကြောင်းကို မြောက်ပိုင်းလမ်း ကြောင်းအဖြစ်ယူရတော့မည်ဖြစ်ပြီး မြေထဲပင်လယ်မှတစ်ဆင့် ဂရိ၊ ထို့နောက် အီတလီ၊ စပိန် တို့မှတစ်ဆင့် မော်ရိုကိုမြို့သို့ဆင်းသက်ရမည်ဖြစ်သည်ဟု အစ္စရေးလေယာဉ်များကို သတိပေးမှုထုတ်ပြန်လိုက်ပြီဖြစ်သည်။ထိုသို့ဆောင်ရွက်ရခြင်းသည် အယ်လ်ဂျီးရီးယားတို့၏ လေပိုင်နက်ကို ဖြတ်သန်းနေစဉ်အတွင်း အစ္စရေးတို့၏လေယာဉ်များသည် အမုန်းစကားများနှင့် သတင်းတုများကို ဖြစ်စေသည့်အတွက်ဟုဆိုသည်။ဤသတင်းနှင့် ပတ်သက်၍ အယ်လ်ဂျီးရီးယားနှင့်တူနီးရှားတို့မှတရားဝင်မှတ်ချက်မရှိသေးပေ။ သို့သော်တူနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင်“ အစ္စရေးနှင့်ဆက်ဆံရေးပုံမှန်ဖြစ်ရန်တူနီးရှား၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ပျံ့နှံ့နေသည့်ကောလာဟလများသည်အခြေအမြစ်မရှိ” ဟုပြောကြားထားသည်။
Credit – MyanmarNews24