တိုယိုတာကားေတြ ျမန္မာျပည္တြင္း လာေရာက္ထုတ္လုပ္လာတာနဲ႔အတူ EV လွ်ပ္စစ္ကားသတင္းေတြေၾကာင့္ ေစ်းအတက္အက် မွန္းဆရခက္ေနတဲ့ ျပည္တြင္း ကားေဈးကြက္


တိုယိုတာကားေတြ ျမန္မာျပည္တြင္း လာေရာက္ထုတ္လုပ္လာတာနဲ႔အတူ EV လွ်ပ္စစ္ကားသတင္းေတြေၾကာင့္ ေစ်းအတက္အက် မွန္းဆရခက္ေနတဲ့ ျပည္တြင္း ကားေဈးကြက္
လက္ရွိ ျပည္တြင္းကားေစ်းကြက္ဟာ ေဒၚလာေဈးႏႈန္း မၿငိမ္တာေၾကာင့္
ကားေစ်း အတက္အက် မွန္းဆရခက္ေနၿပီး အေရာင္းအဝယ္လည္း ေအးေနတဲ့ အေနအထားပါ။
အခုႏွစ္ ဩဂုတ္လကုန္နဲ႔ စက္တင္ဘာလဆန္းပိုင္းအတြင္းက ျပင္ပေဒၚလာေဈးကြက္မွာ တစ္ေဒၚလာကို ၄၅၀၀ က်ပ္ဝန္းက်င္အထိ ျမင့္တက္ခဲ့လို႔ အေရာင္းအဝယ္သြက္ခဲ့တဲ့ ကားေဈးကြက္ဟာ ရက္ပိုင္းအတြင္း ကားေဈးျပန္က်လာသလို ျဖစ္ေနတယ္လို႔ သိရပါတယ္။
တခ်ိန္တည္းမွာပဲ သီလဝါစက္မႈဇုန္အတြင္းက တိုယိုတာ ေမာ္ေတာ္ကားကုမၸဏီကလည္း လြန္ခဲ့တဲ့ ၂ ႏွစ္အတြင္း ထုတ္လုပ္ထားၿပီးသား တိုယိုတာ ဟိုင္းလက္စ္ကားေတြကို စထုတ္ေတာ့မယ္လို႔ ေၾကညာလိုက္တာေၾကာင့္ သိန္း ၁၀၀၀ အေပၚကားေဈး ျပန္က်လာခဲ့တယ္လို႔ သိရပါတယ္။
“အတက္ၾကမ္းသြားတဲ့ အခ်ိန္တုန္းကေတာ့ စီးပြားေရးသမားေတြကလည္း အိမ္မွာစီးတဲ့ကားကို ထုတ္ေရာင္းၾကတယ္။ တခ်ိဳ႕က်ေတာ့လည္း ေငြမပိုက္ရဲၾကဘူး။ ေ႐ႊဝယ္တာတို႔ ကားဝယ္တာတို႔ ျဖစ္ၾကတာ။ အဲဒီေတာ့ ကားအေရာင္းအဝယ္ လုပ္တဲ့သူက်ေတာ့ ကားေဈးကြက္ထဲမွာ အကုန္လုံးေအာၿပီး ရင္းလိုက္တယ္။ ရင္းၿပီးေတာ့ ဒီကားေတြအကုန္လုံး သူတို႔လက္ထဲမွာ အေရာင္းအဝယ္ လုပ္ၾကတယ္။
ဒါေပမယ့္ လက္ရွိမွာ အက်ဘက္ကိုေရာက္ၿပီး ေဈးတန္းတစ္ခုမွာ ၿငိမ္ေနေတာ့ ဝယ္ေရာင္းေတြအားလုံးက ပိုက္ေဘာေတြ အကုန္မိကုန္ၾကတာပဲ။ အဲဒီေတာ့ ျမတ္ထားတဲ့ ကားေလးေတြက ျပန္ပါသြားမွာပဲ”လို႔ ေမာ္ေတာ္ကားေရာင္းဝယ္ေရးအသင္းဗဟို (ရန္ကုန္) ဥကၠ႒ ဦးေအာင္သန္းဝင္းက ေျပာပါတယ္။
ျပည္တြင္းစက္႐ုံမွာ တိုယိုတာက တပ္ဆင္ထုတ္လုပ္ေနတဲ့ ဟိုင္းလက္စ္ပစ္ကပ္အမ်ိဳးအစား ကားသစ္ေတြဟာ လက္ရွိ ေဒၚလာေပါက္ေဈးအရ က်ပ္ သိန္း ၁၅၀၀ ဝန္းက်င္ ရွိပါတယ္။ ဒါ့ေၾကာင့္ ျပည္တြင္းကားေဈးကြက္မွာ က်ပ္သိန္း ၂၀၀၀ နီးပါးအထိ ေဈးျမင့္ခဲ့တဲ့ ဟိုင္းလက္စ္အမ်ိဳးအစားကားေတြရဲ႕ ေဈးႏႈန္းေတြဟာလည္း တျဖည္းျဖည္း ျပန္လည္က်ဆင္းေနခဲ့တာပါ။
“အရင္ SKD ေပးတဲ့အခ်ိန္က ေဒၚလာနဲ႔တြက္ၿပီး ဝယ္ရတဲ့အတိုင္းအတာက အဲ့ဒီတုန္းက တစ္ေဒၚလာ ၁၅၀၀ ပဲရွိတယ္။ အခုက ၃၀၀၀ ျဖစ္ေနၿပီ။ ၂ ဆပဲေလ။ ေဈးကက်မွာေတာ့မဟုတ္ဘူး။ ပိုက္ဆံရွိတဲ့သူက အသစ္ပဲစစီးမယ္ဆိုရင္ေတာ့ ဒီလိုအသစ္မ်ိဳး၊ ဒီကားမ်ိဳးပဲ ဝယ္စီးၾကမွာေပါ့”လို႔ သူက ေျပာပါတယ္။
ဒါ့အျပင္ လွ်ပ္စစ္ကား တင္သြင္းေရာင္းခ်ခြင့္ျပဳေတာ့မယ့္ ဂယက္ေၾကာင့္ ကားေဈးကြက္ဟာ အနည္းငယ္ လႈပ္ခတ္မႈ ျဖစ္ခဲ့ပါေသးတယ္။ ၿပီးခဲ့တဲ့ေအာက္တိုဘာ ၁၀ ရက္က HOZON Auto ကုမၸဏီက လွ်ပ္စစ္ကားေတြ ျမန္မာ့ကားေစ်းကြက္အတြင္း ဝင္ေရာက္ႏိုင္ေရး ျပည္တြင္းရွိ Grand Sirius Limited (GSE) ကုမၸဏီတဲ့ မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္ေရး သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့ပါတယ္။
ျပည္တြင္းကို ပထမဆုံး ဝင္ေရာက္လာႏိုင္တဲ့ လွ်ပ္စစ္ကားအျဖစ္ ေရပန္းစားလာတာနဲ႔အတူ ေနာက္ထပ္ လွ်ပ္စစ္ကားေတြ ထပ္မံဝင္ေရာက္လာႏိုင္တဲ့ အလားအလာေတြေၾကာင့္ လွ်ပ္စစ္ကားကို စိတ္ဝင္စားတဲ့ ျပည္တြင္းက သုံးစြဲသူေတြကလည္း ကားေဈးကြက္ကို ေစာင့္ၾကည့္ေနပါတယ္။
“အခုအခ်ိန္မွာ ေဒၚလာေဈးကလည္း အေျခအေနဘာမွန္းမသိေသးတဲ့အခါက်ေတာ့ ေဈးကြက္က လက္ရွိမွာ ခဏ အေရာင္းရပ္ေနတဲ့ အေနအထားပါ။ တက္မလား၊ က်မလား၊ ဘာဆက္ျဖစ္မလဲ ခဏေစာင့္ၾကည့္ေနၾကတဲ့ သေဘာပါ။ ဒါေပမယ့္ လွ်ပ္စစ္ကား ဆိုတာကလည္း သိပ္ၿပီး ေမွ်ာ္လင့္လို႔ မရေသးပါဘူး။ ျမန္မာျပည္ရဲ႕ လွ်ပ္စစ္မီး အေျခအေနကလည္း သိတဲ့အတိုင္းပဲ။ ဒီရက္ပိုင္းမွာ ပိုၿပီးေတာ့ေတာင္ ဆိုးလာေသးတယ္။ ခဏခဏ လာလိုက္ပ်က္လိုက္ဆိုေတာ့ ဒါကေတာ့ လွ်ပ္စစ္ကား ကိစၥကေတာ့ အေမွာင္ထဲမွာ စမ္းတဝါးဝါး သြားေနရတဲ့ အေနအထားပါ”လို႔ ဝါရင့္ကားေရာင္းဝယ္သူတဦးက သုံးသပ္ပါတယ္။
လက္ရွိ အေျခအေနအရ လွ်ပ္စစ္ကားေတြ ျပည္တြင္းမွာ အသုံးျပဳႏိုင္မယ့္အေရးဟာ အလွမ္းကြာေဝးလြန္းေနေသးတယ္လို႔လည္း ေျပာပါတယ္။ ျပည္တြင္း လွ်ပ္စစ္ရရွိမႈ အေျခအေနကလည္း အႏႈတ္လကၡဏာဘက္မွာ ရွိေနတာပါ။ ဒါ့အျပင္ လွ်ပ္စစ္ကားေတြကို အားျပန္သြင္းႏိုင္မယ့္ အားသြင္းေနရာေတြ အလုံအေလာက္ထားရရွိႏိုင္မႈနဲ႔ လွ်ပ္စစ္ကားေတြအတြက္ အပိုပစၥည္းေတြ အရန္အသင့္ ဝယ္ယူႏိုင္မယ့္ အေျခအေန စတဲ့ လိုအပ္ခ်က္ေတြလည္း မ်ားစြာ ရွိေနပါေသးတယ္။
ဒါ့ေၾကာင့္ ျပည္တြင္း ေဈးကြက္အတြင္း လွ်ပ္စစ္ကားေတြ ဘယ္လိုပဲ ေရာက္ရွိလာေစကာမႈ ကားအသုံးျပဳသူေတြ လွ်ပ္စစ္ကား တြင္က်ယ္စြာ အသုံးျပဳႏိုင္ေရးဟာ စိတ္ကူးယဥ္လမ္းမွာ စမ္းတဝါးဝါးနဲ႔ ေလွ်ာက္လွမ္းရမယ့္ အေျခအေနျဖစ္ေနတယ္လို႔လည္း ကားေလာက အသိုင္းအဝိုင္းက သုံးသပ္ေနၾကပါတယ္။
ၿပီးခဲ့တဲ့ သုံးလအတြင္း တဟုန္ထိုးတက္သြားတဲ့ ကားေဈးဟာ အခုလမွာေတာ့ တအိအိနဲ႔ က်ရိပ္ျပန္ျပလာေနတာပါ။ လက္ရွိမွာေတာ့ နယ္အေရာင္းေဈးကြက္ေအးေနၿပီး ရန္ကုန္အေရာင္းေဈးကြက္ အနည္းငယ္ ျပန္ေကာင္းလာတယ္လို႔ သိရပါတယ္။
ရန္ကုန္ေဈးကြက္ထဲမွာေတာ့ သိန္း ၃၀၀ ကေန ၇၀၀ ဝန္းက်င္အထိ ေဈးတန္းရွိေနတဲ့ SKD ကားေတြဟာ လက္ရွိမွာ ေဈးျပန္လည္က်ဆင္းလာခဲ့လို႔ သိရပါတယ္။ ကားတစ္စီးကို သိန္း ငါးဆယ္ဝန္းက်င္အထိ ေဈးက်လာၿပီး အေရာင္းျပန္သြက္လာတယ္လို႔ သိရပါတယ္။
ဒါေပမယ့္ လက္ရွိမွာ ေဒၚလာေဈးႏႈန္း ျပန္တက္လာတယ္ဆိုတဲ့ သတင္းေတြေၾကာင့္လည္း အက်ေဈးျဖစ္ေနတဲ့ ကားေဈးကြက္ဟာ အတက္ဘက္ကို ျပန္ေရာက္လာႏိုင္ဖြယ္ ရွိတယ္လို႔လည္း ကားဝယ္ေရာင္းလုပ္ကိုင္သူေတြက သုံးသပ္ထားပါတယ္။
“အခုက နည္းနည္းေတာ့ က်တယ္။ အနိမ့္ကားေတြဆိုရင္ သိန္း ၂၀ ၊ ၃၀ ေလာက္အထိ က်တယ္။ အေပၚကား (ေမာ္ဒယ္ျမင့္ကား)ေတြဆိုရင္ေတာ့ ၅၀ ၊ ၁၀၀ နီးပါး က်တယ္ေပါ့။ ဟြန္ဒါလိုကားမ်ိဳးဆိုရင္ ေမာ္ဒယ္နိမ့္ နံပါတ္နိမ့္ဆိုရင္ သိန္း ၂၀၀ နည္းနည္းေက်ာ္ျဖစ္သြားတယ္။ ေမာ္ဒယ္ျမင့္ နံပါတ္နည္းနည္းျမင့္ရင္ေတာ့ ၂၈၀ ၊ ၃၀၀ နီးပါးေပါ့။ နည္းနည္းေတာ့ က်လာပါတယ္။ လိုင္းေပၚမွာေတာ့ ႀကိဳက္ေရာင္းႀကိဳက္ဝယ္ပဲ။ အိမ္စီးကားေတြ အေရာင္း မ်ားလာတယ္” လို႔ ေနာက္ထပ္ ကားဝယ္ေရာင္း လုပ္ကိုင္သူတဦးက ေျပာပါတယ္။
ဒါ့အျပင္ ေ႐ႊလုပ္ကြက္ေတြ ရပ္ဆိုင္းထားတာ၊ လုပ္ငန္းေတြ ပုံမွန္လည္ပတ္မႈမရွိတာေၾကာင့္ လုပ္ငန္းသုံးကားနဲ႔ ကုန္တင္ဝန္ေပါ့ ကားအေရာင္းအဝယ္ေဈးကြက္ ပ်က္ေနတာ အခ်ိန္ ၂ႏွစ္နီးပါးရွိေနၿပီလို႔လည္း သိရပါတယ္။
ဒါေပမယ့္ လုပ္ငန္းသုံးနဲ႔ ကုန္တင္ဝန္ေပါ့ကားေတြက ၿပီးခဲ့တဲ့ ၂ ႏွစ္ကထက္ ၄၀ ရာခိုင္ႏႈန္းအထိ အေရာင္းက်လာေပမယ့္ လက္ရွိမွာ ေဈးတက္လာေနပါတယ္။ ကုန္တင္ဝန္ေပါ့ အမ်ိဳးအစားျဖစ္တဲ့ Hijet ၊ 2008-09 Model ၊ P/Q အကၡရာတန္းကားေတြ သိန္း ၂၅၀ ဝန္းက်င္မွာ အေရာင္းအဝယ္ျဖစ္ေနတယ္လို႔ သိရပါတယ္။
လက္ရွိ ျပည္တြင္းကားေဈးကြက္ အေျခအေနဟာ ကားတင္သြင္း ေရာင္းခ်ခြင့္ပါမစ္ေတြ ရပ္ထားတဲ့အတြက္ ျပည္တြင္းကို ေနာက္ထပ္ကားေတြ ထပ္မဝင္ႏိုင္တာေၾကာင့္ ကားေဟာင္းေဈးကြက္က လြန္ခဲ့တဲ့ ဆယ္ႏွစ္ေက်ာ္ကလိုပဲ ျပန္အားေကာင္းေနလို႔ သိရပါတယ္။
TOYOTA Myanmar ကေရာင္းမယ့္ Double Cab ကားႏွစ္စီးေၾကာင့္ သိန္းတစ္ေထာင္အထက္ ကားေလာကကို အနည္းငယ္လႈပ္ခတ္ခဲ့ေပမယ့္ ျပည္တြင္း ေဒၚလာေငြလဲႏႈန္း ျမင့္တက္ျခင္းနဲ႔ ေ႐ႊေဈးသိသာစြာ က်ဆင္းလာမႈမရွိျခင္း စတဲ့ ျဖစ္ရပ္ေတြေၾကာင့္ ကားေဈးကြက္ဟာ အေရာင္းအဝယ္ ေအးေနေသးတယ္လို႔ သိရပါတယ္။
ေဒၚလာေဈး ျပန္က်လာၿပီး ကားတင္သြင္းခြင့္ပါမစ္ေတြျပန္ရလာရင္ေတာ့ ေခါင္ခိုက္ေနတဲ့ ကားေဈးက ျပန္က်လာမွာျဖစ္သလို SKD ကားေတြ ျပန္ထုတ္လာရင္လည္း ေဈးတန္းတစ္ခုအထိ ျပန္ေရာက္လာႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။
ျပည္တြင္းကားေဈးကြက္ဟာ တိုယိုတာကားေတြ ျမန္မာျပည္တြင္း လာေရာက္ထုတ္လုပ္လာတာနဲ႔အတူ EV လွ်ပ္စစ္ကားသတင္းေတြေၾကာင့္ ေဈးကြက္လႈပ္ခတ္လာတာလည္း ပါဝင္ေနၿပီး EV ကားေတြ အမွန္တကယ္ ျပည္တြင္း ကားေဈးကြက္မွာ ေနရာရလာႏိုင္မႈ ရွိ၊ မရွိ ဆိုတာကိုေတာ့ ျငင္းခုံမႈေတြ ရွိေနဆဲျဖစ္ပါတယ္။
Crd-
#voiceofmyanmar #VOM #ျပည္တြင္းကားေစ်းကြက္
Unicode
တိုယိုတာကားတွေ မြန်မာပြည်တွင်း လာရောက်ထုတ်လုပ်လာတာနဲ့အတူ EV လျှပ်စစ်ကားသတင်းတွေကြောင့် စျေးအတက်အကျ မှန်းဆရခက်နေတဲ့ ပြည်တွင်း ကားဈေးကွက်
လက်ရှိ ပြည်တွင်းကားစျေးကွက်ဟာ ဒေါ်လာဈေးနှုန်း မငြိမ်တာကြောင့်
ကားစျေး အတက်အကျ မှန်းဆရခက်နေပြီး အရောင်းအဝယ်လည်း အေးနေတဲ့ အနေအထားပါ။
အခုနှစ် ဩဂုတ်လကုန်နဲ့ စက်တင်ဘာလဆန်းပိုင်းအတွင်းက ပြင်ပဒေါ်လာဈေးကွက်မှာ တစ်ဒေါ်လာကို ၄၅၀၀ ကျပ်ဝန်းကျင်အထိ မြင့်တက်ခဲ့လို့ အရောင်းအဝယ်သွက်ခဲ့တဲ့ ကားဈေးကွက်ဟာ ရက်ပိုင်းအတွင်း ကားဈေးပြန်ကျလာသလို ဖြစ်နေတယ်လို့ သိရပါတယ်။
တချိန်တည်းမှာပဲ သီလဝါစက်မှုဇုန်အတွင်းက တိုယိုတာ မော်တော်ကားကုမ္ပဏီကလည်း လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ထုတ်လုပ်ထားပြီးသား တိုယိုတာ ဟိုင်းလက်စ်ကားတွေကို စထုတ်တော့မယ်လို့ ကြေညာလိုက်တာကြောင့် သိန်း ၁၀၀၀ အပေါ်ကားဈေး ပြန်ကျလာခဲ့တယ်လို့ သိရပါတယ်။
“အတက်ကြမ်းသွားတဲ့ အချိန်တုန်းကတော့ စီးပွားရေးသမားတွေကလည်း အိမ်မှာစီးတဲ့ကားကို ထုတ်ရောင်းကြတယ်။ တချို့ကျတော့လည်း ငွေမပိုက်ရဲကြဘူး။ ရွှေဝယ်တာတို့ ကားဝယ်တာတို့ ဖြစ်ကြတာ။ အဲဒီတော့ ကားအရောင်းအဝယ် လုပ်တဲ့သူကျတော့ ကားဈေးကွက်ထဲမှာ အကုန်လုံးအောပြီး ရင်းလိုက်တယ်။ ရင်းပြီးတော့ ဒီကားတွေအကုန်လုံး သူတို့လက်ထဲမှာ အရောင်းအဝယ် လုပ်ကြတယ်။
ဒါပေမယ့် လက်ရှိမှာ အကျဘက်ကိုရောက်ပြီး ဈေးတန်းတစ်ခုမှာ ငြိမ်နေတော့ ဝယ်ရောင်းတွေအားလုံးက ပိုက်ဘောတွေ အကုန်မိကုန်ကြတာပဲ။ အဲဒီတော့ မြတ်ထားတဲ့ ကားလေးတွေက ပြန်ပါသွားမှာပဲ”လို့ မော်တော်ကားရောင်းဝယ်ရေးအသင်းဗဟို (ရန်ကုန်) ဥက္ကဋ္ဌ ဦးအောင်သန်းဝင်းက ပြောပါတယ်။
ပြည်တွင်းစက်ရုံမှာ တိုယိုတာက တပ်ဆင်ထုတ်လုပ်နေတဲ့ ဟိုင်းလက်စ်ပစ်ကပ်အမျိုးအစား ကားသစ်တွေဟာ လက်ရှိ ဒေါ်လာပေါက်ဈေးအရ ကျပ် သိန်း ၁၅၀၀ ဝန်းကျင် ရှိပါတယ်။ ဒါ့ကြောင့် ပြည်တွင်းကားဈေးကွက်မှာ ကျပ်သိန်း ၂၀၀၀ နီးပါးအထိ ဈေးမြင့်ခဲ့တဲ့ ဟိုင်းလက်စ်အမျိုးအစားကားတွေရဲ့ ဈေးနှုန်းတွေဟာလည်း တဖြည်းဖြည်း ပြန်လည်ကျဆင်းနေခဲ့တာပါ။
“အရင် SKD ပေးတဲ့အချိန်က ဒေါ်လာနဲ့တွက်ပြီး ဝယ်ရတဲ့အတိုင်းအတာက အဲ့ဒီတုန်းက တစ်ဒေါ်လာ ၁၅၀၀ ပဲရှိတယ်။ အခုက ၃၀၀၀ ဖြစ်နေပြီ။ ၂ ဆပဲလေ။ ဈေးကကျမှာတော့မဟုတ်ဘူး။ ပိုက်ဆံရှိတဲ့သူက အသစ်ပဲစစီးမယ်ဆိုရင်တော့ ဒီလိုအသစ်မျိုး၊ ဒီကားမျိုးပဲ ဝယ်စီးကြမှာပေါ့”လို့ သူက ပြောပါတယ်။
ဒါ့အပြင် လျှပ်စစ်ကား တင်သွင်းရောင်းချခွင့်ပြုတော့မယ့် ဂယက်ကြောင့် ကားဈေးကွက်ဟာ အနည်းငယ် လှုပ်ခတ်မှု ဖြစ်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ ၁၀ ရက်က HOZON Auto ကုမ္ပဏီက လျှပ်စစ်ကားတွေ မြန်မာ့ကားစျေးကွက်အတွင်း ဝင်ရောက်နိုင်ရေး ပြည်တွင်းရှိ Grand Sirius Limited (GSE) ကုမ္ပဏီတဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ပြည်တွင်းကို ပထမဆုံး ဝင်ရောက်လာနိုင်တဲ့ လျှပ်စစ်ကားအဖြစ် ရေပန်းစားလာတာနဲ့အတူ နောက်ထပ် လျှပ်စစ်ကားတွေ ထပ်မံဝင်ရောက်လာနိုင်တဲ့ အလားအလာတွေကြောင့် လျှပ်စစ်ကားကို စိတ်ဝင်စားတဲ့ ပြည်တွင်းက သုံးစွဲသူတွေကလည်း ကားဈေးကွက်ကို စောင့်ကြည့်နေပါတယ်။
“အခုအချိန်မှာ ဒေါ်လာဈေးကလည်း အခြေအနေဘာမှန်းမသိသေးတဲ့အခါကျတော့ ဈေးကွက်က လက်ရှိမှာ ခဏ အရောင်းရပ်နေတဲ့ အနေအထားပါ။ တက်မလား၊ ကျမလား၊ ဘာဆက်ဖြစ်မလဲ ခဏစောင့်ကြည့်နေကြတဲ့ သဘောပါ။ ဒါပေမယ့် လျှပ်စစ်ကား ဆိုတာကလည်း သိပ်ပြီး မျှော်လင့်လို့ မရသေးပါဘူး။ မြန်မာပြည်ရဲ့ လျှပ်စစ်မီး အခြေအနေကလည်း သိတဲ့အတိုင်းပဲ။ ဒီရက်ပိုင်းမှာ ပိုပြီးတော့တောင် ဆိုးလာသေးတယ်။ ခဏခဏ လာလိုက်ပျက်လိုက်ဆိုတော့ ဒါကတော့ လျှပ်စစ်ကား ကိစ္စကတော့ အမှောင်ထဲမှာ စမ်းတဝါးဝါး သွားနေရတဲ့ အနေအထားပါ”လို့ ဝါရင့်ကားရောင်းဝယ်သူတဦးက သုံးသပ်ပါတယ်။
လက်ရှိ အခြေအနေအရ လျှပ်စစ်ကားတွေ ပြည်တွင်းမှာ အသုံးပြုနိုင်မယ့်အရေးဟာ အလှမ်းကွာဝေးလွန်းနေသေးတယ်လို့လည်း ပြောပါတယ်။ ပြည်တွင်း လျှပ်စစ်ရရှိမှု အခြေအနေကလည်း အနှုတ်လက္ခဏာဘက်မှာ ရှိနေတာပါ။ ဒါ့အပြင် လျှပ်စစ်ကားတွေကို အားပြန်သွင်းနိုင်မယ့် အားသွင်းနေရာတွေ အလုံအလောက်ထားရရှိနိုင်မှုနဲ့ လျှပ်စစ်ကားတွေအတွက် အပိုပစ္စည်းတွေ အရန်အသင့် ဝယ်ယူနိုင်မယ့် အခြေအနေ စတဲ့ လိုအပ်ချက်တွေလည်း များစွာ ရှိနေပါသေးတယ်။
ဒါ့ကြောင့် ပြည်တွင်း ဈေးကွက်အတွင်း လျှပ်စစ်ကားတွေ ဘယ်လိုပဲ ရောက်ရှိလာစေကာမှု ကားအသုံးပြုသူတွေ လျှပ်စစ်ကား တွင်ကျယ်စွာ အသုံးပြုနိုင်ရေးဟာ စိတ်ကူးယဉ်လမ်းမှာ စမ်းတဝါးဝါးနဲ့ လျှောက်လှမ်းရမယ့် အခြေအနေဖြစ်နေတယ်လို့လည်း ကားလောက အသိုင်းအဝိုင်းက သုံးသပ်နေကြပါတယ်။
ပြီးခဲ့တဲ့ သုံးလအတွင်း တဟုန်ထိုးတက်သွားတဲ့ ကားဈေးဟာ အခုလမှာတော့ တအိအိနဲ့ ကျရိပ်ပြန်ပြလာနေတာပါ။ လက်ရှိမှာတော့ နယ်အရောင်းဈေးကွက်အေးနေပြီး ရန်ကုန်အရောင်းဈေးကွက် အနည်းငယ် ပြန်ကောင်းလာတယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်ထဲမှာတော့ သိန်း ၃၀၀ ကနေ ၇၀၀ ဝန်းကျင်အထိ ဈေးတန်းရှိနေတဲ့ SKD ကားတွေဟာ လက်ရှိမှာ ဈေးပြန်လည်ကျဆင်းလာခဲ့လို့ သိရပါတယ်။ ကားတစ်စီးကို သိန်း ငါးဆယ်ဝန်းကျင်အထိ ဈေးကျလာပြီး အရောင်းပြန်သွက်လာတယ်လို့ သိရပါတယ်။
ဒါပေမယ့် လက်ရှိမှာ ဒေါ်လာဈေးနှုန်း ပြန်တက်လာတယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း အကျဈေးဖြစ်နေတဲ့ ကားဈေးကွက်ဟာ အတက်ဘက်ကို ပြန်ရောက်လာနိုင်ဖွယ် ရှိတယ်လို့လည်း ကားဝယ်ရောင်းလုပ်ကိုင်သူတွေက သုံးသပ်ထားပါတယ်။
“အခုက နည်းနည်းတော့ ကျတယ်။ အနိမ့်ကားတွေဆိုရင် သိန်း ၂၀ ၊ ၃၀ လောက်အထိ ကျတယ်။ အပေါ်ကား (မော်ဒယ်မြင့်ကား)တွေဆိုရင်တော့ ၅၀ ၊ ၁၀၀ နီးပါး ကျတယ်ပေါ့။ ဟွန်ဒါလိုကားမျိုးဆိုရင် မော်ဒယ်နိမ့် နံပါတ်နိမ့်ဆိုရင် သိန်း ၂၀၀ နည်းနည်းကျော်ဖြစ်သွားတယ်။ မော်ဒယ်မြင့် နံပါတ်နည်းနည်းမြင့်ရင်တော့ ၂၈၀ ၊ ၃၀၀ နီးပါးပေါ့။ နည်းနည်းတော့ ကျလာပါတယ်။ လိုင်းပေါ်မှာတော့ ကြိုက်ရောင်းကြိုက်ဝယ်ပဲ။ အိမ်စီးကားတွေ အရောင်း များလာတယ်” လို့ နောက်ထပ် ကားဝယ်ရောင်း လုပ်ကိုင်သူတဦးက ပြောပါတယ်။
ဒါ့အပြင် ရွှေလုပ်ကွက်တွေ ရပ်ဆိုင်းထားတာ၊ လုပ်ငန်းတွေ ပုံမှန်လည်ပတ်မှုမရှိတာကြောင့် လုပ်ငန်းသုံးကားနဲ့ ကုန်တင်ဝန်ပေါ့ ကားအရောင်းအဝယ်ဈေးကွက် ပျက်နေတာ အချိန် ၂နှစ်နီးပါးရှိနေပြီလို့လည်း သိရပါတယ်။
ဒါပေမယ့် လုပ်ငန်းသုံးနဲ့ ကုန်တင်ဝန်ပေါ့ကားတွေက ပြီးခဲ့တဲ့ ၂ နှစ်ကထက် ၄၀ ရာခိုင်နှုန်းအထိ အရောင်းကျလာပေမယ့် လက်ရှိမှာ ဈေးတက်လာနေပါတယ်။ ကုန်တင်ဝန်ပေါ့ အမျိုးအစားဖြစ်တဲ့ Hijet ၊ 2008-09 Model ၊ P/Q အက္ခရာတန်းကားတွေ သိန်း ၂၅၀ ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။
လက်ရှိ ပြည်တွင်းကားဈေးကွက် အခြေအနေဟာ ကားတင်သွင်း ရောင်းချခွင့်ပါမစ်တွေ ရပ်ထားတဲ့အတွက် ပြည်တွင်းကို နောက်ထပ်ကားတွေ ထပ်မဝင်နိုင်တာကြောင့် ကားဟောင်းဈေးကွက်က လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကလိုပဲ ပြန်အားကောင်းနေလို့ သိရပါတယ်။
TOYOTA Myanmar ကရောင်းမယ့် Double Cab ကားနှစ်စီးကြောင့် သိန်းတစ်ထောင်အထက် ကားလောကကို အနည်းငယ်လှုပ်ခတ်ခဲ့ပေမယ့် ပြည်တွင်း ဒေါ်လာငွေလဲနှုန်း မြင့်တက်ခြင်းနဲ့ ရွှေဈေးသိသာစွာ ကျဆင်းလာမှုမရှိခြင်း စတဲ့ ဖြစ်ရပ်တွေကြောင့် ကားဈေးကွက်ဟာ အရောင်းအဝယ် အေးနေသေးတယ်လို့ သိရပါတယ်။
ဒေါ်လာဈေး ပြန်ကျလာပြီး ကားတင်သွင်းခွင့်ပါမစ်တွေပြန်ရလာရင်တော့ ခေါင်ခိုက်နေတဲ့ ကားဈေးက ပြန်ကျလာမှာဖြစ်သလို SKD ကားတွေ ပြန်ထုတ်လာရင်လည်း ဈေးတန်းတစ်ခုအထိ ပြန်ရောက်လာနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
ပြည်တွင်းကားဈေးကွက်ဟာ တိုယိုတာကားတွေ မြန်မာပြည်တွင်း လာရောက်ထုတ်လုပ်လာတာနဲ့အတူ EV လျှပ်စစ်ကားသတင်းတွေကြောင့် ဈေးကွက်လှုပ်ခတ်လာတာလည်း ပါဝင်နေပြီး EV ကားတွေ အမှန်တကယ် ပြည်တွင်း ကားဈေးကွက်မှာ နေရာရလာနိုင်မှု ရှိ၊ မရှိ ဆိုတာကိုတော့ ငြင်းခုံမှုတွေ ရှိနေဆဲဖြစ်ပါတယ်။
Crd-
#voiceofmyanmar #VOM #ပြည်တွင်းကားစျေးကွက်
Crd